Monday, December 17, 2012

ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် - မာဃသစ္စာ

Posted by drmyochit Monday, December 17, 2012, under | No comments


ရန်ကုန်မှာ ရခိုင်တွေအများကြီး ဖြစ် လာပြီ။ ရခိုင်တွေ အများကြီးဖြစ်လာတော့ ရခိုင်တစ်ယောက်ဖြစ်တဲ့
ကျနော်လည်း ရခိုင်အသိုင်းအ၀ိုင်းနဲ့မတွေ့မဖြစ် တွေ့လာရတယ်။ ဟိုအရင်တုန်းက ကျနော်တို့ တစ် လမ်းပေါင်းမှ ရခိုင်အိမ်(၂)အိမ်ပဲ ရှိတယ်။ အခုဆို တစ်လမ်းလုံးပေါင်းရင် ရခိုင်အိမ်(၆)အိမ်အထက်မှာ ဖြစ် လာပြီ။ ကျနော် တွေးမိတယ်။ ရခိုင်ပြည်ကြီးဟာ နိုင်ငံခြားသို့ လူဦးရေယိုစီးရုံသာမက ပြည်မကြီးနဲ့ အခြား ပြည်နယ်တွေ ကိုပါ တစိမ့်စိမ့် လူဦးရေ ယိုစီးခြင်း ခံနေရတယ်။

နှစ်စဉ်နှစ် တိုင်းပဲ အခြားပြည်နယ်နဲ့ ပြည်မကြီးက လူငယ်တွေလိုပဲ ရခိုင်လူငယ်တွေ မလေးရှား၊ ထိုင်းနဲ့ စင် ကာ ပူ အစရှိတဲ့ နိုင်ငံတွေကို အလုပ်အကိုင်နဲ့ ငွေကြေးအတွက် ထွက်ခွာနေကြတယ်။ မောင်တောနဲ့ ဘူးသီး တောင် လို လုံခြုံစိတ်ချမှုမရှိတဲ့ ဒေသက ရခိုင်တွေကလည်း ပြည်မကြီးကို အလုံးအရင်းနဲ့ ပြောင်းရွှေ့ လာကြတယ်။

အခုဆိုရင် ရန်ကုန်တိုင်းမှာဆို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ရတဲ့အထိ များပြားနေပြီ။ ရန်ကုန်မှာ များပြားနေတာဟာ ရခိုင်မှာ ရခိုင်လူမျိုးတွေ တဖြည်းဖြည်း အားလျှော့နေတာကို ညွှန်းတယ်။ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် ဘင်္ဂါလီတွေကို ဘယ်နည်းနဲ့မှ တွန်းလှန်နိုင်စရာ လမ်းမမြင်ဘူး။

တစတစ လျှော့နည်းလာတဲ့ လူဦးရေဟာ နိုင်ငံတော်အစိုးရအဖို့ အဲဒီဒေသမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပေးဖို့၊ လုံခြုံမှုရှိအောင် လုပ်ပေးဖို့ မီးမောင်းထိုးပြနေပေမယ့် တာဝန်ရှိသူတွေကတော့ မြင်ပုံမရဘူး။ တာဝန်ရှိသူတွေမြင်တာက ဘင်္ဂါလီနဲ့ ပတ်သက်ပြီး နိုင်ငံခြားရဲ့အငြိုအငြင် မခံရဖို့ပဲ၊ ၀န်ကြီးဦးခင်ရီကတောင် ပြောလိုက်ပါပြီ။ ရခိုင်ပြည်မှာ ခိုးဝင်တဲ့ ဘင်္ဂါလီမရှိတဲ့။ မအံ့သြမိတော့ပါဘူး။ ခံခဲ့ရပေါင်းလည်း များခဲ့ပြီလေ။

