Monday, September 17, 2012

နိုင်ငံတကာလေကြောင်းလိုင်းရှစ်ခု မြန်မာနိုင်ငံသို့ တိုးချဲ့ပျံသန်းမည်

Posted by drmyochit Monday, September 17, 2012, under | No comments




From : 7 Days News

လာမည့် ပွင့်လင်းရာသီမှ စတင်၍ နှစ်မကုန်မီ ကာလအတွင်း နိုင်ငံတကာ လေကြောင်းလိုင်း ၈ ခု မြန်မာနိုင်ငံသို့ တိုး ချဲ့ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ သိရသည်။
တိုးချဲ့ပျံသန်းမည့် လေကြောင်းလိုင်းများမှာ Korean Air, Qatar Airways, Eva Air, All Nippon Airlines, Singapore Airlines, Hongkong Dragon, Condor Airlines, Trans Asia Airways လေကြောင်းလိုင်းများဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ ဒိုဟာ၊ စင်ကာပူ၊ ဟောင်ကောင် စသည့်နိုင်ငံများသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေပြု ပျံသန်းမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျံသန်းနေသည့် လေကြောင်းလိုင်း ၁၄ ခုရှိပြီး ယခုထပ်မံ တိုးချဲ့မည့် လေ ကြောင်းလိုင်း ၈ ခုနှင့် အပါအ၀င် ပြည်ပလေကြောင်းလိုင်း စုစုပေါင်း ၂၂ ခုထိ ရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပျံသန်းဆင်းသက်နိုင်မည့် နိုင်ငံတကာလေဆိပ် ၃ ခုရှိရာ ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းသို့ ခရီးသည် ၀င်ရောက်မှုနှုန်းသည် ၂၀၁၁ ခုနှစ်နှင့် ယှဉ်လျှင်ပင် ပိုမို များပြားနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်