အသက်
၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန် ဆာအဖြစ်စေ
ခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
From
: သာနောင်
ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သော NLD ပါတီအနေဖြင့် လွှတ်တော်တွင်းရောက်ရှိပါက အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ
စိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်းက အခြေခံဥပဒေမှာ တပ်မတော်ရဲ့ ပါဝင်ပတ် သက်မှုတွေကို
ချောချောမွေ့မွေ့ပြင်ဆင်နိုင်အောင် ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ဘက်က ဒီလွှတ်တော်သက်တမ်းအတွင်းမှာ
ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ၂၀၁၅ ရွေးကောက် ပွဲမှာ အောင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
နောက်တစ်ချက်ကဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက် ဒီဖွဲ့စည်း ပုံက ဘယ်အချက်အလက်တွေက ဘောင်ဝင်မယ်ဆိုတာ
ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပြောသည်။
From
: hot news
ဆန်ဒီ (Sandy)
အမည်ရှိ အပူပိုင်းဟာရီကိန်းမုန်တိုင်းသည် အောက်တိုဘာ ၂၉ ရက်က နယူးယောက်မြို့မှ မိုင်
၄၀၀ ခန့် အကွာ၊ ကိတ်ဟက်တာရက်စ်မြို့ မှ အရှေ့တောင်ဘက်မိုင် ၂၆၀ အကွာပင်လယ်ပြင်ကို ဗဟိုပြုလျက်
တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့် အမေရိကန်ပြည်ထောင်စုသို့ဦးတည် ရွေ့လျားလျက်ရှိပြီး
အမေရိကန် အရှေ့ပိုင်းကမ်းခြေဒေသများကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့်
ဝင်ရောက်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
Posted by drmyochit
Wednesday, October 31, 2012, under
ပေးစာ |
1 comment
From
:ဦးယဉ်ကျေး
ကရင်ပြည်နယ်
ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်လိုက်သော စည်းကမ်းချက် အပေါ် ကြိတ်မနိုင်ခဲမရ အနာပေါ်
ဒုတ်ကျပြီး ဆတ်ဆတ်ခါလျှက် အဆင့်တန်းမြင့်မားစွာ မီဒီယာပေါ်မှ တိုက်ခိုက် လိုက်တဲ့ စကား
လုံးက ဘာတဲ့ ..ကမ္ဘာ့သမိုင်းမှာဘယ်တုန်းကမှ မရှိခဲ့ဖူးမကြားခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာအကြမ်းဖက်
ဆိုပါ လားဗျာ၊ ဘယ်လို ပညာရေးသင်ကြားပြီး ဘယ်လို အသိဥာဏ်နဲ့ လူလုပ်နေတာလဲလို့တောင် အံ့သြစွာ
မေးရမ လိုဖြစ် နေပါပြီ ။ တကမ္ဘာလုံးက ဒင်းတို့ကို အကြမ်းဖက်ဘာသာဝင်လို့ ယိုးစွတ်နေကြတာကိုမှ
ပြုပြင်ပြီး နောင်တ တရားထားဖို့ မကြိုးစား ၊ ဝုန်းကနဲဆို လှည့်မကြည့်နဲ့ ဦးပေါင်းဖြူနဲ့
