Monday, September 17, 2012

ကေအိုင်အေကို "ဝ" စစ်တပ် ထိုးစစ်ဆင်မည်

Posted by drmyochit Monday, September 17, 2012, under | No comments


 
သမ္မတ အမိန့်အောက်မှာစစ်တပ်အနေနဲ့ကလည်း သမ္မတ အမိန့်နဲ့ သာ ရှေ့မတိုးပဲ ထိုးစစ်အရှိန်ရပ်လိုက် ရတာကို ခံပြင်း နေခဲ့တာကြာ ပါပြီ..။အောင်ပွဲဆက်တိုက်ရလာပြီးမှာ ရန်သူဌာနချုပ်အားသိမ်းခါနီး အချိန်လေးကို နိုင်ငံတော်အမိန့်နဲ့ ထိုးစစ် ရပ်ပြီး ခံစစ်ပြောင်းလိုက်ရတာ ကမ္ဘာ့စစ်သမိုင်းမှာ မြန်မာ တနိုင်ငံပဲရှိတာကို တွေ့ရပါ့ မယ်..။
အဲဒီအတွက် ရှေ့မတတ်ရပဲ ကေအိုင်အေ လုပ်သမျှ အသေခံနေရတဲ့ စစ်တပ်အနေနဲ့ ကေအိုင်အေကို တိုက်ချင်ပေမယ့် သမ္မတကြီး ကို လေးစားသောအားဖြင့် နိုင်ငံတော်အမိန့်ကိုလိုက်နာခြင်းနဲ့ စစ်တပ်မှာလည်း မုဆိုးမတွေများလာတော့ တယ်..။ အခုတော့ ကေအိုင်အေကို စစ်တပ်ကတိုက်စရာမလိုပဲ ကိုးကန့်နဲ့ "ဝ" တပ်ဖွဲ့တွေက တိုက်ပါတော့မယ်..။

