Friday, December 14, 2012

SCUD ဒုံးကျည်များဖြင့် ဆီးရီးယား ပစ်ခတ်လျက်ရှိဟု နေတိုး ပြောကြား

Posted by drmyochit Friday, December 14, 2012, under | No comments


ဘရပ်ဆဲလ်   ဒီဇင်ဘာ   ၁၃
ဆီးရီးယား အစိုးရသည် ပဲ့ထိန်းစနစ် မပါသော တာတိုပစ် ဒုံးကျည်များအား ယခု သီတင်းပတ်က ပစ်လွှတ် ခဲ့သည်ဟု သိရကြောင်း ဒီဇင်ဘာ ၁၂ ရက်၌ နေတိုးတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ဆင်ဟွာသတင်း ဌာနသို့ ဖုန်းဖြင့် သတင်းပေး ပြောကြားခဲ့သည်။


အဆိုပါ ဒုံးကျည်များ၏ သွားရာ လမ်းကြောင်းနှင့် အကွာအဝေးကို ကြည့်ခြင်း အားဖြင့် Scud ဒုံးကျည် အမျိုးအစားဟု နေတိုးအဖွဲ့က ယူဆခဲ့ကြပြီး အသေးစိတ် သတင်းအချက် အလက်များနှင့် ဆီးရီးယား နိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည့် ပျက်စီး ဆုံးရှုံးမှု များကိုလည်း အတိအကျ မသိရသေးကြောင်း ၎င်းကထပ် လောင်းပြော ကြားခဲ့သည်။

အဆိုပါ ဒုံးကျည်များအား ဆီးရီးယား နိုင်ငံမှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သော်လည်း တူရကီ နယ်နိမိတ် အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြ၀တီ မှကူးယူဖော်ပြသည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်