Friday, December 14, 2012

နယ်မြေမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ တရုတ်နယ်စပ်တွင် ဘိန်းစိုက်ပျိုးမှု အကြီးအကျယ်ရှိနေ

Posted by drmyochit Friday, December 14, 2012, under | No comments


ဘိန်းစိုက်ခင်းများတည်ရှိရာ ကန်ပိုက်တီးနှင့် ဆံထုံးနယ်မြေများသို့ ကေအိုင်အေ ဝင်ရောက် လာမှု များကြောင့် နယ်မြေ မတည်ငြိမ်မှုများဖြစ်ပွားလျှက်ရှိသဖြင့် ယင်းကို အခွင့်ကောင်း ယူကာ ဘိန်း အကြီး အကျယ် စိုက်ပျိုးနေမှုများ ရှိကြောင်း သိရသည်။ ဒီဇင်ဘာလ ပထမအပတ်အတွင်း ရှင်းလင်းရန် စီစဉ် ထားသော ဘိန်းစိုက်ခင်းများကိုလည်း လုံခြုံရေးအခြေအနေအရ ဒီဇင်ဘာလကုန်အထိ အချိန် ရွှေ့ပြောင်း လိုက်ရကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


ယခင် ဆယ်နှစ်ခန့်က တစ်နှစ်လျှင် ဘိန်းစိုက်ဧက ၄၀၀၀ ခန့်ဖျက်ဆီးခဲ့ရသော်လည်း မြန်မာ တပ် မတော်နှင့် KIO တို့ တိုက်ပွဲဖြစ်သည်မှစ၍ ဆံထုံးတွင် ဧက ၂၀၀ ခန့်သာ ရှင်းလင်း နိုင်တော့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တရုတ် နယ်စပ်တွင် ပူတာအိုခရိုင်မှလွဲ၍ ကျန်ခ ရိုင် သုံးခု၏ မြို့နယ်အနီးဝန်းကျင်တွင် ဘိန်းနှင့်မူးယစ် ဆေးဝါးသယ်ဆောင် ရောင်းချမှုများ ရှိနေ သည့် အပြင် သုံးစွဲသူများပြားလာလျှက်ရှိသည်။ ဘိန်းစိုက်ပျိုးမှုရှိသော နေရာတို့မှာ ဝိုင်းမော်၊ ဆံထုံး မြို့ နယ် ခွဲ တဝိုက်၊ တနိုင်းအရှေ့ မြောက်ဘက် ဒေသနှင့် လက်နက်ကိုင်များရှိသော နယ်စပ်ဒေသ များဖြစ် ပြီး ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ဧက တစ်သောင်းနီးပါးရှိနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်