Friday, December 14, 2012

မီးခိုးမထွက်၊ ဆီစားနှုန်း ၇၀%အထိ သက်သာသည့် ရေငွေ့စက်ဖြင့် ယာဉ်မောင်းနှင်တော့မည်

Posted by drmyochit Friday, December 14, 2012, under | No comments


ချင်းတွင်းမြစ် အတွင်း မုံရွာနှင့် ဟုမ္မလင်းမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် ရှပ်ပြေးရေ ယာဉ်တွင် ရေဓာတ်ငွေ့ စက် တပ်ဆင် ကာ လောင်စာဆီနှင့်ပူးတွဲ၍ လာမည့် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စတင် မောင်းနှင် သွားမည် ဖြစ်သည်။
 











“ကျွန်တော်တို့ ဒီဇင်ဘာ(၁၅)ရက်နေ့မှာ မုံရွာကိုသွားပြီးခရီးသည်တင်ရှပ်ပြေးရယာဉ်ကို ရေဓာတ်ငွေ့ စက် သွားတပ်ဆင်ပေးမှာပါ။ ကုန်ကျစရိတ်အနေနဲ့ကတော့ တပ်ဆင်ခတွေဘာတွေအပါ ခန့်မှန်းခြေ သိန်း (၄၀)လောက် ရှိမယ်”ဟု ရေဓာတ်ငွေ့စက်တီထွင်သူ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်က ပြော သည်။

၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်းü ရှပ်ပြေးရေယာဉ် တစ်စီးအား ရန်ကုန်မြစ်အတွင်း ရေဓာတ်ငွေ့ဖြင့် ပူးတွဲစမ်း သပ်မောင်းနှင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းကားမျိုးစုံ ၁၄ စီးအား ရေဓာတ်ငွေ့ ဖြင့် ပူးတွဲ စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ 

ရေဓာတ်ငွေ့ ရေမော်လီကျူးထဲတွင် ပါဝင်နေသော အောက်စီဂျင်အက်တမ်နှင့် ဟိုက်ဒရိုဂျင်အက်တမ် အား HHO Gasအဖြစ် လျှပ်စစ်ဓာတ်ဖြိုခွဲနည်းစဉ်သုံးပြီး ရေမှ ဓာတ်ခွဲထုတ်ယူကာ ၄င်းဓာတ်ငွေ့အား pubbler ကြားခြံ့ပီး မော်တော်ယာဉ်၏   လေသန့်ရှင်းစနစ်(Air Cleaner)ထဲသို့ ထည့်သွင်းကာ အင်ဂျင်  အတွင်း တွင် လောင်စာဆီနှင့်အတူ   လောင်ကျွမ်းစေခြင်းဖြစ်ကြောင်း သိရသည်။ 

“တိုင်း အဆင့် ရေဓာတ်ငွေ့ဆိုင်ရာပညာရပ်ဟောပြောပွဲနဲ့ သရုပ်ပြပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ မုံရွာ မှာ လုပ်တယ်၊ အဲ့ဒီကို HONDA CRV 2000 Model အင်ဂျင်အား 2000 CC ကားနဲ့ ရန်ကုန်မုံရွာ အသွား အပြန်မောင်းတယ်၊ ဓာတ်ဆီတစ်ဂါလံကို ရေဓာတ်ငွေ့နဲ့ ပူးတွဲမောင်းတာ ၅၇.၄ KGM/GAL မောင်းနှင်နှိင်ပြီး ရေဓာတ်ငွေမပါဘဲ မောင်းတာ -၃၇KGM/GALသာ မောင်းနှင်နှိင်ကာ ရေဓာတ်ငွေ့တပ် ဆင်မောင်းနှင် တာက ၂၀.၄ KGM/GAL ပိုရရှိတယ်” ဟုသုတေသီအင်ဂျင်နီယာဦးကျော်ကျာ်က ပြော သည်။ 

ရေဓာတ်ငွေ့အားအင်ဂျင်များတွင်ပူးတွဲအသုံးပြုခြင်းဖြင့် အင်ဂျင်စွမ်းအား၂ဆမှ ၃ဆအထိတိုးမြှင့်လာ ခြင်း၊မလိုအပ်သော မီးခိုးမည်းများထွက်ရှိမှုမှ ၈၀ရာခိုင်နှုန်းအထိလျှော့ကျစေနိုင်ခြင်း၊ အဝေးပြေးလမ်း များတွင် လောင်စာဆီစားနှုန်း ၇၂ရာခိုင်နှုန်း အထိလျှော့ကျ စေခြင်း၊ ရေတစ်လီတာမှသည် ရေဓာတ် ငွေ့အဖြစ် ၁၈၁၀ လီတာအထိ ထွက်ရှိခြင်း လက်ရှိအသုံးပြုနေသော အင်ဂျင်များအားပြုပြင်ရန်မလိုခြင်း၊ ထပ်မံဖြည့်တင်းပေးရသောအရာသည်သာမန်ရေသာလျှင်ဖြစ်၍ကုန်ကျစရိတ် မရှိတော့ခြင်းနှင့် ဘေးထွက် ပစ္စည်းမှာ ရေခိုးရေငွေ့သာလျှင်ဖြစ်သဖြင့် ပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေခြင်း အကျိုးကျေးဇူးများ ရ ရှိနိုင်ကြောင်း သိရသည်။ 

ကမ္ဘာတွင် ရေဓာတ်ငွေ့ဖြင့် ယာဉ်များ စက်ယန္တရားများ မီးစက်များပူးတွဲအသုံးပြု့သည့် နိုင်ငံများလည်း ရှိပြီး အမေရိ ကန် ၊ရုရှား၊ဂျာမနီ၊တရုတ်၊အန္ဒိယ၊မလေးရှား၊ထိုင်းနှင့်စင်္ကာပူနိုင်ငံတို့မှ တွင်ကျယ်စွာ အသုံးပြု လျှက်ရှိကြောင်း သိ ရသည်။ 

ရေဓာတ်ငွေ့ဖြင့်မီးစက်များ၊ကားများ၊ရေယာဉ်များ၊တွင် တပ်ဆင်မောင်းနှင်နှိင်ပြီဖြစ်ကြောင်းနှင့် မီးရထား များတွင် ရေ ဓာတ်ငွေ့နှင့်ပူးတွဲမောင်းနှင်နိုင်ရန် မီးရထားစက်ခေါင်းများအား လေ့လာပြီးကြောင်းနှင့် အဆင်သင့် တပ်ဆင်နှိင်ရန် လုပ်ဆောင်ပြီးကြောင်း သိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်