Wednesday, October 31, 2012

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ တက္ကသိုလ်ပညာ သင်ကြားခွင့် ရတော့မည်

Posted by drmyochit Wednesday, October 31, 2012, under | No comments


From : ခေတ်လူငယ်
 ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် မကြာမီကာလအတွင်း ၄င်းတို့အတွက် ဖွင့်လှစ်ပေးမည့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်တက္ကသိုလ်၌ အဆင့်မြင့်ပညာများ သင်ယူ ဆည်းပူးနိုင်တော့ မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် သတင်းများတွင် ဖော်ပြထားသည်။ ကင်ညာနိုင်ငံ ဒါဒက်ဘ် ဒုက္ခသည် စခန်းအနီး၌ ကင်ညာတာတက္ကသိုလ် (ကေယူ) က တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးခဲ့ရာ ဒါဒက်ဘ် ဒုက္ခသည် စခန်းမှ ဒုက္ခသည်များသာမက ဒေသခံ ကင်ညာနိုင်ငံသားများပါ အဆင့်မြင့်ပညာများ သင်ကြားခွင့် ရတော့မည်ဖြစ်သည်။ ဒါဒက်ဘ်ဒုက္ခသည်စခန်း၌ စစ်ပွဲများနှင့် အငတ်ဘေးကြောင့် ခိုလှုံနေကြ ရသော ဒုက္ခသည်ပေါင်း ၅၀၀၀၀၀ ကျော်ရှိသည်။ ဒုက္ခသည်များ ပညာဆည်းပူးနိုင်မည့် တက္ကသိုလ် တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်းသည် အာဖရိကတိုက်၌ ပေါ်ပေါက်နေသော ရေရှည် စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် လက်တွေ့ကျသည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ပညာရေးဆိုင်ရာ ကျွမ်းကျင် သူများက သုံးသပ်ခဲ့သည်။ ကင်ညာတာတက္ကသိုလ် ဒါဒက်ဘ်နယ်မြေကို တည်ထောင်နိုင်ရေး အတွက် ကနေဒါ ကင်ညာ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးတွဲအဖွဲ့အစည်းဖြစ်သည့် ဒုက္ခသည်စခန်းများအတွက် နယ်စည်းမဲ့ အဆင့်မြင့် ပညာရေးအဖွဲ့ (ဘီအိတ်ခ်ျအီးအာရ်) သည် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရသည်။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်