Friday, December 14, 2012

ရထားမတိုက်ကျားမကိုက်ဆရာတော် ဦးဆောင်ပြီး ယို ယွင်းပျက်စီး နေသော ကျောင်း တက်လမ်းအား ရဟန်း တော်များ နှုင့်လူထု တက်တက်ကြွကြွလုပ်ဆောင်

Posted by drmyochit Friday, December 14, 2012, under | No comments


ရထားမတိုက်၊ ကျားမကိုက် ဆရာတော် ဟုအမည်တွင်ပြီး၊ တောကျောင်း များကို တည်ထောင်ခဲ့သူ ဆရာ
တော်ကြီးဦးသီလ တည်ထာင်ခဲ့သော သထုံမြို့နယ်ဓမ္မိကာရာ မကျောင်းနှင့် ညောင်လေးပင် ကျောင်းတိုက်မှ သံဃာတော်များ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းတိုက်ရှေ့တွင် စုစည်း နေကြောင်း ကြားသိရသဖြင့် ရွှေမြန်မာမီဒီယာဂရု ကသတင်း သွားရောက်ယူခဲ့ရာ-ချမ်းသာ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးလှမြင့်+ဒေါ်ရီရီဝင်း တို့က လှူဒါန်းသော၊ ပေအရှည် (၉၀၀)ရှိ ဓမ္မိကာ ရာမ ကျောင်းရှေ့ရှိ အစိုးရ ကျောင်းလမ်း ကျောက်ချော လမ်းခင်းခြင်းကို ဓမ္မိ ကာရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရ နှင့် စာသင်စာချသံဃာတော်များ၊ ညောင်လေး ပင်ကျောင်း တိုက် မှ ဘဒ္ဒန္တကာရုည နှင့် စာသင်သားများ စုစုပေါင်း အင်အား(၈၀)ခန့်နှင့်အတူ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးစော ဘသိန်း ဦးဆောင်သော ရပ်မိရပ်ဖများက တပျော်တပါးစုပေါင်း လမ်းခင်း နေခြင်း ဖြစ်ကြောင်း တွေ့ရှိ ရသည်။


ဒီလမ်းဟာ ကျောင်းသွားကျောင်းပြန် အများဆုံးလမ်း ဖြစ်ပြီး၊ မြေသား လမ်းဖြစ်တဲ့အတွက် နွေဘက်ဆို လမ်း ကြမ်းပြီး၊ မိုးတွင်းဆို ရွံ့တွေနဲ့မို့ ကလေးတွေ ရော၊ ရဟန်းသံဃာ တွေ၊ကိုရင်တွေ အခက် အခဲဖြစ်ပါတယ်။  ဘုန်းကြီး ပြင်ချင် နေတာ ကြာပါပြီး၊ အလှူရှင် ကလည်း ပေါ်လာတော့ အဆင်ပြေ သွားတာ ပေါ့လို့ ဓမ္မိကာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရ က ရွှေမြန်မာသို့ မိန့်တော်မူ ပါတယ်။ 

လိပ်အင်းရပ်ကွက် အောက်ပိုင်းနေ ဦးလှအေးကတော့ ဒီလမ်းက ကျွန်တော်တို့နဲ့တော့မဆိုင်ပါဘူး၊ သံဃာတွေ လုပ်နေ ကိုင်နေ တာတွေ့တော့ ကုသိုလ်ဝင်ယူတာပါလို့ဆိုပါတယ်။ အမည်မဖေါ်လိုသူ အလှူရှင် တစ်ဦးကလည်း လုပ်အားဒါန ဆောင်ရွက်နေကြတဲ့ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ညနေ(၃) နာရီခန့်က ယိုးဒယားရေခဲချောင်း များ ဒါနပြုနေသည်ကိုလည်း ကြည်နူးဖွယ်ရာတွေ့ရသည်။
အဆိုပါ လမ်းခင်းခြင်း လုပ်ငန်းအား လုပ်ငန်းပြီးစီးသည်ထိ (၅)ရက် ခန့်ကြာမြင့်မည်ဖြစ်ပြီး နေ့စဉ် နံနက်(၆) နာရီမှ ညနေ (၅)နာရီ ထိဆောင် ရွက်ကြ မည်ဖြစ် ကြောင်းနှင့် နည်းပညာ ပိုင်းနှင့် လိုအပ် သည်များ ကို မြို့နယ် စည်ပင် သာယာရေး အဖွဲ့က ပံ့ပိုးကူညီကြောင်းသိရသည်။



(မင်းနန္ဒကျော်)
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်