Monday, October 29, 2012

သမ္မတကြီး ဦးသိန်းစိန် ထံသို့ အိတ်ဖွင့်ပေးစာ (ဘင်္ဂလီ များအား တတိယနိုင်ငံသို့ အမြန်ဆုံး ပို့ဆောင် ပေးရန်)

Posted by drmyochit Monday, October 29, 2012, under | No comments


ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်- ခင်ဗျား လေးစား စွာဖြင့် ကျွန်တော် စာရေး အကြောင်း ကြားအပ်ပါတယ်။ နိုင်ငံတာဝန်ကို ကျန်းကျန်းမာမာနဲ့ စီမံခန့် ခွဲနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေး ပါတယ်။ ကျွန်တော့်အနေနဲ့ အမှတ်စဉ်နဲ့ စာရေးပြီး တင်ပြပါရစေ။

(၁) သမ္မတနဲ့ ကုလသမ္မဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာအန်တိုနီယိုဂူးလားရာစ် နဲ့ တွေ့ဆုံ စဉ်က မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုးသာ ရှိပြီး ယခု အငြင်းပွါး နေသော ဘင်္ဂလီ လူမျိုးများ မှာတိုင်း ရင်းသားလူမျိုးမဟုတ်ကြောင်းနဲ့ အကယ်၍ သူတို့အား တတိယ နိုင်ငံများမှ ခေါ်ယူမည် ဆိုလျှင် စီစဉ် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောဆိုခဲ့ ပါသည် ။
၎င်းကဲ့သို့ ပြောဆိုခဲ့သည်ကို ရခိုင် နိုင်ငံရေးသမား တယောက် အနေဖြင့် ကျွန်တော့် အနေနဲ့ အထူး ထောက်ခံ သလို ရခိုင် လူမျိုးများ ကိုယ်စားနှင့် မြန်မာ နိုင်ငံသူ နိုင်ငံသား များကိုယ်စား  ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ရှေးဦးစွာပြောကြားလိုပါသည်။

 
(၂)ဤကဲ့သို့ တင်ပြခဲ့ ခြင်းသည် သမ္မတ၏ ကြီးမားသော စိတ် စေတ နာဖြင့် လူသား ချင်းဆိုင်ရာ ထောက်ထား စာနာမှုကို အရင်းခံကာ ပြည်ထောင်စု မြန်မာ နိုင်ငံ အတွင်း၌ လူမျိုးရေး ပဋိပက္ခများ၊
ဘာသာရေး ပဋိပက္ခ အစွန်း ရောက်မှုများ မဖြစ်ပွါး ရအောင် တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တောာ့် အနေ ဖြင့် ယုံကြည် ရင်းစွဲ ရှိနေပါသည် ။

တချိန်တည်းမှာပင် သမ္မတ၏ အစိုးရအဖွဲ့ဝင်များ၊ တပ်မတော် ကာကွယ် ရေးနှင့် လုံခြုံရေး ကော်မ တီများ ၊ တပ်မတော် စစ်တိုင်းမှူးများ ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊  ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များ နှင့် အခြား တိုင်းရင်းသား နိုင်ငံရေး ပါတီများ ကလည်း သမ္မတ၏ ယခုလို ပြောဆို တင်ပြ လိုက်ချက် အပေါ် ထောက်ခံ ယုံကြည်ချက် ပေးကြမည်ဟု သံသယ ကင်းစွာ အသိ အမှတ် ပြုပါ သည်။
 
( ၃ ) သမ္မတကြီး အနေနဲ့  လွန်ခဲ့ သော နေ့ ကလည်းမြန်မာနိုင်ငံသတင်းစာဆရာများ ၊မီဒီယာများနှင့် တွေ့ဆုံ စဉ်က လည်း-၁၉၈၂-ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ကိုင်စွဲ ထားမည် ဆိုခြင်းနှင့် သန်ကောင် စာရင်း ကောက်ယူ မည့် အစီ အစဉ် များကို ပြောဆို သွားသည် ကိုလည်း တွေ့ရှိ ရပါသည်။ 

ထို့ ကြောင့် သမ္မတကြီး၏ ကမ္မာ့ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အန်တိုနီယို ဂူးလား ရစ်ကို၎င်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံမီဒီယာများကို၎င်း ထုတ်ဖေါ် ရှင်းလင်းချက်များကို အခြေခံကာ သမ္မတ၏ လုပ်ထုံး လုပ်နည်း များကို ကူညီပေးခြင်း တစိတ် တဒေသ အနေဖြင့် ယခုလို အကြံ ပြုစာ ပေးအပ် လိုက်ရခြင်း ဖြစ်ပါသည် ။

