Wednesday, October 31, 2012

လာမည့် ၂၀၁၅ မှာပြည်သူထောက်ခံလျှင်သမ္မတလုပ်မည် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် ဒီတစ်သက်တော့ မဖြစ်နိုင်

Posted by drmyochit Wednesday, October 31, 2012, under | No comments


From : သာနောင်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် လွှတ်တော်တွင်းရောက်ရှိပါက အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်းက အခြေခံဥပဒေမှာ တပ်မတော်ရဲ့ ပါဝင်ပတ် သက်မှုတွေကို ချောချောမွေ့မွေ့ပြင်ဆင်နိုင်အောင် ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ဘက်က ဒီလွှတ်တော်သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ၂၀၁၅ ရွေးကောက် ပွဲမှာ အောင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ နောက်တစ်ချက်ကဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက် ဒီဖွဲ့စည်း ပုံက ဘယ်အချက်အလက်တွေက ဘောင်ဝင်မယ်ဆိုတာ ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပြောသည်။



ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “NLD က ဖွဲ့စည်းပုံ အခြေခံဥပ ဒေပြင်ချင်တယ်ဆိုရင်တော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ အ ချက်တချို့ ဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒါကို ပြင်မယ်ဆိုရင် ကျွန်တော်ထင်တယ်။ ၇၅ ရာခိုင်နှုန်းကျော်နဲ့ နိုင်မယ် မထင်ဘူး။ ဒီသုံးနှစ်ကာလအတွင်းမှာ ပြင်နိုင် မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး”ဟုပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ ပြင်လို့ရတယ်။ အများသဘောတူတယ်ဆိုရင် လုပ်လို့ရပါတယ်။ အများသဘောအတိုင်းသွားမှာပဲ။ လက်ရှိမှာတော့ ပါတီ အနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်သွင်းဖို့ မရှိသေးပါဘူး”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။ ယခုလက်ရှိ နိုင်ငံ၌ ကျင့် သုံးနေသော အခြေခံဥပဒေတွင် အားနည်းချက်များ ပါဝင်သော်လည်း အဆိုပါ အချက်များကို ပြင်ဆင်ရန်မှာမူ
အလှမ်းဝေးနေ ဆဲဖြစ်ပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် အပြောင်းအလဲလုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာရေးကိုသာ ဦးစားပေးဆောင်ရွက်ရမည့် အချိန်ကာလဖြစ် ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်း အချို့ကပြောဆိုမှုများရှိနေသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်