ပြဿနာတစ်ကြိမ်ဖြစ်ပြီးတိုင်း ရခိုင်လူမျိုးတွေ ကိုယ့်မြေကို စွန့်ခွါနေကြရင် နောင်မဝေးလှတဲ့ နှစ်တွေ များ မှာ ရ ခိုင်ပြည်ရဲ့ အနာဂါတ်ဟာ မတွေးရဲစရာပဲ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ပြည်နယ်ကိုစွန့်ခွာ သွားခဲ့ကြ တဲ့ တိုင်းရင်းလူမျိုးအဖြစ်ကိုပါ ရောက်သွားနိုင်ချေရှိတယ်။



အစိုးရအနေနဲ့ နှစ်ပေါင်းငါးဆယ်လောက်အတွင်း မြန်မာနိုင်ငံ တစ်ခုလုံးကို ပြန့်နှံ့သွားတဲ့ ရခိုင်လူဦးရေကို အခုထဲက စာရင်းကြို ကောက်ကြည့်သင့်တယ်။ ဘယ်လူမျိုးကမှ ကိုယ့်ဒေသလုံခြုံရင်၊ ကိုယ့်ဒေသ စီးပွားရေးကောင်းရင်၊ ကိုယ့်ဒေသကို စွန့်ခွာမှာမဟုတ်ဘူး။

ရခိုင်ကမ်းလွန်ဒေသမှာ သဘာဝဓါတ်ငွေ့ထွက်တယ်၊ ရေနံထွက်တယ်။ နည်းနည်းမဟုတ်ဘူး၊ အကြီး အကျယ် ကိုထွက်တာ။ ရခိုင်ကမ်းမြောင်ဒေသဟာ ရေနက်ဆိပ်ကမ်းဆောက်ရတဲ့အထိ အချက်အချာ ကျတယ်။

ဒါပေမယ့် အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေ အကုန်လုံးကို နိုင်ငံတော် အစိုးရကပဲ ရယူသွားတယ်။ သဘာဝဓါတ်ငွေ့ အလျှံ အပါယ်ထွက်တဲ့ ရခိုင်ဒေသမှာ မြို့နယ်အချို့ကလွဲပြီး ရွာတွေမီးမရကြဘူး၊ မီးရတဲ့ မြို့နယ်တွေကလည်း ညနေ(၆)နာရီ ကနေ (၁၀)နာရီလောက်ပဲရတယ်။ မီတာခကလည်း ခေါင်ခိုက်နေရဲ့။

ပုဂ္ဂလိကမီးတွေဆို ကိုယ်တိုင်မီးကြိုးသွယ်၊ တိုင်ထောင်၊ မီတာခကို နင့်နေအောင်ပေးပြီး ယူရတယ်။ ရခိုင်မြေက သယံဇာတတွေကို ရခိုင်ပြည်နယ်သားတွေ (၁၀)ရာခိုင်နှုန်းတောင် ခံစားခွင့်မရှိဘူး။ စီးပွားရေး အခွင့် အရေး တစ်ခုမှ မပေးနိုင်ဘူး။ အများစုဟာ လယ်သမားနဲ့ တံငါသည်တွေ ဖြစ်နေတယ်။ လယ်သ မားတွေ ကလည်း စစ်တပ်ရဲ့ အသိမ်းကို ခဏခဏခံနေရတယ်။ တံငါသည်တွေဆီက နယ်ဗီ (တပ်မတော်ရေ တပ်)က ဓါတ်မီးတလက်လက်နဲ့ ကမ်းကပ်ခိုင်းပြီး စက်လှေဆို ဆီတောင်းတယ်၊ လှေဆို ငါးတောင်း တယ်။