( ၄ ) ၂၀၁၄-ခုနှစ် သန်ကောင်စာရင်းကောက်ယူခြင်းသည် မြန်မာနိုင်ငံအတွင်းလူဦးရေမည်မျှ ရှိနေ သည်ကို တွက်ချက်စစ်တမ်း ကောက်ယူခြင်းသာဖြစ်ပြီးတရားမ၀င် လာရောက်နေသောလူမျိုးများနှင့် မပါတ်သက်ကြောင်း သိရှိကြပါသည်။
သို့သော် ငြားလည်း ၄င်းကဲ့သို့ လူဦးရေ စာရင်းများ ကောက်ယူ နေချိန်မှာပင် ခိုးဝင် လာသော လူမျိုးများ ကိုပါ တွေ့ရှိ လာတတ်သည် ဖြစ်ရာ ကြိုတင်ပြင်ဆင်မှု များကို စီမံခန့်ခွဲ ဆောင်ရွက် ထားရန် လိုအပ်နေ ပါသည်။  ထို့ကြောင့် အဆင့်ဆင့် စီမံ ဆောင်ရွက်မည့် နည်းလမ်း များကို ယခုကပင် စတင် ပြင်ဆင် ထားပေးရန် လိုအပ် နေပါပြီ ။

( ၅ ) ကမ္ဘာ တလွှားတွင် ဒုက္ခသည်များကို လက်ခံသော နိုင်ငံ အဖြစ် တတိယ နိုင်ငံများသို့  ကူညီ ထောက်ပံ့ပေး နေသော အဖွဲ့ အစည်းကြီး ရှိနေပါသည် ။-IOM- International Organized  Migration ) ခေါ်သော နိုင်ငံတကာ အဖွဲ့အစည်းကြီး ရှိနေရာ ၄င်းအဖွဲ့ အစည်းနှင့် ဆက် သွယ်ဆွေး နွေးရန်လိုအပ် နေပါသည် ။

 IOM -၏ လက်အောက်ခံများ ဖြစ်သော ရဖျူဂျီအဖွဲ့ ငယ်များမှာ အလှူရှင် ဖြစ်သော အမေရိက ပြည် ထောင် စု၏ ထောက်ပံ့ အလှူ ငွေများဖြင့် ရပ်တည် နေရရာ တတိယ နိုင်ငံများသို့  ဒုက္ခသည်များအား ပို့ ဆောင်ပေး ရေးအတွက် ၄င်းအဖွဲ့ အစည်းများမှာ အဆင်သင့် ရှိနေပြီး ဖြစ်ပါသည်။

 
( ၆ ) မိခင်နိုင်ငံများမှ ထွက်ပြေးတိမ်းရှောင်လာသော သူများကိုကြားခံဒုတိယနိုင်ငံများသို့ ရောက်ရှိ ချိန်တွင် လူသား ချင်းစာနာ ထောက်ထား မှုအရ သက်ဆိုင်ရာ အစိုးရ များမှ ကမ္ဘာ့ ကုလ သမ္မဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံးး UNHCR- နှင့်အဆက် အသွယ် မရရှိမှီ တင်ကြို နေရာ ချထား ပေးခြင်းများ ၊ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ၊ အစာရေစာ ထောက်ပံ့ ကျွေးမွေး ပေးခြင်း များကို ပြုလုပ်ခန့် ခွဲ ပေးထား ကြပါသည်။
ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR- မှ နောက်ပိုင်းတွင်ဆက်သွယ်မှု ရရှိသွားပြီးနောက် ဒုတိယနိုင်ငံ၏ ၀န်ထုပ်ဝန်ပိုးကို တာဝန်ခံလွှဲပြောင်းရယူပြီးနောက် မိခင်နိုင်ငံများသို့မပြန်နိုင်သော သူများ အားတတိယ နိုင်ငံ များသို့  လူသားချင်း စာနာ ထောက်ထား မှုဖြင့် ပြန်လည် နေရာ ချထားရေး အစီ အစဉ် အရ ပို့ဆောင်ပေးကြ ရပါသည်။

 
(၇)  မြန်မာ နိုင်ငံတွင်- ၂၀၁၄-ခုနှစ်သန်ကောင်စာရင်းကောက်ယူပြီးစီးသည်နှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော သူများအား မလွှဲမသွေ စီစစ်တွေ့ရှိလာမည်ဖြစ်ရာ ၄င်းလူမျိုးများအား သူတို့ ၏ မိခင်နိုင်ငံရင်းသို့ ပြန်လည်ပို့ ဆောင်ပေးရန် ဆောင်ရွက်စရာသာရှိပါသည် ။

မြန်မာနိုင်ငံအရှေ့မြောက်ဖက်တရုပ်နိုင်ငံဖက်မှခိုးဝင်လာနေသောတရုက်လူမျိုးများကို ပြန်လည်ပို ဆောင်မည်ဆိုလျှင် သူတို့ ၏မိခင်တရုပ်နိုင်ငံမှ လက်ခံမည်ဖြစ်ပါသည် ။ 

သို့ သော် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော လူမျိုးထဲမှ  ရခိုင်ပြည်နယ် အနောက်ဖက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ရခိုင်ပြည်နယ်ရောက် ၏နိုင်ငံသားမဟုတ်ကြောင်း ငြင်းဆိုထားရာ ဤပြသနာကို ယခုကပင် တိကျ စွာဆောင် ရွက်ရှင်း လင်းရန်လိုပါသည် ။

