Monday, September 17, 2012

စတုတ္ထမဏ္ဍိုင် Eleven ရဲ့ ပွင့်လင်းမြင်သာရှိမှု တစ်ခု အကြောင်း

Posted by drmyochit Monday, September 17, 2012, under | No comments


ယခုတစ်လော သတင်းကြီးနေတဲ့ KIA နဲ့ စစ်တပ်တို့ရဲ့ ဖားကန့်တိုက်ပွဲ အကြောင်းဟာဆိုရင် Online စာမျက်နှာတွေပေါ်မှာ တော် တော်လေး ပျံ့နှံ့သတင်းကြီးနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီလို ဖြစ်စဉ်တွေကို လေ့လာ ဖတ်ရှုရင်းနဲ့ ဘယ်သတင်း ဘယ်အ မှန်ဆိုတာ ဝေခွဲ မရခဲ့ပါဘူး။ ဒီလို ဖတ်ရင်းနဲ့ အမြဲ ကြည့်ရှုနေကြ ဖြစ်တဲ့ The Voice ၊ Eleven၊ Popular ၊ မြဝတီတို့ကို ဖတ်ခဲ့ ရပါတယ်။ အဲဒီမှာ တွေ့ရတဲ့ ဖြစ်စဉ် သတင်းတွေထက် အောက်မှာ ရေးသားနေကြတဲ့ comments တွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ မြဝတီကိုတော့ တပ်မတော်ပိုင်မို့ KIA ကို အပုပ်ချတယ်ဆိုပြီး KIA လို့ ယူဆရတဲ့ လူတွေက comments တွေ ရေးနေတာကို တွေ့ရပါတယ်။ တစ်ခါ Eleven ကို ဝင်ကြည့်ပြန်တော့ စစ်တပ်က ပစ်တယ် ခတ်တယ် ဖြစ်ပြန်ရော။ အဲဒီမှာတင် စစ်တပ်လိုလားသူ အချို့တွေက ဒီလို မတင်သင့်တဲ့ အကြောင်း၊ အစိုးရကို မကောင်းပြောလွန်းကြောင်း၊ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် လုပ်နေ ကြောင်းတွေ ရေးသားထားတာကို တွေ့ရှိခဲ့ရပါတယ်။ 

အဲဒီမှာ ထူးခြားတာက မြဝတီဟာဆိုရင် ရေးသားသမျှ comments တွေကို ဖျက်တာတွေ မပြုလုပ်ပဲ၊ ဝေဖန်သမျှတွေကို လွတ်လပ်စွာ ရေးသားခွင့်တွေ ပြုနေခဲ့တာကို တွေ့ခဲ့ရတာပါ။ ဒီအချိန်မှာပဲ စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်တဲ့၊ ပြည်သူတွေ အလေးထားဖတ်နေတဲ့ Eleven ကတော့ ပြည်သူနဲ့စစ်တပ်ကို သွေးမခွဲသင့်ဘူး၊ ကြည့်သူတွေရဲ့ မတူညီတဲ့ အမြင်တွေကို အလေးမထားပဲ comments တွေကို ဖျက်နေတာ တွေ့ရှိခဲ့ရပါတယ်။  

အောက်ဖော်ပြပါ ပုံတွေဟာဆိုရင် comments တွေ မဖျက်ခင် မြင်တွေ့ခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ 









အောက်ဖော်ပြပါ ပုံတွေဟာဆိုရင် comments တွေ ဖျက်ပြီးချိန် မြင်တွေ့ခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ 








  ပေးပို့ - ကိုမြမင်းမောင် (စင်္ကာပူ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်