ကေအိုင်အေ ဗုံးခွဲလိုက်တဲ့ဝေအောင်ကုမ္ပဏီပိုင်ရှင်က“၀”တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ တာဝေ၊ သူ့ရဲ့ရှမ်းနာမည်က စိုင်းလျှံ၊ ရန်ကုန်မှာလဲနေတယ်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ တရုတ်မှာလဲနေတယ်၊ ကုမ္ပဏီ ကကိုးကန့် အဖွဲ့နဲ့ “၀”တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပေါင်းပြီး ထောင်ထားတာ၊ တာချီလိတ်မှာ ရုံးရှိတယ်။ တာဝေက နာမည်ခံ ထားတယ်။ ဝေအောင်ကုမ္ပဏီအတွက် အကြီးမားဆုံးဝန်ထုပ်ဝန်ပိုးက KIA ။ ဒီအဖွဲ့က ဖားကန့်မှာ အကြီးစားဓါးပြဂိုဏ်းပဲ၊ KIA ရှိတဲ့ဒေသမှာ စီးပွားရေးလုပ်မယ်ဆိုရင် ဆက်ကြေး ၄ မျိုးရှိပါတယ်။ KIA လူကြီးတွေအတွက် သီးခြားပို့ရတဲ့ ဆက်ကြေး၊ အနီးဆုံး KIA တပ်မဟာက သက်မှတ်ထားတဲ့ဆက်ကြေး၊ အနီးဆုံး KIAတပ်ရင်းက သတ်မှတ်ထားတဲ့ဆက်ကြေး၊ နောက်ဆုံးတစ်ခုက KIA လက်အောက်အရာရှိနဲ့ ရဲဘော်အဆင့်အထိ ယာဘဆေးပြားဖိုး၊ အရက်ဖိုး၊ ကုန်ကုန်ပြောရရင် မိန်းမလိုက်စားဖို့အတွက် လိုတဲ့ငွေကအစ ပေးရတဲ့ဆက်ကြေး။ ဒါတွေအားလုံးကို ဝေအောင်ကုမ္ပဏီပိုင်ရှင် ကိုးကန့်နဲ့ “၀”ခေါင်းဆောင် ပိုင်းက တစ်ရက်နောက်မကျစေဘဲ ပေးခိုင်းတယ်။ ဒီလိုပေးနေတာတောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ KIA ရဲ့ လုပ်ရပ်ကတော့ ဝနဲ့ကိုးကန့်လူကြီးတွေကို အတော်ပဲ နာကျည်းစေခဲ့ရတယ်။အဲဒီနေ့ KIA ၁၀ ယောက်ကျော် ကား ၂ စီးနဲ့ KIA တပ်ရင်း ၆ ရှိတဲ့ ကံဆီး ဘက်ကနေ ကျုပ်တို့ကုမ္ပဏီဝန်းထဲကို ၀င်လာတယ်။ ကုမ္ပဏီဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ မဲမဲမြင်သမျှ ပစ်သတ်တယ်။ အဲ့ဒီနောက် ကုမ္ပဏီပိုင်ယာဉ်တွေ၊ စက်သုံးဆီပေပါတွေ၊ စက်သုံးဆီသိုလှောင်ကန်တွေ နဲ့ ကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ယမ်းတိုက်တွေမှာ မိုင်းတွေ ကိုထောင်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။ သိပ်မကြာခင် KIA က ထောင်ထားခဲ့တဲ့မိုင်းတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ်။ တစ်ဆက်တည်း ဆီလှောင်ကန်တွေ၊ ယမ်းတိုက်တွေပါ ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားတဲ့ ပေါက်ကွဲမှုကြီးဖြစ်ပေါ် ခဲ့တယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝန်းအတွင်းမှာရှိတဲ့ ဘက်ဟိုးယာဉ် ၆၅ စီး၊ မြေသယ်ယာဉ် ၈၄ စီး၊ ကျောက်ဖောက်စက်တပ်ထားတဲ့ ယာဉ် ၅ စီး၊ လုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ ဂါလံ ၆၀၀၀ ဆံ့ စက်သုံးဆီ သိုလှောင်ကန် ၇၀ ပျက်စီးဆုံးရှုံးခဲ့တယ်။ အဲဒီညမှာပဲ နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ် တဲ့ ရွှေဂေါင်ဂေါင် ကုမ္ပဏီကိုလဲ အလားတူ ဖောက်ခွဲမှုကြီးတွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ဝေအောင်ကမ္ဘာဟာ ကိုးကန့်နဲ့ “၀”အဖွဲ့ရဲ့ပိုင်ဆိုင်မှုမှန်း KIA တွေသိတယ်၊ သိရက်နဲ့ လုပ်တဲ့ လုပ်ရပ်ဖြစ်တယ့်အတွက် ဒါနဲ့ပတ်သက်ပြီး အမည်ဖော်ပြဖို့ငြင်းဆန်တဲ့ “၀” ခေါင်းဆောင်တစ်ဦး ကတော့ KIA ရဲ့လုပ်ရပ်အပေါ် ဒီလိုပြောပါတယ် “ကျုပ်တို့ချင်း နားလည်မှုယူထားတာ ဘယ်မှာ သွားထားမလဲ၊ ဒီ KIA ဟာ ငွေလဲယူတယ်၊ ကုမ္ပဏီကိုလဲဖျက်ဆီးတယ်၊ အစာစားပြီးတော့ စားတဲ့ပန်းကန်ကို သေးပန်း တဲ့ကောင်နဲ့ တူတယ်။ ဒါဟာ ကျုပ်တို့ကို သက်သက်ရန်စတာ၊ ဝေကုမ္ပဏီကို တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့နဲ့ “၀”အဖွဲ့ကို တိုက်ခိုက်တာပဲ။ KIA တွေ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ”လို့ နာကျည်းစွာ ဆိုပါတယ်။ “၀”နဲ့ ကိုးကန့် ခေါင်း ဆောင်ပိုင်းတွေက ဆုံးရှုံးမှုတန်ဘိုး ယွမ် သန်းရာချီရှိတယ်လို့ပြောတယ်။တကယ်ဆို ကျုပ်တို့ရဲ့ကျေးဇူးတွေ KIA အပေါ်မှာ အများကြီးရှိတယ်။ ဥပမာ လက်နက်၊ ခဲယမ်းတွေ ကျုပ်တို့အဖွဲ့တွေက အများကြီးထောက်ပံ့ထားတယ်။ KIA က လက်ငင်းငွေချေတာလဲရှိတယ်၊ အကြွေးနဲ့ဝယ်တာလဲရှိတယ်။ကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားတဲ့ ကိုးကန့်ခေါင်းဆောင် ပိုင်းတစ်ဦးကတော့ “ဒီလုပ်ရပ်အတွက် KIA ဟာ အရင်းရော အတိုးပါ ပြန်ပေးဆပ်ရမယ်၊ မသိလို့ လုပ်မိတယ်ဆိုတာက ခွင့်လွှတ်နိုင်ပေမယ့် သိသိနဲ့လုပ်တာကတော့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူး၊ ရာသီအလိုက် အရောင်ပြောင်းတတ် တဲ့ မြွေလိုဆိုရင်တော့ ရန်သူပေါလိမ့်မယ်၊ သူတို့သတ်လို့ သေဆုံးသွားတဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့ မိသားစုတွေအတွက် ဘယ်လိုတာဝန်ယူမလဲ။ KIA မှာ အုပ်ချုပ်မှုစနစ် မရှိဘူးလား၊ ခေါင်းဆောင်တွေ ဘာလုပ်နေလဲ၊ လက်အောက် ငယ်သားတွေမသိလို့ပါလို့ ဆင်ခြေပေးရင် သိအောင် မအုပ်ချုပ်နိုင်တဲ့ KIA ခေါင်းဆောင်တွေ ဦးနှောက်မရှိဘဲ ဘယ်လိုလူကြီးလုပ်နေလဲ” လို့ ပြောပါတယ်။ပြီးတော့ ဒီလို ဆက်ပြောတယ် " ဒီလုပ်ရပ်အတွက် KIA ဆီက တိကျရှင်းလင်း တဲ့ တောင်းပန်မှု၊ ဖြေရှင်းမှုကိုကိုးကန့်နဲ့"ဝ"ဒေသထိပ်သီးပိုင်းဆိုင်ရာခေါင်းဆောင်လူကြီးတွေ တောင်းဆို ထားတယ်လို့ သိရတယ်။ ဒါပေမယ့် KIA ရဲ့ဘယ်လိုဖြေရှင်းမှုကမှ ကျုပ်တို့အတွက် ကျေနပ်စရာရှိလိမ့်မယ် မဟုတ်ဘူး။ ကျုပ်တို့အဖွဲ့တွေ သေဆုံး၊ ပျက်စီး၊ ဆုံးရှုံးခဲ့ရတာတွေအတွက်တော့ တန်ရာတန်ကြေး ပြန်ရဖို့ လိုမယ်၊ ကျုပ်မျက် စေ့ရှေ့မှာတင် သေဆုံးရတဲ့ လက်အောက်ဝန်ထမ်းတွေအတွက် ကျုပ်တို့လူကြီးတွေ ကို တောင်းဆိုချင်တာက KIA ကို ထိထိရောက်ရောက် လက်စားချေဖို့ပါပဲ။ လက်အောက်ငယ် သားတွေအတွက် ဘာအကာအကွယ်မှမပေးနိုင်ရင် ဘာမှလည်းမခိုင်းနဲ့တော့။ KIA ကို မေးချင်တာက ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ခင်ဗျားတို့ချင်းကိစ္စမှာ ကျုပ်တို့ကိုးကန့်နဲ့ “၀”တပ်ဖွဲ့ကို ဆွဲထည့်တာလား၊ ဒါမှမဟုတ် ဖားကန့်ဒေသရဲ့ စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ဖို့ အကြံလား။ မြေခွေးလိုကောက်ကျစ်တဲ့ ခင်ဗျားတို့ KIA အဖွဲ့ကို စစ်ရေးနည်းနဲ့ တုန့်ပြန်ခြင်းကသာ အထိရောက်ဆုံးဖြစ်မယ်..အခု ကျုပ်တို့ခေါင်းဆောင်တွေ ဆွေးနွေးနေပြီ.။မကြာခင်မှာ ခင်ဗျားတို့ ကေအိုင်အေကို ကျုပ်တို့သိမ်းမယ်..။ တစ်ခုရှိတာက ကျုပ်တို့သိမ်းမှာက ကေအိုင်အေနဲ့ကေအိုင်အိုကိုပဲဖြစ်တယ်..။ကချင် တိုင်းရင်းသားတွေ ကိုသိမ်းမှာ မဟုတ်ဘူး ..ကေအိုင်အေစစ်တပ်နဲ့ကေအိုင်အိုထိပ်သီးတွေကို ကျုပ်တို့လက် အောက်ကသေ ဆုံးသွား တဲ့ အဖွဲ့ဝင် တွေအတွက်.ကျုပ်တို့ရဲ့စီးပွါးရေးကို ဒုတ်နဲ့ထိုးတဲ့အတွက်..စီးပွါးဖက်ချင်း ပုခုံးချင်းတိုက် ရိုက်ချတဲ့အတွက် ကလဲ့စားချေ တာပဲဖြစ်တယ်..ကေအိုင်အေ ကိုသိမ်းပြီးရင်တော့ စစ်တပ်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို လွှဲပေးမြှာ ဖစ်ပါတယ်..။ကျွန်တော်တို့က ကချင်ပြည်နယ်ကို သိမ်းမှာ မဟုတ်ပါဘူး..ကေအိုင်အိုနဲ့ကေအိုင်အေ ယူနီဖေါင်းဝတ်ထားတဲ့ မိစ္ဆာကောင်တွေကိုပဲ တိုက်မှာဖြစ်ပါတယ်...။လို့ "ဝ"ဒေသ စစ်ရေးခေါင်းဆောင်တစ်ဦးက သံချပ်ကာကားတံခါးကို တဗုန်းဗုန်းပုတ်ရင်းပြောကြားပါတယ်..။

(မောင်ကျောက်ခဲ အဖွဲ့)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်