ဘင်္ဂါလီတွေဟာ အပေါင်းအသင်း ဆံ့တယ်၊ ရခိုင်တွေက ကန့်လန့်ပြောတယ်၊ ဘင်္ဂါလီတွေက ဖားယား တတ်တယ်၊ ရခိုင်တွေက ဂွပြောတယ်၊ ဘင်္ဂါလီတွေက ဆရာအခေါ်ကောင်းတယ်၊ ရခိုင်တွေက ဒုတ်ထိုး အိုးပေါက်။ ရခိုင်ပြည်မှာ တာဝန်ကျတဲ့ အစိုးရအရာရှိဝန်ထမ်းအများစုက ဘင်္ဂါလီတွေနဲ့ တည့်တယ်။ ရခိုင်တွေ ကိုရွံ့တယ်။ ဒဲ့ပြောလွန်းတော့၊ အပြောအဆိုမတတ်တော့ ရိုင်းတယ်ဖြစ်တယ်။ ဘင်္ဂါလီတွေက အဲ့နေ ရာ တော်တယ်၊ သနားအောင်နေတယ်၊ ခြေသလုံး ဖက်မတတ် ဖားတယ်၊ ရခိုင်ပြည်မှာ ရခိုင် အများစု ဟာ လူရာမ၀င်တော့ဘူး။

ကားလမ်းတွေဟာ အင်္ဂါဂြိုလ်ရဲ့ မျက်နှာပြင်ကို မှန်းဆမိစေတယ်။ ဆေးရုံတွေဟာလည်း မြို့နယ်တွေ မှာပဲရှိတယ်။ တချို့ ကျေးရွာဘက်က လူနာတွေဟာ ကားလမ်း မရှိတော့(မကောင်းတော့) လမ်းမှာပဲ အသက် ဆုံးသွားရရှာတယ်။ တောင်ကုတ်မြို့ကနေ ကျောက်ဖြူ၊ အမ်း၊ စစ်တွေဘက်ကိုသွားရင် နွေရာသီ ဆို မျောက်ဖြူဖြစ်တယ် (ဖုန်တက်လို့)၊ မိုးရာသီဆို ကားကိုလူတွေက ကြိုးနဲ့ဆွဲတင်ရတယ်(ရွှံ့နွံနစ်လို့)။ ဘ၀ တစ်သက် တာမှာ နေရာစုံသွားခဲ့ဖူးတယ်။ အဆိုးဆုံးကတော့ ရခိုင်ပြည်က ကားလမ်းပဲ။

ရွာဘက်ကို သွားတဲ့လမ်းတွေဟာ ပိုဆိုးတယ်။ ရွှံ့တွေက ဒူးဆစ်ကျော်လောက် ရှိတယ်(ရေမဟုတ်ဘူးနော် ရွှံ့တွေ)။ ရွာ မူလတန်းကျောင်းမှာ တာဝန်ကျတဲ့ ဆရာမ ပေါက်စလေးတွေက နေ့စဉ် ဒီလောက် ဆိုးဝါးတဲ့ လမ်းကို မသွားကြနိုင်ချေဘူး။ တော်တော်များများက ထွက်စာတင်ကြတယ်။ ရွာ မူလတန်းကျောင်းတွေဟာ ပိတ်ထား ရတယ်။ ရွာက ကလေးတွေကတော့ ရွှံ့ဒူးဆစ်ကျော်ကို နေ့စဉ် အသွားတစ်ခါ အပြန်တစ်ခါ ဖြတ်ပြီး မြို့ကျောင်းကို တစ်နေ့ ပျမ်းမျှ(၃) နာရီ ခြေကျင်ခရီးနဲ့ တက်ရရှာတယ်။ အနာဂါတ်ရဲ့ သနားစရာ သားကောင်းတွေ ရခိုင်တွေဟာ ကိုယ်နေရတဲ့ဘ၀ကို ကိုယ် ပြန်မုန်းလာတယ်။

ဥပေက္ခာအပြုခံရမှုကို နာကျဉ်းလာကြတယ်။ အုပ်ချုပ်သူလူတန်းစား ကိုလည်း စိတ်နာလာကြတယ်။ ဘ၀ကို ဒီနေရာကထွက်မှ တက်လမ်းရမယ်ဆိုတဲ့ အတွေးတွေ ပေါက်လာတယ်။ မြို့မှာနေရင် ဆိုက်ကား သမား၊ တောမှာနေရင် လယ်သမား၊ ကမ်းမှာနေရင် တံငါသည် (အများစု ကိုပြောတာပါ) ဖြစ်မဲ့အတူတူ လူငယ်တွေ ဟာ ရှိသမျှရင်းပြီး နိုင်ငံခြားထွက်ကြတယ်၊ ရန်ကုန်ကိုလာကြတယ်၊ မြ၀တီကိုသွားကြတယ်၊ တာချီလိတ် ကို တက်ကြတယ်။ အဓိက အင်အားယိုစီးမှုကြီး။

