ထားဝယ်တက္ကသိုလ်ပင်မဆောင်နှင့်
အ၀င်လမ်း။ ဆန်းဦး / မြန်မာတိုင်း(မ်) ကျွန်တော်သည် ပညာရေးနှင့် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက်
လိုအပ်ချက်များအကြောင်း ယခင်က ရေးသားခဲ့ပြီးဖြစ်ပါသည်။ တက္ကသိုလ် ဆိုသည်မှာ ဗဟုသုတကို
ဖြန့်ဝေပေးသည်သာမက စူးစမ်းခြင်း (inquiry)နှင့် သုတေ သနပြုခြင်း (research) ဖြင့် ဗဟုသုတကို
တိုးပွားစေ သော သင်ကြားပို့ချသူများနှင့်ပညာရှင်များ ဖြင့် ဖွဲ့စည်း ထားသော အကျိုးတူစု
(community) ဖြစ်သည်။ တစ်နည်းအား ဖြင့်ဆိုသော် ဗဟုသုတရရှိခြင်းနှင့် ရှာမှီးခြင်းသည်
အဆင့်မြင့်ပညာ၏လုပ်ငန်းဖြစ်သည်။
ကျွန်တော်တို့ မှတ်သားရန် အချက် တစ်ချက်မှာ ၂၁ ရာစုနှစ်သည် 'ဗဟုသုတခေတ်' ဟူသော အချက်ပင် ဖြစ်သည်။
ထို့ပြင် ဗဟုသုတသည် ကမ္ဘာ၌ ဩဇာအာဏာနှင့် ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အရင်း အမြစ်တစ် ခုဖြစ်သည်။
ထို့ပြင် ဗဟုသုတလုပ်ငန်းသည် အခြားမည်သည့်လုပ်ငန်းမျိုးနှင့်မဆို အလားတူလှုပ်ရှားတက်ကြွရန် ပြိုင်ဆိုင်မှု ရှိသော လုပ်ငန်းဖြစ်သည်။
ထို့ကြောင့် ယခုခေတ်တွင် 'ဗဟုသုတ လုပ်ငန်း' (Knowledge Industry) ဟူ၍ ခေါ်ဆိုသုံးနှုန်းပေသည်။
အခြားအကြောင်းရပ်တစ်ခုမှာ ကျန်းမာခြင်းနှင့် ပညာရေးသည် ဖွံ့ဖြိုးမှု၏ ကျောထောက်နောက်ခံဖြစ် သည်။
ဤအချက်သည်
ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် အထူးသဖြင့်မှန်ကန်၏။ နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ်လူမျိုးတစ် မျိုးသည် ကောင်းမွန်သော ကျန်းမာခြင်းနှင့် ပညာရေးမရှိလျှင် ဖွံ့ဖြိုးရန်အကြောင်းမရှိပေ။
နိုင်ငံဖွံ့ဖြိုး မှုအတွက်လိုအပ်သော အဓိကလူစွမ်းအားအရင်းအမြစ်မှာ ပညာတတ်၍ ကျွမ်းကျင်သောအသိ ဉာဏ် သုံးသူများ (intellectuals)၊ ကျွမ်းကျင်သော လုပ်သားအင်အား (skilled labourforce) နှင့် လက်မှုပညာ ကျွမ်းကျင် သူများ (skilled tradesmen) ပင်ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သည့်ရာစုနှစ် ၀က်ကျော်ချိန်အတွင်း ပညာရေးစနစ် ဖြစ်စဉ်တစ်ခုလုံးသည် စိတ်ကူး၍မ ရလောက်အောင် ပျက်စီးယိုယွင်းသွားခဲ့သည်။
နိုင်ငံဖွံ့ဖြိုး မှုအတွက်လိုအပ်သော အဓိကလူစွမ်းအားအရင်းအမြစ်မှာ ပညာတတ်၍ ကျွမ်းကျင်သောအသိ ဉာဏ် သုံးသူများ (intellectuals)၊ ကျွမ်းကျင်သော လုပ်သားအင်အား (skilled labourforce) နှင့် လက်မှုပညာ ကျွမ်းကျင် သူများ (skilled tradesmen) ပင်ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သည့်ရာစုနှစ် ၀က်ကျော်ချိန်အတွင်း ပညာရေးစနစ် ဖြစ်စဉ်တစ်ခုလုံးသည် စိတ်ကူး၍မ ရလောက်အောင် ပျက်စီးယိုယွင်းသွားခဲ့သည်။
တက္ကသိုလ်များနှင့် အဆင့်မြင့် ပညာရေးကို ပြန်လည်ပြုပြင်ပျိုးထောင်ရန်ကိစ္စမှာ အလွန်ကြီးလေးသော စိန်ခေါ်မှု ဧကန်မုချဖြစ်မည်။
ဤသို့ ဆောင်ရွက်ရန် ကြီးမားသောပစ္စည်း ပစ္စယနှင့် ငွေကြေးအရင်းအနှီးများအပြင် ထိုးထွင်းသိမြင်မှု (insight)၊ အမြော်အမြင်၊ ရိုးသားဖြောင့်မတ်မှုနှင့် စေတနာအကြီးအကျယ် လိုအပ်ပေမည်။မြန်မာအဆိုတစ်ခုကို လူတို့က အလုပ်ကိစ္စဆောင်ရွက်ရာ၌ ပါးစပ် အပြောသာရှိပြီး ယင်းကို လက်တွေ့၌ ပစ်ပယ်လေ့ ရှိ၏။
ယင်းအဆိုမှာ 'လူတော်လူကောင်း'လိုအပ်ချက် ပင်ဖြစ်၏။ စစ်မှန်သော တိုးတက်မှု ရရှိအောင် လုပ်ဆောင်နိုင်သော စွမ်းရည်ရှိခြင်းသည် မလုံလောက်ပေ။
Myanmar Express
Time in Rangoon

0 comments:
Post a Comment