Monday, September 17, 2012

Posted by drmyochit Monday, September 17, 2012, under | No comments


သို့ /
၇ ရက်သတင်းဂျာနယ်တွင် အမြန်ပါရှိရေးတောင်းဆိုချက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ပြုလုပ်မည့် ဆန္ဒပြပွဲတွင်ကြွေးကျော်မည့် (စစ်ပွဲတွေရပ်ခိုင်းတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် KIA နှင့် တပ်မတော်ကြား ဖြစ်နေတဲ့စစ်ပွဲအကြောင်း ဘာတွေသိလို့ ဘယ်လောက်ထိသိလို့ စစ်ပွဲရပ်/ ထိုးစစ်ရပ်လို့ အော်ကြမှာတုန်း / ဆန္ဒပြကြမှာတုန်း ကချင်ပြည်နယ်နေ ဒေသခံဖြစ်တဲ့ ရှမ်း/ မြန်မာလူမျိုးအနေနဲ့ ခံစားရတဲ့ ဒေသခံတွေရဲ့ကိုယ်စား များများကြီးမရေးမပြောချင်ဘူး။ ဆန္ဒပြကြပါ ကြွေးကြော်ကြပါ။ ထိုးစစ်တွေရပ်လို့ အော်ရင်လည်းအော်ကြပါ။ ဒါပေမယ့် ပြည့်စုံအောင်တော့ အော်ကြဗျာ။ ပြည်မထဲကစစ်အကြောင်းမသိတဲ့ မြန်မာတွေ ကချင်နယ်မှာရောက်နေတဲ့ ရှမ်း/ မြန်မာ စီးပွါးရေးသမားတွေကို ကိုယ်ချင်းစာရင်ပေါ့။ ဆန္ဒပြတဲ့နေရာမှာ ဒီလိုအော်ပေးပါ ( စစ်ပွဲတွေ ရပ် ရပ်.၊ ထိုးစစ်တွေ ရပ် ရပ်။ ) ( တပ်မတော်လည်း ထိုးစစ်ရပ်၊ KIA / KIO လည်း ချောင်းပြစ် မိုင်းထောင် လမ်းတံတား ဖျက်ဆီးတာတွေရပ် ) ( ရပ် ရပ် တပ်မတော်လည်း ထိုးစစ်ရပ်၊ KIA / KIO လည်းသင်္ကါမကင်းလို့ လူသတ်တာတွေရပ်၊ ဆက်ကြေးကောက် အနိုင်ကျင့် ခြိမ်းခြောက်တာတွေရပ်။) လို့ အော်ပေးကြပါ။  (((ကချင်ပြည်နယ် ဒေသခံများကိုယ်စား ဒေသခံတစ်ဦး ))) 7Daynews ဂျာနယ်သည် အမှန်တစ်ကယ် ပြည်သူများပေးပို့မှန်သမျှကို တိကျစွာဖော်ပြနေသည်ကို သက်ဝင်ယုံကြည်သဖြင့် ပေးပို့ရခြင်းဖြစ်ပါတယ်။ ((( မိုးကောင်းသား ၊ ကချင်ပြည်နယ် )))

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်