မုတ်ဆိတ်ဖွား ၊ လိမ်မလားဟေ့ မောင်တို့ရေ၊ ညာမလားဟေ့ မောင်တို့ရေ ဝေလေလေနဲ့ ညာသံပေး
သံချပ်တိုက်ပြီး သာယာ နေလိုက်ကြတာ တကမ္ဘာလုံးနဲ့ တို့ ပွကြီး ၊ ပြောတဲ့ ဆန်ကျင့်တဲ့သူကိုကြတော့၊
ဘာသာရေး နှိပ်ကွပ်တယ်၊ လူမျိုးရေးနှိမ့်ချတယ် ၊ လူ့အခွင့်အရေးချိုးဖေါက်တယ်လို့ ဒင်းတို့ကပဲ
လူပြန်ဟစ်ပြီး လူများ ပြီး အယား မပြေတဲ့ ပွကြီးတို့ တင်ဆက်ပုံလေးကတော့ လျှော့တွက်လို့တော့
မရဘူး။
ယနေ့ည
၇ နာရီဝန်းကျင်က ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်းပသည့်
ဆီမီးမျှော ပွဲသို့ မြို့ခံများနှင့် တက္ကသိုလ်ကျောင်းသားများ လာရောက်ကြစဉ် တက္ကသိုလ်ဘက်
ထွက်သည့် သစ်သား တံတားကျိုး ကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း ပုသိမ်မြို့ခံတဦးက
ပြောသည်။ သီတင်းကျွတ်လပြည့် နေ့ဖြစ်၍ ဆီမီးမျှောပွဲလာရောက်သည့်
လူပရိသတ် စည်ကားချိန်ဖြစ်၍ ရုတ်ရုတ်သဲ သဲသာ ဖြစ်ခဲ့သည်ဟု လည်း၎င်း ကပြောသည်။ လူပရိတ်သတ်
များပြားစွာ ကျော်ဖြတ်ချိန်တွင် အသံမြည် ကာ အိကျ သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း မျက်မြင် သက်သေများက
ပြောသည်။
From
: ခေတ်လူငယ်
ကမ္ဘာ့အကြီးဆုံး
ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် မကြာမီကာလအတွင်း ၄င်းတို့အတွက် ဖွင့်လှစ်ပေးမည့် ကမ္ဘာ့အကြီးဆုံး
ဒုက္ခသည်တက္ကသိုလ်၌ အဆင့်မြင့်ပညာများ သင်ယူ ဆည်းပူးနိုင်တော့ မည်ဖြစ်ကြောင်း အောက်တိုဘာ
၂၈ ရက် သတင်းများတွင် ဖော်ပြထားသည်။ ကင်ညာနိုင်ငံ ဒါဒက်ဘ် ဒုက္ခသည် စခန်းအနီး၌ ကင်ညာတာတက္ကသိုလ်
(ကေယူ) က တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးခဲ့ရာ ဒါဒက်ဘ် ဒုက္ခသည် စခန်းမှ ဒုက္ခသည်များသာမက
ဒေသခံ ကင်ညာနိုင်ငံသားများပါ အဆင့်မြင့်ပညာများ သင်ကြားခွင့် ရတော့မည်ဖြစ်သည်။ ဒါဒက်ဘ်ဒုက္ခသည်စခန်း၌
စစ်ပွဲများနှင့် အငတ်ဘေးကြောင့် ခိုလှုံနေကြ ရသော ဒုက္ခသည်ပေါင်း ၅၀၀၀၀၀ ကျော်ရှိသည်။
ဒုက္ခသည်များ ပညာဆည်းပူးနိုင်မည့် တက္ကသိုလ် တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်းသည် အာဖရိကတိုက်၌
ပေါ်ပေါက်နေသော ရေရှည် စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် လက်တွေ့ကျသည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း
ပညာရေးဆိုင်ရာ ကျွမ်းကျင် သူများက သုံးသပ်ခဲ့သည်။ ကင်ညာတာတက္ကသိုလ် ဒါဒက်ဘ်နယ်မြေကို
တည်ထောင်နိုင်ရေး အတွက် ကနေဒါ ကင်ညာ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးတွဲအဖွဲ့အစည်းဖြစ်သည့်
ဒုက္ခသည်စခန်းများအတွက် နယ်စည်းမဲ့ အဆင့်မြင့် ပညာရေးအဖွဲ့ (ဘီအိတ်ခ်ျအီးအာရ်) သည် အခြားနိုင်ငံတကာ
အဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရသည်။
From
: Myanmar Express
ဗုဒ္ဓသာသာသို့ကူးပြောင်းရန်
အစီအစဉ်ရှိကြောင်း ထွက်ပေါ်နေသော သတင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သံရုံးဝန်ထမ်းများကို ပြောဆိုလိုက်သည်။
သူနှင့် ဇနီးဖြစ်သူတို့နှစ်ဦးစလုံး လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာသို့
တရားဝင်ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း သတင်းထွက်ပေါ်ပြီး ရက်သတ္တအနည်းငယ်အကြာ ထိုသို့
ထုတ်ဖော်ပြောဆိုကြောင်း သံရုံး၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။
“တစ်ချိန်တည်းမှာပဲ
ကျွန်တော့ ဇနီးက ဗုဒ္ဓဘာသာကို အရမ်းကို စိတ်ဝင်စားမှုရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
ဗုဒ္ဓဘာသာကို အချိန်အများကြီးပေးပြီး လေ့လာပါတယ်”ဟု ဒဲရစ်မစ်ချယ်က ပြောဆိုခဲ့သည်။
ခရိုင်ရုံးတောင်ကုန်းတ၀ိုက်
အသားမီးလောင်ညှော်နံ့က ပျံ့နှံ့နေတယ်။ တိတ်ဆိတ်တဲ့ညမှာ ကြောက်မက် ဖွယ်၊ သွေးပျက်ဖွယ်အသံတွေနဲ့
ညနေ(၆)နာရီနောက်ပိုင်း စစ်ကြောရေး စလိုက်တာပါ။
ကျောင်းသားတွေအသတ်ခံရတဲ့ ဇာတ်လမ်းအစအဖွင့်ခန်းပေါ့ ။
နေ့ရက် က (၉-၈-၁၉၉၁)
နေရာက
ကျောင်းသားတွေ ဗန်းမော်ခရိုင်လို့ခေါ်ကြတဲ့ ဆိုင်းဝမ်းဘွန် KIA တပ်မဟာ (၃)နယ်မြေက ၊
ဗျူဟာ(၂) ပတာလင် လို့ လူသိများကြတယ် စစ်ကြောမဲ့ သူတွေက အရက်ကိုးမောင်းသောက်ထားတယ် အစစ်
ဆေးခံနေရတဲ့သူက စိုးမင်းအောင် တဲ့ ၊ အသက် (၁၉)နှစ်ခန့် ၊ အသားဖြူဖြူ ထောင်ထောင် မောင်းမောင်း
မန္တလေးမြို့သစ်က ရင်း(၅)မှာပေးတဲ့အခြေခံစစ်သင်တန်းဆင်းပြီးစ၊ စစ်ဆင်ရေးကာမှာ ဆင်း ရဲမှု
ငတ်ပြတ်မှု တွေလဲ ကြုံခံခဲ့တယ်ထင်ပါရဲ့ ၊ ဗဟို ပါဂျောင် ကနေ အိမ်ပြန်ဖို့ထွက်ပြေးခဲ့တာပါ။
(၆)ရက်နေ့ ရွှေလီအထိရောက်ရှိနေချိန် မျိုးဝင်းမွေးထားတဲ့ လျှို့ဝှက်လူ ဘဲလေး(သန့်ဇင်-မုံရွာ)နဲ့
အမှတ် မထင် တွေ့ တယ် ၊ တကယ်တမ်းက တစ်ဖက်ကို ကူးလိုက်ရင် လွတ်နေပါပြီ ၊ အတူနေရဲဘော်ရဲဖက်တွေ
ဆိုတော့လဲ သံယောဇဉ် မပြတ်နိုင်ဘူးပေါ့ သူငယ်ချင်း ငါပြန် တော့မယ်လို့ နှုတ်ဆက်တယ်၊ ဘဲလေးက
မပြန်ခင် စကားပြောကြမယ်လို့  ဆိုတယ် ချစ်လက်ဘက်ရည်ဆိုင် (ကျောင်းသားကဖွင့်ထားတဲ့ ဆိုင်)မှာ
အတူထိုင် မိကြတယ် ထိုင်နေရင်း ပါပဲ ဘဲလေးက ပုလင်းနဲ့ရိုက် ၊ကြိုးနဲ့တုတ် အခန်းထဲ ထည့်ထား
လိုက်တယ်လေ၊၊ ဆိုင်တာဝန်ခံ မာမီစိန်တောင် ရုတ်တရက် ကြောင်နေတယ်။
စကာၤပူက
ကျောင်းသူလေးတွေဘယ်လိုငွေကိုလွယ်လွယ်ရှာနေကျလဲ? ကြည့်လိုက်ပါအုံး!
