Wednesday, October 31, 2012

""၀န်ကြီး ဦးစိုးသိန်းနဲ့  ကျွန်တော်တို့ ရဲ့  နယူးယောက်က အကြွေးဂတိများ""

Posted by drmyochit Wednesday, October 31, 2012, under | 1 comment


ခုတော့လည်း အောက်တိုဘာလ- ၂၉-ရက်-၂၀၁၂-ဖြစ်ပြီမို့ တစ်လတိတိပြည့်ခဲ့ပြီ။လွန်ခဲ့သော စက်တင် ဘာလ-၂၉-ရက်နေ့မှ ဆိုလျှင် တစ်လ ပြည့်သောနေ့မို့ ယနေ့တွင် ကျွန်တော့်မှာ ရေးစရာဖြစ်လာရပြီ ။ ယခုလ အတွင်း ဝေဖန်ရှုတ်ချ သံများ၊ ဂတိ မတည်သော အစိုးရ အကြောင်းကို ပြောဆိုလာ သူများသည် ကျွန်တော့်အား မီးမောင်း ထိုးပြလာကြသည်။ ကျွန်တော်ကမူ တစ်လလောက်တော့ စောင့်ကြည့်ပါရ စေ ဆိုပြီး ပြောဆိုထားရသည်။
အဘယ့်ကြောင့်ဆိုသော်ဝေဖန်ပြောဆိုသော သူများမှာ ဂုဏ်သိက္ခာရှိကြသော နိုင်ငံရေး ခေါင်းဆောင်ကြီး များဖြစ်၍ သူတို့အား ယင်းကဲ့သို့ မေတ္တာရပ်ခံ ထားခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပမှ နိုင်ငံရေး ခေါင်းဆောင် များတို့သည် လည်း မျော်လင့်ချက် ကြီးစွာဖြင့် ရှိနေခဲ့သည် မှန်သော်လည်း ကျွန်တော်၏ မေတ္တာ ရပ်ခံချက် ဖြစ်သည့် တစ် လပြည့် သောနေ့ ကို စောင့်စားတော်မူခဲ့ကြတော့သည်။



လွန်ခဲ့သော စက်တင်ဘာလ-၂၉-ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်နှင့် အတူ နိုင်ငံတော် သမ္မတရုံးမှ ၀န်ကြီး ဦးစိုးသိန်းတို့ လိုက်ပါလာကြသည်။ နယူးယောက်မြို့မှာ မြန်မာ့ ကွန်မြူနီတီတို့နှင့် ၀န်ကြီး ဦးစိုးသိန်း ကတွေ့ ဆုံပွဲ လုပ်ခဲ့သည်။ 
၎င်းတွေ့ဆုံပွဲတွင် ဒီမိုကရေစီ အတိုက် အခံအဖွဲ့ အစည်းများမှ မည်သူမျှ မတက်ရောက်
သော်လည်း မြန်မာနိုင်ငံ အမျိုးသား ကောင်စီ-NCUB-မှာ ဦးမိုးချမ်းနှင့် ကျွန်တော်က တက်ရောက်ဖြစ် အောင် တက်ရောက်ခဲ့သည်။
( တက်ရောက်ခဲ့ သောကြောင့် အတိုက်အခံများမှ ဝေဖန်ကြသေးသည် ) ယင်းသို့ တက်ရောက်ရန် အတွက် ကဗျာဆရာကြီးဦးမောင်စွမ်းရည်အိမ်မှာ သမ္မတအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဒေါက်တာ ကျော်ရင်လှိုင် တို့နှင့် တွေ့ ဆုံဖြစ်ခဲ့သည်။
သူတို့နှင့် တွေ့ဆုံချိန်မှာ ယခင်က မျှဉ်းပြိုင် ဖြစ်နေ သော်လည်း ယခုအချိန်မှာ မျက်နာချင်းဆိုင် စကား ပြောရန် လိုအပ်နေပြီမို့ ယခုလို လက်ခံ စကား ပြောဖြစ် ကြောင်း ကိုကျွန်တော်က ပြောဖြစ်အောင် ပြောထားခဲ့သည်။ သမ္မတ အကြံပေးအဖွဲ့ဝင် နှစ်ဦး တို့နှင့် တွေ့ဖြစ်၍လည်းဝန်ကြီးဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲတွင် တက်ရောက်ခြင်း လည်း ဖြစ်သည်။
ဝန်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အမေးအဖြေ မေတ္တာ ရပ်ခံချက် များကို နားထောင်ကြည့်လျှင် သိနိုင်ပါသည်။ ခုတော့ ကျွန်တော့်မှာ တစ်လပြည့်ပြီမို့ မောင်လင်္ကျာထွန်း၏ မိခင် ဒေါ်ရီကို မည်သို့ ပြန်ပြောရမည် မသိဖြစ်နေ သည်။
အမေအိုသည် အသက်-၈၅-နှစ်ရှိပြီဖြစ်ရာ အကယ်၍ ကျွန်တော်က မြန်မာနိုင်ငံကို အလည် သွားဖြစ်မည် ဆိုလျှင် ပင် တွေ့ချင်တွေ့လိုလှသော အမေအိုဖြစ်သည်။ သို့ သော် သင်္ခါရတရားကို အစိုးမ ရသောကြောင့် မောင် လင်္ကျာ ထွန်း မလွပ်မြောက်မှီ မှာပင် အမေအိုခမြာ တိမ်းပါးသွားလေမည်လား ကျွန်တော် အထူး စိုးရိမ်မိ နေဖြစ်သည်။ ကျွန်တော်တွေ့ လိုသော အမေအိုကိုအမှန်ပင် သားနှင့်အတူ တွေ့လိုမြင်လိုလှပါသည်။

