Monday, October 29, 2012

ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား၍ ငါးဦးမှာ ထိခိုက်ဒဏ်ရာများရရှိ

Posted by drmyochit Monday, October 29, 2012, under | No comments


ယမန်နေ.ည(၁၀)နာရီအချိန်က ဗိုလ်တစ်ထောင်မြို.နယ်၊ (၁၀)ရပ်ကွက် ၊သိမ်ဖြူလမ်းပေါ် စိန်ပေါလ် ကားမှတ် တိုင်အနီးတွင် ယာဉ်လေးစီးဆင့်တိုက် မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
သိမ်ဖြူလမ်း အတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာသော ယာဉ်အမှတ် ဓ/၈၆၆၈ ဆောက်လုပ်ရေး လုပ်ငန်းသုံး ငြမ်းဆင်ရာတွင် အသုံးပြုသည့် သံချောင်းများ တင်ဆောင် လာသော တီအီး ကုန်တင် ယာဉ်သည် သိမ်ဖြူလမ်း အတိုင်း မောင်းနှင် လာသော ယာဉ်အမှတ် (ကက/၈၄၅၄) အားဝင်ရောက် တိုက်မိကာ အရှိန် မထိန်းနိုင်ဘဲ ယာဉ်အမှတ် (၇ဃ/၇၂၃၀)KLIIGER ယာဉ်နှင့်ယာဉ်အမှတ် (၇ဂ/၈၆၄၈) ယာဉ်တို့အား တိုက်မိပြီး လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။

ထိုယာဉ် တိုက်မှုကြောင့် ယာဉ်လေးစီး ပျက်စီးကာ ယာဉ်အမှတ် (ဓ/၈၆၆၈) တီအီး ယာဉ်ပေါ်တွင် လိုက်ပါ လာသူ (၉)ဦးအနက် ငါးဦးမှာ ထိခိုက် ဒဏ်ရာ များရရှိ၍ ရန်ကုန် ဆေးရုံကြီး၌ အတွင်း လူနာ အဖြစ် ကုသ လျှက်ရှိပြီး ယာဉ်မောင်း ဖြစ်သူမှာ အခင်းဖြစ်ပွားရာ နေရာ၌ ယာဉ်အားထား၍ ထွက်ပြေး သွားခဲ့ ကြောင်း သိရသည်။

Popular News  





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်