အသက်၁၇
နှစ်သာရှိသေးတဲ့ ပိုလီကျောင်းသူ Cassandra လွတ်လပ်တဲ့ ပြည့်တန်ဆာ အလုပ်ကို အွန်လိုင်း
တွေမှာ သူမ ဖောက်သည် တွေကိုရှာ ပြီး ချိမ်းတွေ့ကျပါ ရေးထားတာကိုတွေ့ရတယ်၊ သူမ ကပြောတယ်
ပထဦးဆုံး အွန်လိုင်း Chatroom မှာ စကားပြော ကျပြီး နောက်ဈေးညှိ ကျတယ် လို့ပြောတယ်၊
ဒီလိုနှင့် ဆိုဒ်ဘာမှာတွေ့ရင်းနှင့် ယောကျာင်္းတယောက်က $300 နှင့် အတူအိပ်ဖို့ ဈေးစ
ကား စပြော လာတာကို သူမ မငြင်းလိုက်ပါဘူးလို့!
From: Myanmar Express
လူတိုင်းမှာ
သွားရည်ထွက်ပေးတဲ့ Glands အိပ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြတယ်။ သွားရည်ဆိုတာ
အစာထဲမှာ အများဆုံးပါတတ်တဲ့ ထမင်းထဲက Starch (ကော်) ကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့
Enzyme (အင်ဇိုင်း) ဖြစ်တယ်။ ပိုးစာကောင်တွေရဲ့တံတွေးက လူ့သွားရည်ထက် အဖိုးတန်တယ်
Silk ပိုးထုတ်ပေးတာကိုး။
ပါးစပ်ဟပြီးအိပ်ရင် သွားရည်ကျစေတာတော့ အမှန်ဘဲ။ ဒီတော့ ပါးစပ် ပလာစတာကပ် အိပ်ပေတော့။
ရီစရာသဘော ပြောတာပါ။ "ရှက်စရာ" ဆိုတာ သူများမြင်မှ ရှက်တာနဲ့ ကိုယ့်ကိုယ်ကို
ရှက်တာ မတူပါ။ ကိုယ်တိုင်သိသူက ပညာ ပိုရှိတယ်။
ယေဘူယျပြောရရင် အိပ်နေတုံး ပါးစပ်ဟ အသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး)ထွက်တဲ့
အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာ
အသက်ရှူပြီး၊ ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်လှမှ လုပ်ကြတယ်။ ဒီတော့ မဖြစ်လှတာက ဘာလဲ။
အသက်ရှူလမ်းမှာ တခုခုဖြစ်နေလို့။ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုပ်တွေ စစ်ရလိမ့်မယ်။
နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်) ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊
လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေ ပါတယ်။ စစ်ပါ၊ ကုပါ။
ရုပ်ပိုင်းဝေဒနာ မရှိဘဲ စိတ်ရှုတ်ချိန်မှာမို့ ပါးစပ်နဲ့ အသက်ရှူနေတာလား ဆန်းစစ်ပါ။
နေ့ခင်းမှာ အသက်ရှူတာ ကိုယ်ကိုယ်ကို သတိထား ကြည့်ပါ။ ပါးစပ်နဲ့ ရှူနေတာကို ပြင်ဘို့
ကြိုးစားပါ။ လေ့ကျင့်နည်း တခုက နှာခေါင်းနဲ့ အသက် ပြင်းပြင်း-ရှည်ရှည် ရှူပါ။ ရုပ်ရှင်တွေ
ကြည့်ဘူးမှာပါ။ တခုခု ထိခိုက်-ကျေကွဲ-ကြောက်လန့်စရာရှိရင် မင်းသားကနေ မင်းသမီးကို
"Take a deep breath အသက်ပြင်းပြင်းရှူ" လို့ ပြောလေ့ရှိတယ်။ မှန်တယ်ဗျ။
စိတ်ငြိမ်လာစေတယ်။
From: Myanmar Express
ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ
ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က
အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။
From
: MyanmarExpress
၂၀၀၉
ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါ တယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ
သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ
အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ
ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင်တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက
တီထွင်ခဲ့ပါတယ်။
From
: Myanmar Express
နိုင်ငံတော်နှင့်
ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ်
ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီကို နိုင်ငံတော်မှ
၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်း အချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး
ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းများကို အပြိုင်ဝန်ဆောင်မှု ပေးရန်အတွက် ပုဂ္ဂလိကအား ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရွေးချယ်ချထားပေးသော Operator ကုမ္ပဏီတစ်ခု၊ နှစ်ခုဖြင့်
ယှဉ်ပြိုင်လုပ်ကိုင်မည်ဟု ဖော်ပြထားသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ ဆက်သွယ်မှု
ကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့မှ အဓိက စီမံလုပ်ကိုင်လျက် ရှိသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုသည် အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်လျှင်
၁၀ နှစ်မှ ၁၅ နှစ်အထိ နောက်ကျကျန်နေခဲ့သည်ဟု ဖော်ပြထားသည်။ “ရတနာပုံတယ်လီပို့ကို အများပိုင်အဖြစ်
ပြောင်းမယ်။ အခု မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက အိမ်နီးချင်းနိုင်ငံတွေထက်
၁၅ နှစ်လောက် နောက်ကျကျန်နေတယ်။ ဒါကိုပြောင်းလဲဖို့နဲ့ လက်ဝါးကြီးအုပ် မဖြစ်ဖို့ ပုဂ္ဂလိကတွေ
များများဝင်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ရင် အများပြည်သူလည်း ပိုသက်သာခွင့် ရမှာပေါ့။ အခု
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့ နှစ်ဦးနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က
ရွေးချယ်ခွင့်ပြုမယ့် Operator တစ်ခု သို့မဟုတ် နှစ်ခုနဲ့ ပြိုင်လုပ်မယ်လို့ စာတမ်းမှာ
ဖော်ပြထားတယ်ဆိုတော့ အများဆုံးမှ နောက်ထပ်ယှဉ်ပြိုင်မယ့် ကုမ္ပဏီက နှစ်ခုပဲ အများဆုံး
လုပ်ခွင့်ရမယ့် အနေအထား ရှိလာနိုင်တယ်။ ယှဉ်ပြိုင်တယ်ဆိုတာက များလေပိုတိုးတက်လေပဲ။
အကွဲကွဲအပြားပြား မဖြစ်အောင် ကိုယ့်နိုင်ငံ စံနှုန်းတစ်ခုတော့ ထားပြီး ယှဉ်ပြိုင်ရမှာပေါ့။
ဒါက Operator ကိုပဲ နှစ်ခုပေးမယ်၊ ကျန်တဲ့ဟာကိုတော့ ကဏ္ဍအလိုက် ပြန်ပြီး ပုဂ္ဂလိကကို လွှဲဖို့လည်း
ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ တစ်ကယ်လုပ်နိုင်တဲ့ ကုမ္ပဏီအများစုကို
ချထားရင် ပိုကောင်းပါတယ်။ ဥပမာ-ဟန်းဆက်ကို တကယ်စက်ရုံတည်ထောင်ပြီး ထုတ်လာတဲ့ ကဏ္ဍတွေပါ
အပါအ၀င်ပေါ့” ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း
သိရှိရသည်။
ထားဝယ်တက္ကသိုလ်ပင်မဆောင်နှင့်
အ၀င်လမ်း။ ဆန်းဦး / မြန်မာတိုင်း(မ်) ကျွန်တော်သည် ပညာရေးနှင့် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက်
လိုအပ်ချက်များအကြောင်း ယခင်က ရေးသားခဲ့ပြီးဖြစ်ပါသည်။ တက္ကသိုလ် ဆိုသည်မှာ ဗဟုသုတကို
ဖြန့်ဝေပေးသည်သာမက စူးစမ်းခြင်း (inquiry)နှင့် သုတေ သနပြုခြင်း (research) ဖြင့် ဗဟုသုတကို
တိုးပွားစေ သော သင်ကြားပို့ချသူများနှင့်ပညာရှင်များ ဖြင့် ဖွဲ့စည်း ထားသော အကျိုးတူစု
(community) ဖြစ်သည်။ တစ်နည်းအား ဖြင့်ဆိုသော် ဗဟုသုတရရှိခြင်းနှင့် ရှာမှီးခြင်းသည်
အဆင့်မြင့်ပညာ၏လုပ်ငန်းဖြစ်သည်။
စစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်းမှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်
ကယ်ဆယ်ရေး စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ်လှည့်လည်
ဆောင်ရွက် ပေးလျက်ရှိရာ စစ်တွေမြို့ မရမာကြီးကျောင်းတိုက်နှင့် ဂြစ်ဘက်ကျောင်းတိုက်များရှိ ကယ်ဆယ်ရေး