ဝန်ကြီးဦးစိုးသိန်းက ဂတိတွေ ပေးသွားသည်။ ကျွန်တော့်ကို သူတို့တွေ့ မြန်မာနိုင်ငံကို ပြန်မရောက်ခင် ဘာဆောင်းပါးမှ မရေးပါနဲ့ အုံးဆိုပြီး မေတ္တာ ရပ်ခံပါ သေးသည်။ ကျွန်တော်ကလည်း မရေးပါဟု ပြောပြသည်။ သို့သော်အသံဖမ်းထားသော မီဒီယာ သမားများ၏ ထုတ်လွှင့်မှုကြောင့် ကမ္ဘာသိဖြစ်သွား ရသည်။

ဝန်ကြီးဦးစိုး သိန်းက မြန်မာနိုင်ငံမရောက်ခင် ကျွန်တော်ကဆောင်းပါးတွေရေးပြီး လုပ်လိုက်လျှင် လွှတ်ပေးမည့် သူ တွေက မလွှတ်ပေး ထားလိုက်လျှင် ပြသနာတက် သွားနိုင်သည်ဟု ဆိုရှာသည်။ သူက သမ္မတ ဦးသိန်းစိန် ကို ပြောဆိုပြီး လွှတ်ပေးမည့် သူက အခြား သူတယောက် ဖြစ်နေ ကြောင်းကို ရိုးသား ပွင့်လင်းစွာ ပြောပြသည်။
ဒေါက်တာကျော်ရင်လှိုင်ကလည်း ယင်းသို့အတိုင်း ပြောပြသေးသည်။သို့သော် ယခုမြန်မာ နိုင်ငံသို့ ပြန်ရောက် သွားချိန်မှာ တစ်လပြည့်သွားပြီဖြစ်သည်။ လွန်ခဲ့သော အပါတ်က သမ္မတကြီးဦးသိန်းစိန်မှ မီဒီယာ သမား များနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု ပြောဆိုသွား သည်ကို တွေ့ရသည်။ ၀န်ကြီး ဦးစိုးသိန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် လွှတ်ပေး လိုက်ပြီ ဖြစ်ရာ အခြားမည်သူ့ကို မှ မလွှတ်ပေး စရာမရှိ။
မည်သူ့ကိုမျှ အချုပ်ထဲမှာ ဖမ်းဆီးမထားချင်ပါဟု မေတ္တာစေတနာကြီးမားစွာဖြင့် အမေရိကပြည်ထောင်စု နယူးယောက်မြို့မှာ အာဘောင်အာရင်းသန်သန် ပြောသွားတော့ကျွန်တော် က- Face Book -မှာ ဒါရိုက်တာချိုတူးဇေါ်ကို အသိပေး စာတကြောင်းဝမ်းသာစွာဖြင့် ရေးသားပေးလိုက်၏ ။ ချိုတူးဇေါ်က ဧ၀ံမေသုတံ ဤသို့ကြားရပါလေ၏ ဆိုပြီး ကျွန်တော်ရေးသောစာကို တကြောင်းထဲ ပြန်ကြား
လေတော့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သော ရှေ့နေကြီးဒေါ်မြင့်မြင့်ခင်နှင့် ဖုံးဖြင့် ပြောဖြစ်ရာ အန်တီ ဒေါ်မြင့်မြင့်ခင်က ဘယ်တော့မှ လွှတ်မှာ မဟုတ်ပါဘူး ဆိုသော စကားကို တခွန်းထဲနှင့် ဝေဖန်ပြော ဆိုပါလေသည်။

