Friday, December 14, 2012

လျှို့ဝှက် အာကာသယာဉ် တစ်စင်း အမေရိကန် လွှတ်တင်

Posted by drmyochit Friday, December 14, 2012, under | No comments


(ဝါရှင်တန် ဒီဇင်ဘာ ၁၂)
အမေရိကန် လေတပ်သည် ဖလော်ရီဒါ ပြည်နယ် အတွင်းရှိ ကိတ်ပ်ကာနာ ဗာရယ် အာကာသ စခန်းမှ လျှို့ဝှက် အာကာသယာဉ် တစ်စင်းအား ဒီဇင်ဘာ ၁၁ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ X-37B အာကာသ ယာဉ်သည် လူလိုက်ပါခြင်း မရှိသည့် အာကာသ ယာဉ်ငယ်တစ်စီး ဖြစ်ပြီး ၎င်းအား Atlas V rocket ဒုံးပျံကို အသုံးပြု၍ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းအာကာသ ယာဉ်သည် ထောက် လှမ်းရေးများ လုပ်ဆောင်ရန် အာရုံခံ ကိရိယာ များကို သယ်ဆောင်သွားဖွယ် ရှိကြောင်းသိရ သည်။

  သို့ရာတွင် အဆိုပါ အာကာသ ယာဉ်ကို လွှတ်တင်ရသည့် ရည်ရွယ်ချက်နှင့် မည်သည့် ပစ္စည်းများကို သယ်ဆောင် သွားခဲ့သည် စသည့် အသေးစိတ် အချက်အလက် များကို လေတပ်မှ ထုတ်ဖော် ပြောကြား ခဲ့ ခြင်း မရှိပေ။ X-37B အမျိုးအစား မောင်းသူမဲ့ အာကာသ ယာဉ်အား လွှတ်တင်မှုသည် အမေရိကန် လေတပ်၏ တတိယ အကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်ပြီး လေတပ်တွင် ဘိုးရင်း ကုမ္ပဏီထုတ် အာကာသယာဉ် နှစ်စီးရှိကြောင်း သိရသည်။ 

မြ၀တီသတင်းဌာနမှကူးယူဖော်ပြသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်