စီးပွားရေးကလည်းမကောင်း၊ ကျန်းမာရေးအတွက်လည်း မသင့်တော်၊ လုံခြုံမှုလည်း စိတ်မချရ၊ ဘယ် အချိန် လည်လှီးခံရမှန်း မသိရတဲ့နေရာက (ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်) ရခိုင်လူမျိုးတွေဟာ မိသားစု လိုက် မူရင်း နေရာတွေကို စွန့်ခွာလာကြတယ်။ တစတစ လျော့နည်းလာတဲ့အခါ အနိုင်ကျင့် မှုကြီးနဲ့ ကြုံလာ ရတယ်။ နိုင်ငံတော်အစိုးရကို အားကိုးပေမယ့်လည်း ရာသီဥတုက အချိန်တော်တော် များများ ကိုယ့်ဘက်ကိုမပါ။


ဟိုအရင်က ရခိုင်လူထုဟာ အစိုးရထက်စာရင် အန်အယ်ဒီကို ပိုပြီးတော့ အားကိုးခဲ့ကြပေမယ့် ပဋိပက္ခ အတွင်းမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်လူထုရဲ့ ထောက်ခံမှုကို အပြည့်အ၀ရခဲ့တယ်။ ဒါ ရခိုင်လူ ထုဟာ ခေါင်းဆောင်ရှာနေတယ်(အားကိုးရမဲ့လူရှာ နေတယ်၊ အားကိုးရှာနေတယ်၊ အားငတ် နေတယ်) ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်တယ်။

ပဋိပက္ခ အပြီးမှာတော့ သမ္မတအစိုးရရဲ့ ရပ်တည်ချက်အားနည်းမှုနဲ့ ၀န်ကြီးဦးခင်ရီနဲ့ ခိုးဝင်လာသူမရှိဘူး။ ဘင်္ဂါလီတွေ ကို နိုင်ငံသားပေးမယ်ဆိုတဲ့ ကောလဟာလတွေ ကြောင့် ရခိုင်လူထုအတွင်းက နာကျဉ်းမှုတွေ ဟာ အပြင်ကိုလျှံထွက် လာကြတယ်။ တချို့လူငယ်တွေဆို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ကြတဲ့ ရခိုင် လက်နက် ကိုင် အဖွဲ့အစည်းထဲကို ရောက်သွားတယ်။

ရန်ကုန်နဲ့ အခြားနေရာကိုရောက်နေတဲ့ ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်က သတင်းကို အလော တကြီးနားစွင့်နေကြရရှာတယ်။ မိဘမောင်ဘွားတွေရော လွတ်ရဲ့လား၊ ဆွေးမျိုးတွေများ သေပြီလား၊ အသိတွေ များ အသတ်ခံရပြီလား၊ ကွန်မြူနတီတွေ ဖွဲ့ပြီး လှုပ်ရှားလာကြတယ်။ အရင်ကထက်စာရင် ပိုပြီး အဖွဲ့ အစည်း ဆန်လာတဲ့ သဘောတွေကို တွေ့ရပေမယ့် ရခိုင်ပြည်ကတော့ သူတို့ရဲ့ အင်အားကို ကိုယ်ထိ လက်ရောက် လိုချင်ခဲ့မှာပါ။ ပြန်ချင်တိုင်း ပြန်လို့မရ၊ ကူချင်တိုင်း ကူလို့မရတဲ့ အဖြစ်တွေ။

