Monday, October 29, 2012

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မြန်မာနိုင်ငံဘက်မှ အမျိုးသမီး(၄)ဦးကို ထိုင်းနိုင်ငံ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

Posted by drmyochit Monday, October 29, 2012, under | No comments


 
အောက်တိုဘာ (၂၆)ရက်နေ့ နံနက်ပိုင်း ကထိုင်းနိုင်ငံ ချင်းရိုင်း ခရိုင် မယ်ကျန့်မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မူး ယစ်ဆေး ၀ါးများကို သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီး ရမိကြောင်း ထိုင်းနိုင်ငံမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

မယ်ကျန့်မြို့ လင်းကုတ်မိန်းလမ်းမကြီးဘေးရှိ ကိုးမြို့ရှင် နတ်စင်ရှေ့က စစ်ဆေးရေး ဂိတ်မှာ ခရီး သည်များ အား ထိုင်းရဲများမှ စစ်ဆေးမှုများပြုလုပ်နေရာ မူးယစ်ဆေးဝါး များဖြစ်တဲ့ ရေခဲများကို တစ်ဦးလျှင် (၁.၅)ကီ လိုနှုန်းဖြင့်ခါးနဲ့ဝမ်းဗိုက်မှာ ချီပြီး သယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးကို မူးယစ် ဆေးဝါးနဲ့ အတူ ဖမ်းဆီး မိခဲ့ပါတယ်။
 ဖမ်းဆီးရထားတဲ့ အမျိုးသမီး(၄)ဦးအား ဆက်လက်ရှာဖွေစစ်ဆေးရာမှာ ပန်းရောင် ကတ်ပြားဖြစ် တဲ့မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ဖြစ်တယ်လို့ သိရ ပါတယ်။
မယ်ကျန့်ရဲစခန်းမှူးမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အမျိုးသမီး(၄)ဦးအား စစ်ဆေး မေးမြန်းတဲ့ အခါမှာ ၎င်းတို့ဟာ မြန်မာစကားနဲ့သာ ဖြေကြပြီး ၎င်းတို့အတွက် ကားလက်မှတ် နဲ့ မူးယစ် ဆေးဝါး များကို သယ်ဆောင်ရန် အတွက် စီစဉ်ပေးတဲ့သူက မယ်ဆိုင်မြို့မှာ နေတယ်လို့ ဖြေကြားကြောင်း နဲ့
ကား လက်မှတ် ရောင်းရာ ဌာနသို့ ထိုင်းရဲများမှ သွားရောက် စုံစမ်းသော အခါမှာလည်း ၀ယ်သူ၏ မျက်နှာပုံစံကို မမှတ်မိသောကြောင့် မသိနိုင်ကြောင်း ကားလက်မှတ်ရောင်းသူက ဖြေကြားပြီးနောက် မှာတော့ ထိုင်းရဲများက တရားခံ (၄) ဦးကိုပဲ ဆက်လက် စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရပါတယ်။
မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးမှာ အသက်အရွယ် အားဖြင့် ၃၄နှစ်၊ ၃၃နှစ်၊ ၂၄နှစ် နဲ့ ၂၂နှစ်အရွယ်များသာဖြစ်ကြောင်း သိရပါတယ်။
ညနေပိုင်းမှာလည်း ချင်းရိုင်း- မယ်ဆိုင် အနီးရှိ ကား အရောင်းအ၀ယ်ကွင်း တခုထဲကို သတင်း ရရှိ ထားတဲ့ Toyota Tiger ငွေရောင်ကား တစ်စီး ၀င်လာ ချိန်မှာ ထိုင်းအာဏာပိုင်များက ၀ိုင်းဖမ်းပြီး ကားအတွင်း ရှာဖွေစစ်ဆေးတဲ့အခါမှာတော့ စိတ်ကြွရူးသွပ်ဆေးပြား ( ၅၀၀၀၀ )တွေ့ရပြီး ဖမ်းဆီးရမိသူမှာအမျိုးသား (၄)ဦးဖြစ်ကြောင်း သိရှိရပါတယ်။
မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်ခုစလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများရဲ့ ကာလ တန်ဘိုးဟာ ထိုင်း ဘတ်ငွေ သန်းသုံး ဆယ်ခန့် ရှိကြောင်း သိရပါတယ်။ 

တာချီလိတ်အွန်လိုင်းစာမျက်နှာ



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်