( ၈ )  နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော သူများကို မိမိနိုင်ငံ၏ ဥပဒေအရထိမ်းသိမ်းဖမ်းဆီးခွင့် ဥပဒေဖြင့် အကျဉ်း ချခြင်း ၊ နယ်နှင်ဒဏ်ပေးခြင်း၊ဒဏ်ငွေများ ဆောင်စေခြင်း  တို့ ကို ပြုလုပ်ရန်လိုပါသည် ။  

သို့ အတူမြောက်မြားနေသော နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့် မည်သည့် အထောက်အထားမှလက်ဝယ်မတွေ့ ရရှိသော သူများကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ ဆောင်မည်ဆိုသည်ကို လက်မခံလျှင် ၄င်းလူမျိုးများမှာ နိုင်ငံမဲ့ပြဿ နာဖြစ်နေ တတ်ပါသည် ။ 

 နိုင်ငံမဲ့ ဖြစ်နေသောကြောင့် လက်မခံသော်ငြားလည်းဘာသာတူ ယဉ်ကျေးမှူတူ ကိုယ်ချင်းစာသောနိုင်ငံများ ရှိနေ တတ်ကြရာ ၄င်းနိုင်ငံများသို့  -IOM- ကဲ့ သို့  ကုလသမ္မဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ပြလည်နေ ရာချထားရေးအစီအစဉ်အရ ပို့ ဆောင်ပေးနိုင်ကြပါသည် ။

( ၉ ) မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော သူများအားလောလောဆယ် ယာယီ ထိမ်းသိမ်းစောင့် ရှောက် ရန်အတွက် လုံခြုံရေးဝန်ထမ်းများ ၊ကြက်ခြေနီဝန်ထမ်းများ ။ အကျဉ်းဦးစီးဝန်ထမ်း ဋ္ဌါနများ ၊ ရဲဝန်ထမ်းများ ခန်အပ်ထားရန် လိုနေပါသည် ။ 

၎င်းနောက် လုံလောက်သောဝန်ထမ်းများကို ခန်အပ်ပြီးသည်နှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော သူများအား ဒုက္ခသည် စခန်းများဖြင့် ထိမ်းသိမ်းကာ နိုင်ငံတော်မှာ စနစ်တကျ ပြုစုစောင့် ရှောက်ပေး ရန်လိုအပ်ပါသည် ။ 

 မည်သည့်နိုင်ငံအစိုးရမှ၎င်း ၊မည်သည့်အဖွဲ့ အစည်းများမှ၎င်း တိုက်ရိုက်ဆက်သွယ်လာရောက် လှူဒန်းထောက် ပံ့ပေးခြင်းကို မဆောင်ရွက်ရဘဲ ကမ္ဘာ့ကုလသမ္မဂ္ဂလက်အောက်ခံ  -UNHCR- ဒုက္ခသည်များဆိုင်ရာ ကူညီစောင့် ရှောက်ရေး အဖွဲ့ မှသာဆောင်ရွက်ရမည်ဖြစ်ပါသည် ။

 မြန်မာနိုင်ငံအတွင်းရှိဒုက္ခသည်များစခမ်းကိုလူဝင်မှုနှင့်ကယ်ဆယ်ရေး ပြန်လည်နေ ရာချထားရေး ၀န်ကြီး ဋ္ဌါနမှ တဆင့်သာဆောင်ရွက်ပေးရန်ဖြစ်ပါသည် ။

 ဒုက္ခသည်များအား တတိယနိုင်ငံများသို့ ပြန်လည်နေရာချထားရေး - Resettlement Program -အစီအစဉ်အရ -IOM- အဖွဲ့နှင့် ဆောင်ရွက်ရန်သာဖြစ်ပါသည် ။

 သမ္မတကြီး အနေဖြင့် ၄င်းကဲ့သို့ နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော သူများအား ဒုက္ခသည်များအဖြစ် သတ်မှတ်ပြီး တတိယ နိုင်ငံများသို့ ပို့ ဆောင်ပေးလိုသောစိတ်စေတနာဖြင့်ဆောင်ရွက်ပေးလိုပါက ၄င်းကဲ့ သို့  စီစဉ်ဆောင် ရွက်နိုင်ပါကြောင်းနှင့် မွတ်ဆလင်ဘာသာဝင် သူတို့ ၏ ညီအကိုတော်များကလည်း သူတို့ ၏နိုင်ငံများစွာသို့ သူတို့ ၏ ဘ၀ပြောင်းလဲတိုးတက်ရေးအတွက်ကူညီဖေးမပေးနိုင်ကြလိမ့်မည်ဟု ထင်မြင်ယူဆရပါသည် ။


ကျေးဇူးတင်စွာဖြင့်

ခိုင်အောင်ကျော်
နယူးယောက်
အမေရိကပြည်ထောင်စု
                               

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်