Friday, December 14, 2012

မြ၀တီတွင် ကလို့ထူးဘော(ကရင်အမျိုးသားတပ်မတော်)မှ ဆန္ဒထုတ်ဖော်

Posted by drmyochit Friday, December 14, 2012, under | No comments


လက်ပံတောင်းတာင် ကြေးနီ စီမံကိန်း သပိတ်စခန်းများ အကြမ်း ဖက်ဖြို ခွင်းခြင်းနှင့် ကချင်ပြည်နယ် အတွင်း ထိုးစစ် ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်) မှ မြ၀တီမြို့တွင်း၌ လှည့်လည် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။


ယခင်(DKBA)၊ ယခု ကရင်အမျိုးသားတပ်မတော်မှ စစ်မှန်သည့် ငြိမ်းချမ်းရေးလိုလားသူဗိုလ်မှူးကြီး စန်းအောင် ဦးဆောင်သည့် အင်အားတစ်ထောင်ကျော်ခန့်ရှိ ကရင်တပ်မတော်များသည် ကားအစီး (၁၀)ကျော်ဖြင့် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းမှ စတင်ထွက်လာပြီး ဘုရင့်နောင် လမ်းမကြီး အတိုင်း ချစ်ကြည်ရေးတံတားဖက်သို့လှည့်လည်သွားကာ ကြခတ်တောကျောင်းလမ်းအတိုင်း ချိုးဝင်ပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

ယင်းကဲသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်များကိုချက်ချင်းရပ်ပေးဖို့ ၊သံဃာတော်တွေနဲ့ ပြည်သူ လူထု တောင်းဆိုချက်များကို လိုက်လျော့ပေးဖို့ ၊သံဃာတွေကို အကြမ်းဖက် နှိမ်နင်းမှုမှ တာဝန် ရှိသူတွေ ကိုချက်ချင်း အရေး ယူပေးဖို့ ၊စုံးစမ်း စစ်ဆေးရေးကော် မတီ တရားမျှ တစွာ ဆောင်ရွက်ဖို့ တောင်ဆို ခဲ့သည့် စာတမ်းများ ကိုင်ဆောင်ပြီး လှည့်လည် ဆန္ဒ ထုတ်ဖော် ခဲ့ကြကြောင်း သိရ သည်။












Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်