Wednesday, October 31, 2012

ဆီမီးမျှောပွဲ သွားရောက်စဉ် တံတားကျိုးကျ

Posted by drmyochit Wednesday, October 31, 2012, under | No comments


ယနေ့ည ၇ နာရီဝန်းကျင်က ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်းပသည့် ဆီမီးမျှော ပွဲသို့ မြို့ခံများနှင့် တက္ကသိုလ်ကျောင်းသားများ လာရောက်ကြစဉ် တက္ကသိုလ်ဘက် ထွက်သည့် သစ်သား တံတားကျိုး ကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း ပုသိမ်မြို့ခံတဦးက ပြောသည်။ သီတင်းကျွတ်လပြည့် နေ့ဖြစ်၍ ဆီမီးမျှောပွဲလာရောက်သည့် လူပရိသတ် စည်ကားချိန်ဖြစ်၍ ရုတ်ရုတ်သဲ သဲသာ ဖြစ်ခဲ့သည်ဟု လည်း၎င်း ကပြောသည်။ လူပရိတ်သတ် များပြားစွာ ကျော်ဖြတ်ချိန်တွင် အသံမြည် ကာ အိကျ သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း မျက်မြင် သက်သေများက ပြောသည်။ 


ယင်းတံတားမှာ ကန်သုံးဆင့် တည်ပန်းခြံ စတင် တည်ဆောက် စဉ်ကတည်းက ဆောက်လုပ်ခဲ့သည့် တံတားဖြစ်၍ လွန်ခဲ့သည့် ၂ နှစ်က ပြန်လည် ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။  ယင်းဆီမီးမျှောပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အခြား တိုင်းဝန်ကြီးများ လည်းလာရောက်ခဲ့ကြသည်ကို တွေ့ရကြောင်းလည်း ဆီမီးမျှောပွဲ သွားရောက်သူများက ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်