Monday, October 29, 2012

စမ်းချောင်းမြို့နယ် ကျွန်းလယ်သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြ

Posted by drmyochit Monday, October 29, 2012, under | No comments


ကျွန်းလယ် သမဝါယမ အသင်း ခေါင်းဆောင် ဟောင်းတွေရဲ့ ငွေကြေး အလွဲသုံးစားမှု၊ အသင်း သားတွေ ရဲ့ ဆန္ဒမပါဘဲ အသင်းပိုင် အဆောက်အဦးကို ဖျက်သိမ်းပြီး လူနေကန်ထရိုက်တိုက်တွေ တည်ဆောက်မှု စတာတွေကို မကြေနပ် တဲ့အတွက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာရှိတဲ့ အဲဒီ သမ ဝါယမ အသင်း ရုံးရှေ့မှာ အသင်းသားတွေ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုရုံး ဆန္ဒပြခဲ့ ကြပါတယ်။


သမဝါယမ အဆောက်အဦးကိစ္စ ဖြေရှင်းပေးဖို့နဲ့ ငွေစာရင်း အလွဲသုံးစားလုပ်သူတွေကို ဖော်ထုတ် အရေး ယူပေးဖို့ စတဲ့ အချက်(၁၁) နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သမဝါယမအသင်းဝင် ကိုတင်ထက်ကိုက RFA ကို ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲဟာ အာဏာပိုင်တွေထံက ကြိုတင်ခွင့်ပြုချက်ရယူ ဆန္ဒပြခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲ ပြုလုပ်ဖို့ ခွင့်ပြုချက်ရရှိထားတဲ့ နေရာမှာ မော်တော်ကားနှစ်စီးက လာရောက်ပိတ်ဆို့ ရပ်နားထားခဲ့တဲ့အတွက် ဆန္ဒပြ သူတွေကို အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့တာကြောင့် ဆန္ဒပြသူတွေအနေနဲ့ အဲဒီမော်တော်ကားနှစ်စီးရဲ့ ပိုင်ရှင်တွေကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲက တောင်းဆိုချက် (၁၁) ချက်ကို သက်ဆိုင်ရာ သမ၀ါယမဝန်ကြီး ဌာနက သီတင်း (၃)ပတ်အတွင်း ဖြေရှင်း မပေးဘူးဆိုရင် စီတန်း လမ်းလျှောက် ဆန္ဒပြဖို့ ဆက်လက် စီစဉ် ဆောင်ရွက် သွားမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ရွှေမြန်မီဒီယာဂရုမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်