အမေရိကန်နိုင်ငံ ရှိ Multicultural Refugees of Coalition (MRC) ခေါ် ကမ္ဘာ့နိုင်ငံအသီးသီး
မှ အမေရိကန်နိုင်ငံ သို့ ရောက်ရှိလာ သော ဒုက္ခသည်များအား ကူညီစောက်ရှောက်ရေးအသင်း၊၏ ဖိတ်ကြားချက်
အရ အောက်တို ဘာလ (၂၇) ညနေ (၇)နာရီတွင် အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်၊ အော်စတင်မြို့
တနေရာတွင် ကျင်းပသော ညနေ စာမိတ်ဆုံစားပွဲအခမ်းအနား (မြက်ခင်းပြင်)သို့ အမေရိကန်နိုင်ငံ၊
အော်စတင်မြို့ရှိ ကချင် တိုင်းရင်းသား များမှ သွားရောက်ကာ ၄င်းအခမ်းအနားသို့ တက်ရောက်လာသော၊
MRC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံ နှင့် အမေရိကန်မှ အလှူရှင်များ၊ အခြားမြန်မာ့အရေး
စိတ်ဝင်စားသူများအား လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေ၊ လက်ရှိမြန်မာ အစိုးရ စစ်တပ်၏
တိုင်းရင်းသား ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှူများ၊ ကချင်ဒေသစစ်ပွဲအကြောင်း နှင့်စစ်ပြေးဒုက္ခသည်များ
အကြောင်းတို့ အား မြေပုံနှင့် တကွ သွားရောက်တင်ပြ နိုင်ခဲ့ ကြောင်းသိရှိရပါသည်။ ထို့အပြင်
ဧည့်သည်တော်များ၏ မေးမြန်းချက်များကို လည်း မြေပုံနှင့်တကွ မြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း
သတင်းရရှိပါသည်။
From: Kachindailynews
Time in Rangoon


0 comments:
Post a Comment