Friday, December 14, 2012

iTunes နှင့်ဖွင့်သည့် မီဒီယာဖိုင်များ အသံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နည်း

Posted by drmyochit Friday, December 14, 2012, under | No comments



Mac OS အသုံးပြုသူတွေရော Windows OS ကို အသုံးပြုသူတွေရော Apple ကုမ္ပဏီကထုတ်လုပ်တဲ့ ပစ္စည်းတစ်ခုခုကို ၀ယ်ယူအသုံးပြုပြီဆိုရင် iTunes ကို မဖြစ်မနေ အသုံးပြုရမှာဖြစ်ပါတယ်။ Mas OS ပေါ်မှာပဲဖြစ်ဖြစ် ထည့်သွင်း ထားတဲ့ iTunes Application ရဲ့ Music Library ထဲကနေ သီချင်းတွေကို နားထောင် တတ်သူတွေအတွက်ကတော့ အသံစွမ်းရည် ပိုမိုကောင်းမွန်တဲ့ ခံစားမှုကို နားဆင်ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ iTunes ပေါ်ကနေ သီချင်းတွေကို နားထောင်တဲ့အခါမှာ ပုံမှန်ထက် ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးကို နားဆင်ချင်သူတွေအတွက် iTunes ပေါ်ကနေ သီချင်းတွေကို နားထောင်တဲ့ အခါမှာ ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးကိုရရှိဖို့ Setting တွေချိန်ညှိပုံကို ယခုတစ်ပတ်မှာ ရွေးချယ် တင်ပြ လိုက်ပါတယ်။ iTunes ပေါ်ကနေ ပိုမိုကောင်းမွန်တဲ့ အသံကို ချိန်ညှိနိုင်ဖို့အတွက် ပထမဦးဆုံး Sound Enhancer Feature ကို ဖွင့်ပေးရမှာဖြစ်ပါတယ်။

Sound Enhancer Feature ကိုဖွင့်ဖို့အတွက် iTunes Application ပေါ်က Edit Menu ကိုနှိပ်လိုက်ပါ။ ပြီးရင် Preferences ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဆင့်လိုက် မသွားလိုသူတွေက Ctrl+, ဆိုတဲ့ Shortcut ကိုနှိပ်ပြီး Preferences ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Preferences ထဲကို ရောက်သွားပြီဆိုရင် General, Play Back, Sharing, Store, Parental, Devices, Advanced ဆိုတဲ့ Section တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီထဲကမှ Play Back ဆိုတဲ့ Section ကို ရွေးချယ်လိုက်ပါ။ Play Back Section ထဲကို ရောက်ပြီဆိုရင် Sound Enhancer Feature ကိုဖွင့်ဖို့အတွက် Check Box မှာ အမှန်ခြစ်လေး ထည့်ပေးရမှာဖြစ်ပါတယ်။ Check Box လေးကို အမှန်ခြစ်ထည့်ပြီးရင် High နဲ့ Low ရှိတဲ့ဘက်က High ဘက်ကို သင်နားထောင်ကောင်းရုံ အနည်းငယ်ဆွဲပြီး Setting ကိုချိန်ညှိပေးလိုက်ပါ။ ပြီးရင် OK Button ကိုကလစ်နှိပ်ပြီး ထွက်လိုက်ရမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ Equalizer Setting ကို ချိန်ညှိပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ iTunes ပေါ်က Equalizer ကို ဖွင့်ဖို့အတွက်ကတော့ View Menu ထဲက Show Equalizer ကို ကလစ်နှိပ်ရမှာ ဖြစ်ပါတယ်။ Equalizer Setting တက်လာရင် Equalizer ရဲ့ Setting ကိုချိန်ညှိဖို့အတွက် On ဆိုတဲ့ Check Box မှာ အမှန်ခြစ်လေးတွေထည့်ပေးပြီး ဖွင့်ရမှာဖြစ်ပါတယ်။ အဲဒီမှာ သင်နှစ်ကြိုက်သလို Manual Setting ထားပြီး Equalizer ကို ချိန်ညှိပေးနိုင်ပါတယ်။ Play Back Section မှာတော့ Crossfade Songs ဆိုတဲ့ Feature ကိုဖွင့်ပြီး ချိန်ညှိနိုင်သလို၊ Sound Check ဆိုတဲ့ Feature ကိုလည်း ဖွင့်ထားနိုင်ပါတယ်။ Sound Check ဆိုတဲ့ Feature ကတော့ သင့် Library ထဲမှာရှိတဲ့ သီချင်းတွေကို Scan ပြုလုပ်ပေးနိုင်သလို၊ သီချင်းတွေရဲ့ အသံအရည်အသွေးကိုလည်း ချိန်ညှိပေးနိုင်တဲ့ Apple ရဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ သီချင်းရဲ့ အသံအရည်အသွေးဟာလည်း သင့်သီချင်းဖိုင်ရဲ့ ဖိုင်အရွယ်အစားပေါ်မူတည်ပြီး ကောင်းမွန်တဲ့ အသံအရည်အသွေး ဖြစ်မဖြစ်နဲ့လည်း သက်ဆိုင်ပါသေးတယ်။ iTunes ပေါ်က ပြုလုပ်တဲ့ အသံပိုမိုကောင်းမွန်စေမယ့် Feature တွေကတာ့ သာမန်ထက် ပိုမိုကောင်းမွန်အောင် ပြုပြင်ဖန်တီးပေးမယ့် နည်းပညာပဲဖြစ်ပါတယ်။



ရေးသားသူ -သီဟဇော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်