ြ်ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ လေးစားရပါသော သမ္မတကြီး၊ မြန်မာ့ ဒီမိုကရေ စီခေါင်း ဆောင် ဒေါ်အောင် ဆန်းစုကြည်တို့ကို အကြံပြု လိုပါတယ်။ လူကြီးမင်းတို့မှာ အင်မတန် အလုပ် များကြောင်း သိပေမယ့်၊ ပြည်နယ်တစ်ခုပြိုကွဲမယ့်၊ တိုင်းရင်းသားလူမျိုးတစ်ခုလုံး နေစရာ ပျောက်မယ့်၊ နိုင်ငံတော်ရဲ့ ရှက်ဖွယ်လိလိကိစ္စတွေ ဖြစ်မလာစေချင်ဘူးဆိုရင် ကျနော်တို့ရဲ့ ရခိုင်ပြည်နယ်ကိစ္စကို အပေါ်ယံ မဟုတ်ပဲ၊ ငါးပွက်ရာငါးစာချ ခဏတာ သာမဟုတ်ပဲ၊ စီမံကိန်းတွေနဲ့ အသေအချာ ကြပ်ကြပ် မတ်မတ် ပြုပြင် အစီ အစဉ် ချနိုင်မှသာ (အခု ချက်ချင်း အကောင်အထည်ဖော်နိုင်မှသာ) ပြည်နယ်ပြိုကွဲ မယ့်အဖြစ် မှ အချိန်မီနိုင်သေးပါကြောင်း။


မာဃသစ္စာ

နောက်ဆက်တွဲ ဖော်ပြချက်


တာလီဘန်ဆိုသည်မှာ အစ္စလာမ် အကြမ်းဖက်ဒုစရိုက်သမား။ OIC ဆိုသည်မှာ ဘာသာရေး အကြောင်းပြ ပြီး မွတ်ဆလင်များကို တစ်ဖက်လှည့်နှင့် မြှောက်ပေးနေသော ဘာသာရေး နယ်ချဲ့ သမားများသာ ဖြစ်ပါ သည်။ OIC ကို မြန်မာနိုင်ငံတွင် ထားရှိခြင်းအားဖြင့် မြန်မာနိုင်ငံကို အစ္စလာမ်မစ် နိုင်ငံအဖြစ်သို့ အနုနည်း အကြမ်း နည်းဖြင့် အမြန် ဆုံးရောက်ရှိစေမည် ဖြစ်သည်။

မည်သည့်အစ္စလာမ်မစ်နိုင်ငံမျာ တွင်မှ မြန်မာလူမျိုးတို့ သွားရောက်ပြုမူ လုပ်ကိုင်ခွင့်မရနိုင်သော ခြောက်လမ်း သွား လမ်းမကြီးများပေါ်တွင် ယာဉ်ကြောတစ်လမ်းယူကာ Tank ထိုး ပိတ်ဆို့ပြောင်ပြောင် တင်းတင်း ၇၈၆ တံဆိပ်ဖြင့် စည်းကမ်းမဲ့ ရောင်းဝယ် ဖောက်ကားခြင်း။

မွတ်ဆလင်နိုင်ငံများတွင် မြန်မာလူမျိုးများ အလုပ်သမားအဖြစ်သာ ခိုင်းစေထားရှိ လုပ်ကိုင်ခွင့်ပေးသော် လည်း မြန်မာနိုင်ငံတွင်မူ အများပိုင် အချက်အချာကျသော နေရာများတွင် ဆိုင်ကြီးကန္နားကြီးများဖွင့်လှစ်ပြီး စိတ်ကြိုက် စီးပွားရေး သောင်းကျန်းနိုင်ခြင်း။

ဘာသာရေးပတ်သက်သော ပျော်ပွဲရွှင်ပွဲများအား ကန့်ကွက်သူမဲ့ ကျင်းပခွင့်ရှိသည့်အပြင်၊ အကန့်အသတ်မဲ့ ဆူညံ့စွာ ဗလီများမှ ဆူညံစွာ နွားအော်သကဲ့သို့ အကြိမ်ရေများစွာ ပတ်ဝန်းကျင်အား အနှောင့် အယှက် ပေးနိုင်ခြင်း၊ အခြား ဒီမိုကရေစီဟုဆိုသော နိုင်ငံများတွင် အကန့်အသတ်ဖြင့်သာ သတ်ဖြတ် ညှင်းဆဲခွင့် ရသော အစ်ပွဲတော်ကို ပိုက်ဆံရှိလျှင် ရှိသလောက် မြန်မာနိုင်ငံတွင် ၀ယ်ယူနှိပ်စက် သတ်ဖြတ် ခွင့်ရှိခြင်း။

