Wednesday, October 31, 2012

မြေပုံဘင်္ဂလီများက မီးရှို့တိုက်ခိုက်မှုကို စတင်ခဲ့သည်ဟုဝန်ခံ

Posted by drmyochit Wednesday, October 31, 2012, under | No comments


မြေပုံမြို့ ဘင်္ဂလီ ခေါင်းဆောင် တို့က ယနေ့ နံနက် ၈နာရီခွဲ ခန့်ကမြို့မိမြို့ ဘများ၊ ဒေသဆိုင်ရာ အာဏာပိုင် များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက် ခိုက်မှုကို မိမိတို့ စတင်ခဲ့ သည်ဟု ၀န်ခံ ပြောကြား လိုက်သည်။ မြို့မိ မြို့ဘ များ ၊ဒေသ ဆိုင်ရာ အာဏာပိုင်များနှင့် ဘင်္ဂလီ လူမျိုး ခေါင်းဆောင် များဖြစ် ကြ သော (၁)စံသိန်း(၂)ကျော်သိန်း (၃)တင်ရွှေ(၄)အောင်လွင်(၅)ဘကျော်တို့နှင့် တွေ့ဆုံစဉ် ထိုသို့ဝန်ခံပြော ကြား လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ၀န်ခံ ပြောကြားခြင်းကို ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီး တဦးဖြစ်သူ ဦးကျော်သိန်း၊ မြေပုံမြို့ရှိ ရခိုင် ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့ သူတဦးက Coral Arakan အားပြောကြားခဲ့သည်။ ဘင်္ဂလီခေါင်းဆောင်တွေက “ကျွန်တော်တို့ တားခဲ့ ပါသေးတယ်” ဟုပြောကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
(၂၅အောက်တိုဘာ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော်၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်း ငြိမ်းသတ် နေစဉ်
 ယင်းနေရာနှင့် အလှမ်းဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး တို့၏ နေအိမ်ကို မီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားပြီး ရခိုင် လူမျိုး ပိုင်အိမ် ၄၂ ဆောင် မီးလောင် ခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စုပေါင်း ၄၄စု (ကျား၁၂၀၊ မ ၁၄၇)ရှိခဲ့သည်။
ယခုအခါ ဘင်္ဂလီ ဒုက္ခသည် လေးထောင်ခန့် ရှိနေပြီး ၄င်းတို့က စစ်တွေ သဲချောင်းရှိ ဒုက္ခသည် စခန်းသို့ ပြောင်းရွေ့ ပေးရန် အာဏာပိုင် များအား တင်ပြ တောင်းဆို လျက်ရှိရာ ပြောင်းရွေ့ရန် ညှိနိုင်းလျက် ရှိကြောင်း သိရသည်။

Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်