Friday, December 14, 2012

အမျိုးသားဥယျာဉ်ကြီးများတွင်လည်း သစ်ခိုးထုတ်မှုများ ရှိနေ

Posted by drmyochit Friday, December 14, 2012, under | No comments



မြန်မာ နိုင်ငံရှိ အမျိုးသား ဥယျာဉ်ကြီး များတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးစည် သူလွင်က ပြောကြား လိုက်သည်။ မြန်မာ နိုင်ငံရှိ အာဆီယံ အမွေ အနှစ် ဥယျာဉ်များ အဖြစ် သတ်မှတ် ထားသည့် အမျိုးသား ဥယျာဉ် များမှာ- ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်၊ အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်နှင့် နတ်မတောင် အမျိုးသား ဥယျာဉ်တို့ ဖြစ်ကာ လက်ရှိတွင် အဆိုပါ အမျိုးသား ဥယျာဉ် များတွင် သစ် ခိုးထုတ် မှုများ ဖြစ်ပေါ် လျက်ရှိသည်။


ဦးစည် သူလွင်က “ကျွန်တော်တို့ သစ် ခိုးထုတ်မှု တွေက နေရာတိုင်းမှာ ရှိနေ တာပါပဲ။ ဒါပေမယ့် အမျိုးသား ဥယျာဉ်လို နေရာမျိုးတွေမှာ သစ်ခိုးထုတ် မှုတွေ ကို တွေ့ရတာ ကတော့ တော်တော် ဆိုးတယ်” ဟု ပြော သည်။ မြန်မာ နိုင်ငံတွင် သစ်တော ပြုန်းတီးမှုများ ဖြစ်ရခြင်းမှာ တရားမဝင် သစ်ခိုး ထုတ်မှုများ၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ ပြန်လည် စိုက်ပျိုးမှု အားနည်းခြင်း၊ ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးမှုများ ရှိသည့် အနက် ထင်းမီးသွေး လောင်စာ အတွက် အသုံး ပြုမှု များသည်လည်း သစ်တော ပြုန်းတီး မှုကိုများ စွာ ဖြစ်ပေါ် စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောဆို ထားသည်။ 

အမျိုးသား ဥယျာဉ် ကြီးများတွင် သစ်ခိုး ထုတ်မှုများ ရှိနေမှု ပိုမို များပြား လာခြင်းမှာ ဥပဒေကို လေးစား လိုက်နာမှု မရှိဘဲ လက်တစ် လုံးခြား လုပ်ကိုင် နေကြခြင်းကြောင့် ဖြစ်ကြောင်း သစ်တော ပညာရှင် များက သုံးသပ် ကြသည်။ ယင်းနှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်း မျိုးသူက “အမျိုးသား ဥယျာဉ် လို့ဆိုတာ ဇီဝ မျိုးကွဲ ထိန်းသိမ်းတဲ့ နေရာပါ။ အမျိုးသား ဥယျာဉ်လို့ သတ်မှတ် လိုက်တာနဲ့ အဲ့ဒီ နေရာမှာ ရှိတဲ့ သတ္တုတူးတာ၊ တံတား ဆောက်တာ ဘာမှ လုပ်လို့ မရပါဘူး။ အခု ကျွန်တော်တို့ နိုင်ငံ ဖြစ်နေ တာတွေက ဘာရှိရှိ ရှိတာ အကုန် တူးတယ်။ အမည်ပဲ ရှိတယ်” ဟု ပြောကြား ခဲ့သည်။ မြန်မာ နိုင်ငံတွင် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန် ချက်မှာ သစ်တော ဖုံးလွှမ်းမှု ဧရိယာ ၄၆ ရာခိုင်နှုန်း ရှိသည် ဆိုသော်လည်း သစ်တော ပညာရှင် များ၏ အဆိုအရ မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ၂၅ ရာခိုင် နှုန်းသာ ရှိတော့ကြောင်း သိရှိ ရပါသည်။ 

(ရန်ကုန်တိုင်းမ်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်