Monday, September 17, 2012

ပျူမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး မဝင်ရေး ၂၀၁၄ ဆုံးဖြတ် မည်

Posted by drmyochit Monday, September 17, 2012, under | No comments




From : The Voice


မြန်မာ့ အမျိုးသား ယဉ်ကျေးမှု အမွေ အနှစ်များ ဖြစ် သည့် ပျူ မြို့ ဟောင်းများ ကို ၂၀၁၄ ဇွန်၊ ဇူလိုင်လတွင် UNESCO မှဦးစီး ကျင်းပမည့် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်း အဝေးတွင် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း စက်တင်ဘာ ၁၅ ရက် နေ့တွင် ကျင်းပသော ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းရေး အတွက် ကြီးကြပ် ညှိုနှိုင်းရေး အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပျူမြို့ဟောင်းများဖြစ်သည့် ဗိဿနိုး ၊ ဟန်လင်း၊ သရေခေတ္တရာ တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းနိုင်ရန် ရေးသားထားသော မူကြမ်းကို ညှိုနှိုင်း စီစစ် အတည် ပြုနိုင် ရန်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ဦးစီးသော ပြည် တွင်း၊ ပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များက လိုအပ် သည် များကို ပြင်ဆင်တည်းဖြတ်၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြောင်းပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ထပ်လောင်း ပြောကြားသည်။

ဒုတိယ အဆင့်အနေဖြင့် ပြင်ဆင် တည်းဖြတ်ပြီးသော မူကြမ်း အပြည့်အစုံ ကို ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်းရေးဌာနသို့ ၂၀၁၃ ဖေဖော်ဝါ ရီ ၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ ရမည် ဖြစ်ပြီး ၂၀၁၃နှင့် ၂၀၁၄ အကြား UNESCO ပညာရှင်များမှ လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း ၊ နောက်ဆုံး အဆင့် အနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်းအဝေးတွင် ၄င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော ပျူမြို့ဟောင်း များကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းသို့ အတည်ပြု နိုင်ရန် ကြိုးပမ်းရခြင်းမှာ ဧရာဝတီ မြစ်ဝှမ်း တစ်လျှောက် မြောက်မှတောင် ဒေသများ စည်ပင်ဖွံ့ဖြိုး တိုးတတ်ရေးကို ရည်ညွှန်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပညာရှင် တစ် ဦးဖြစ်သည့် ဦးစန်းဝင်းက ပြောကြားသည်။ အဆိုပါ ပျူမြို့ဟောင်း များကို ၂၀၁၀ ခုနှစ်မှ စတင်၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် UNESCO သို့ စာရင်း တင်သွင်းသော်လည်း ၂၀၁၁ ခုနှစ်တွင် ၄င်းအဖွဲ့အစည်း မှ ပညာရှင်များ လာရောက်စစ်ဆေးပြီး ဖြည့်ဆည်း ပြင်ဆင်ရန် လိုအပ်ေ ကြာင်း အကြံပေး ယခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိုနှိုင်း ဆောင်ရွက် ခဲ့ပြီး ၂၀၁၄ အတွင်း အတည် ပြုနိုင်ရန် အကောင်အထည်ဖော် ကြိုးပမ်းလျှက် ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်