Wednesday, October 31, 2012

ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်

Posted by drmyochit Wednesday, October 31, 2012, under | No comments



ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို နာခံရန် ကတိပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။
ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့ရှိJING CHENG ဟိုတယ် တွင်ဒေသ စံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်ကျင်းပခဲ့ပြီးနောက် အထက် ပါအတိုင်းပြောဆို လိုက်ခြင်း ဖြစ်သည်။ယင်းဆွေးနွေး ပွဲတွင် စစ်ဘက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များဆွေးနွေးမည်ဟု ဆိုသော် လည်း ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်မတော်) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တက်ရောက် လာမည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ တက်ရောက်လာခြင်း မရှိကြောင်း တွေ့ရသည်။



The Voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်