စခန်းများသို့ သွားရောက်ပြီး သံဃာတော်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ
အပါအဝင် ဒေသခံ ပြည်သူများကို ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ပညာပေး
ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ခြင်ခိုအောင်း နိုင်သော နေရာများတွင်
ခြင်ဆေး ဖျန်းခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။
ပညာရေး၊
စီးပွားရေးနဲ့ ကျန်းမာရေး စတဲ့ ထုတ်ဝေခွင့်လိုင်စင် စည်းကမ်း သတ်မှတ်ချက် ဘောင်ထက်
ကျော်ပြီး ရေးသားဖော်ပြနေကြတဲ့ ဂျာနယ် မဂ္ဂဇင်းတွေကို အရင်စာပေစိစစ်ရေး လက်ထက် တုန်းကလို
ခေါ်ယူ သတိပေး တာ၊ အရေးယူတာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့
မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ဒီဗွီဘီ ကိုပြောပါတယ်။
ဘင်္ဂါလီလူမျိုးများ
ပြည်တွင်းသို့ KIA နယ်မြေမှ ၀င်ရောက်ရန် မဏီပူရတွင် နေထိုင်သူ အကြမ်းဖက်သမား ကိုယ်စားလှယ်တစ်ဦး၊
ဘင်္ဂါလီလူမျိုးတစ်ဦးနှင့် ကချင်လူမျိုးတစ်ဦးတို့သည် အောက်တိုဘာ(၂၃) ရက်နေ့တွင် KIOေ
ခါင်းဆောင်များနှင့် လိုင်ဇာဌာနချုပ်တွင် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့
တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင် ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ
အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး
တိမ်းရှောင် လာရသည့် ဒေသခံ တို့က The Voice weekly သို့ ဆက်သွယ် ပြောကြားသည်။
“
သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင်
လာသူ တစ်ဦးက ဆိုသည်။
ယင်းတိုက်ပွဲ
ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အုပ်စု မှော်ရှန်
ရပ်ကွက် ဘုန်းတော်ကြီး ကျောင်း တွင် ခိုလှုံ နေကြပြီး လူဦးရေ ၅ဝခန့် ရှိကြောင်း ယင်း
ကျေးရွာရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။
ထွက်ပြေး
တိမ်းရှောင် လာသူ တစ်ဦး ကမူ “စစ်တပ် (တပ်မတော်) က ရွာကနေ အကုန် တိမ်းရှောင်ဖို့ လာပြော
လို့ပါ”ဟု ဆိုသည်။
ကချင်ပြည်နယ်တွင်
ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က
နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို နာခံရန် ကတိပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။
ယနေ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့ရှိJING CHENG ဟိုတယ်
တွင်ဒေသ စံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်ကျင်းပခဲ့ပြီးနောက် အထက် ပါအတိုင်းပြောဆို
လိုက်ခြင်း ဖြစ်သည်။ယင်းဆွေးနွေး ပွဲတွင် စစ်ဘက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များဆွေးနွေးမည်ဟု
ဆိုသော် လည်း ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်မတော်) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်
ဂွမ်မော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တက်ရောက် လာမည့် ဒုတိယ ဗိုလ်ချုပ်ကြီး
မြင့်စိုးတို့ တက်ရောက်လာခြင်း မရှိကြောင်း တွေ့ရသည်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အခွင့်ကောင်းယူပြီးတော့ ဖားကန့်မြို့နယ် အတွင်းက မှော်တွေမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို ဂိုဏ်းဖွဲ့ ၊ အုပ်စုဖွဲ့ပြီး ခိုးယူ လုယက် တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။