Monday, October 29, 2012

ရခိုင်ပြည်နယ်တွင် ရခိုင်အိမ်များ၊ ကားများကို လုံခြုံရေးများမှ ရှောင်တခင် စစ်ဆေး

Posted by drmyochit Monday, October 29, 2012, under | No comments


၂၉.၁၀.၂၀၁၂ နှင့် ၂၈.၁၀.၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအ၀င် တခြားမြို့နယ်များ တွင်လည်း စစ်တပ်၊ နစက၊ လုံထိန်း၊ ရဲများစုပေါင်းပြီး ရခိုင်သားများ၏ လုပ်ငန်းခွင် ၊ အိမ်များကို ရှောင်တ ခင် ၀င်ရောက် စစ်ဆေးမှုများ၊ မွှေနှောက်ပြီး ဓား၊လှံများကို လိုက်လံ သိမ်းဆည်းလျက်ရှိကြောင်းကို သိရှိရ ပါ သည်။

၂၈.၁၀.၂၀၁၂ ရက်နေ့တွင်လည်း စစ်တွေမြို့ မောလိပ်ရပ်ကွက်၊ ကုန်သည်လမ်း၊ ဦးရွှေဘသိန်း ၀ပ်ရှော့ ကိုလည်း နေ့လည် (၃)နာရီလောက်တွင် ၀င်ရောက် မွှေနှောက်ခဲ့ကြောင်း မျက်မြင် သက်သေ တစ် ယောက်မှ ပြောပြပါသည်။
၂၉.၁၀.၂၀၁၂ ရက်နေ့တွင်လည်း စစ်တွေမြို့နှင့် တခြားမြို့နယ်များသို့ ပြေးဆွဲသည့် ခရီးသည်တင် ကားများ ကိုလည်း စစ်ဆေးလျှက်ရှိကြောင်းကို သိရှိရပါသည်။ ထိုစစ်ဆေးချက်များကြောင့် ခရီးသွားများ စိတ်အနှောက် အယှက်ဖြစ်နေရကြောင်း၊ ယခုအခါ ဘင်္ဂလီကုလားကျေးရွာများကိုမူ မစစ်ဆေး၊ မရှာဖွေဘဲ ရခိုင်ရပ်ကွက်၊ ရခိုင်ကျေးရွာများကိုသာ စစ်ဆေး၊ ရှာဖွေခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက် ရှိကြောင်းကို သိရှိရပါသည်။

                        ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ရောက်ရှိလာသည့် ထပ်မံ 
                တိုးချလာသော လုံခြုံရေး စစ်သည်များ (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

 From: ရွှေမြန်မာမီဒီယာဂရု

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်