Monday, October 29, 2012

အရက်မူး နေစဉ် ထရန် စဖော်မာ မီးကြိုး ကိုင်မိ၍ သေဆုံး

Posted by drmyochit Monday, October 29, 2012, under | No comments


ရှမ်းပြည်နယ် ပင်လောင်းမြို့ ထီယွန်းရွာတွင်   အောက်တိုဘာ ၂၃ ရက်ညနေ ၅ နာရီခွဲက လူတစ်ဦး ဓာတ်လိုက် သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခွန်သိန်းကျော် ၄ဝ နှစ် (ဘ) ဦးထွက်ခဲ  ကောင်းထို ကျေးရွာ ပင်လောင်း မြို့နယ် နေသူသည် အောက် တိုဘာ ၂၃ ရက် ညနေ ၅ နာရီခွဲက အရက်မူးပြီး ထီယွန်း ကျေးရွာ အနီးရှိ  ထရန စဖော်မာ ခြံအတွင်းသို့ ကျော်ဝင်ပြီး ထရန်စဖော်မာ မီးကြိုး များအား ကိုင်မိရာ မှ ဓာတ်လိုက် သေဆုံး ခဲ့သည်။


 ခွန်သိန်းကျော် သေဆုံး မှုနှင့်ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် သိရှိ နိုင်ရန် ပင်လောင်း ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် (၁ဝ/၂ဝ၁၂)ရေး ဖွင့်၍ စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်