Friday, December 14, 2012

ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းရန် Facebok အကူအညီပေး

Posted by drmyochit Friday, December 14, 2012, under | No comments



ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး စာရင်းဝင် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်း တစ်ခုကို အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို (FBI)က ဖြိုခွင်းရာတွင် Facebookက အကူအညီ ပေးခဲ့ကြောင်း သိရှိရသည်။ FBIသည် Yahosအမည်ရှိ Malwareများ ဖြန့်ချီမှုတွင် အဓိက တာဝန်ရှိသည့် လူ(၁၀)ဦးပါ ကွင်းဆက်တစ်ခုကို ဖမ်းဆီး ချေမှုန်းနိုင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် ကမ္ဘာကျော် Social Networking ဝက်ဘ်ဆိုက်ကြီးက နောက်ကွယ်မှ နည်းပညာပိုင်းဆိုင်ရာ အကောင်းဆုံး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Yahooသည် ကမ္ဘာပေါ်တွင် ကွန်ပျူတာ အလုံးရေ (၁၁)သန်းကျော်ကို ထိခိုက်စေခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် ဒေါ်လာ သန်း(၈၅၀)ကျော် ရှိခဲ့ကြောင်း FBIက ပြောကြားထားသည်။ Butterfly Botnetဟု အမည်ဝှက် မှည့်ခေါ်ထားသော ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းသည် အဓိကအားဖြင့် အကြွေးဝယ်ကတ် နံပါတ်များ၊ ဘဏ်အကောင့် နံပါတ်များနှင့် အသေးစိတ် အချက်အလက်များကို ခိုးယူရန် ရည်ရွယ်ထားသည်။ 

Facebook၏ နည်းပညာ လုံခြုံရေး အဖွဲ့သည် ယခုကြိုးပမ်းမှုတွင် FBIကို အကောင်းဆုံး ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ Yahosသည် Facebook အသုံးပြုသူများကိုပါ ရည်ရွယ်တိုက်ခိုက်ခဲ့ပြီး (၂၀၁၀)ပြည့်နှစ်မှ (၂၀၁၂)ခုနှစ် အောက်တိုဘာလထိ Facebookမှတစ်ဆင့် Malwareများ ထောင်ချောက်ဆင်ခဲ့သည်။ အဖမ်းခံရသူများတွင် ဗြိတိန်နှင့် အမေရိကန်တို့မှ Hackerများအပြင် ဘော့စ်စနီးယား ဟာဇီဂိုးဗီးနား၊ ခရိုအေးရှား၊ မက်စီဒိုးနီးယား၊ နယူးဇီလန်နှင့် ပီရူးတို့မှလည်း ပါဝင်နေကြောင်း သိရှိရသည်။

Planet News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်