 သို့လင့်ကစား ဒေါ်အောင်ဆန်းစုကြည် လိုကြောက် စရာကောင်းသော နိုင်ငံရေး သမား တစ်ယောက်ကို လွှတ်ပေးပြီးနောက် အခြားမည်သူ့ကို မဆို လွှတ်ပေးရဲသည်ဟု ၀န်ကြီးဦးစိုးသိန်း ပြောသွားတာကို ကျွန်တော် သဘောကျနေသည်။
အဘယ့်ကြောင့်ဆိုသော် သူသည် သမ္မတကြီး ဦးသိန်းစိန် အနီးမှာရှိနေသော ၀န်ကြီး တဦးဖြစ်ရာ နယူးယောက်မြို့ မှာ ကျွန်တော် တောင်းဆိုသော နိုင်ငံရေး အကျဉ်းသားများ လွပ်မြောက် ရေးကို တလုံးတပါ ဒတော့ ပြောမိမှာသေ ချာသည်။
သူသည် နယူးယောက်မြို့မှ မြန်မာ့ကွန်မြူနီတီနှင့် တွေ့ဆုံချိန်တွင် လူထုအကြိုက် လိုက်အောင် ပြောဆိုခဲ့သော ၀န်ကြီးဖြစ်၍ သူ့မှာ ပြောဆိုနိုင် လုပ်ကိုင်နိုင်သော ပါဝါ ရှိနေမည်ဟု ထင်ရသည်။
သို့မဟုတ်က သူသည် နယူးယောက်မြို့မှာ လူပျက်လာလုပ်သော အစိုးရ၏ ပေါကြောင်ကြောင် အူကြောင် ကြား တယောက်ဖြစ်သွားလိမ့်မည်ဖြစ်သည်။ ကျွန်တော်ကမူ ယခုတစ်လပြည့်ပြီဖြစ်ရာ ရခိုင်ကျောင်းသား နှစ်ဦးဖြစ်သော ရဲထက်စိုး နှင့်ကိုနိုင်စိုး၊ မောင်တောမြို့မှအမေအို ဒေါ်မသိန်းနှင့် တသက်တကျွန်း အကျဉ်း ကျခံ နေ ရသော မောင်လင်္ကျာထွန်းတို့ကို လွှတ်ပေးစေချင်သည်။
အဘယ့်ကြောင့် ဆိုသော် သမ္မတကြီးဦးသိန်းစိန်ကလည်း မီဒီယာသမားများနှင့် တွေ့ဆုံချိန်တွင် နိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးမည်ဟု ပြောဆိုထားပြီ။ ၀န်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အကြွေးဂတိ ထားခြင်း မှလူ့ဂုဏ် သိက္ခာများနှင့် ပတ်သက်နေသည်။
တစ်ဦးအပေါ် တဦး ယုံကြည်မှု တည်ဆောက် နေကြချိန်တွင် တိတိကျကျ ပြောရလျှင် အကြွေးဂတိ ကို ကျွန်တော်ပြန် ရချင်ပါသည် ။
 



1 comments:

ဝန်ကြီး ဦးစိုးသိန်း ကျနော်အလေးအနက်ထားပြီး ပြောကြားချင်ပါတယ် ကျနော်က အများအကျိုးပြု လုပ်ငန်းလေးတစ်ခု လုပ်ခွင့်ရချင်ပါတယ် ဦးတို.ဆီမှာက လုပ်တတ်ယင် လုပ်စရာတွေက အများကြီးပါ
အများအဓိကလိုတဲ့ အိမ်အမိုးပြား အိမ် အကာပြားတို. ဒါတွေကို လုပ်ခွင့်ရချင်တယ် လုပ်မှာက အမှိုက်ကို အမှုန်.ကြိုက်ပြီး ကော်နှင့် ရောသမမယ်ဗျာ ဒါတွေပါ ပြီးတော့ ရိုးတောင်ပေါ်မှာ ကျောက်ကိုလည်း ပြည်သူကိုပါ အလုပ်ရစေဘို. အလုပ် လုပ်ခွင့်ရှိချင်တယ် ဗီယက်နမ်ကိုရောင်းဒါက ပြည်သူလူထု အတွက် အလုပ်မဖြစ်ဘူးထင်တယ်
ကျနော့ကို တစ်ခုခုပြန်ပြောပါနော် soesanwai2009@gmail.com နှင့်ပြန်ပြောပ ကျန်းမာပါစေ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်