ဒီမိုကရေစီနိုင်ငံများတွင် အိမ်၊ ခြံ၊ မြေ၊ တိုက်တာအဆောက်အဦးများကို ပိုက်ဆံရှိတိုင်း အကုန်လုံး လက်ဝါးကြီး အုပ် ၀ယ်ယူခွင့်မရနိုင်သော်လည်း မြန်မာ့မြေပေါ်တွင် ပိုက်ဆံရှိလျှင် မွတ်ဆလင် ရပ်ကွက် အဖြစ် မည်သူ့ ကိုမျှ ဂရုစိုက်စရာမလိုဘဲ တစ်ရပ်ကွက်လုံး ၀ယ်ယူတည်ထောင်ခွင့်ရထားခြင်း။

ဗုဒ္ဓဘာသာနိုင်ငံတွင် စေတီပုထိုးများနှင့်အပြိုင် ရင်ဘောင်တန်းလျှက် ဗလီကြီးများ ဟီးနေအောင် စည်းမဲ့ ကမ်းမဲ့ မထီမဲ့မြင် ဆောက်လုပ်ခဲ့၊ ဆောက်လုပ်ဦးမည် ဖြစ်ခြင်း။

အစ္စလာမ်မစ်နိုင်ငံ များတွင် ဘာသာခြားနှင့် လက်ထပ်ပါက သူတို့ဘာသာဝင်အဖြစ် ကူးပြောင်းကိုးကွယ်မှ အတည်ပြု တရားဝင်ဇနီးမယား လင်ယောက်ျားနိုင်ငံသား ဖြစ်ခွင့်ရှိသော်လည်း မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာ သာဝင် မြန်မာအမျိုးသမီးများအား အဓမ္မဖြစ်စေ၊ ငွေနှင့်ပေါက်၍ဖြစ်စေ၊ ချော့မော့ဖြားယောင်း၍ဖြစ်စေ၊ နည်းမျိုးစုံ သုံးကာ စိတ်ကြိုက်ချယ်လှယ်ပြီး ဗုဒ္ဓဘာသာထဲသို့ ကူးပြောင်းစရာမလိုသည့်အပြင်၊ ကန့်ကွက်သူ၊ တိုင်ကြား သူ၊ အရေးယူသူမဲ့၊ လွတ်လပ်စွာ သူတို့ဘာသာထဲသို့ ဇာတ်သွင်း၊ အလိုရှိသလောက် စိတ်ကြိုက် ယူ ပိုင်ခွင့်ရှိခြင်း။

မွတ်စ်လင်တို့အနေဖြင့် ၇၈၆ မဟုတ်သောဆိုင်များတွင် အားပေးဝယ်ယူ စားသုံးခြင်း မပြုလုပ်သော်လည်း၊ မြန်မာ လူမျိုးများ အနေဖြင့် အလှူအတန်း၊ သာရေးနာရေး ပွဲများမှ စပြီး အပျင်းပြေ ကွမ်းယာ စားခြင်းအထိ ကုလား-မြန်မာ မခွဲခြားဘဲ၊ နှိမ်ချစော်ကားနှောင့်ယှက်ခြင်း မပြုဘဲ၊ ၀ယ်ယူအားပေးခြင်း။

လူ့အခွင့်အရေးဟု တအော်တည်း အော် နေသော နိုင်ငံကြီးများမှာပင် မရနိုင်သော အထက်ပါ အချက် အလက် များစွာကို မြန်မာနိုင်ငံတွင် အခမဲ့၊ စည်းကမ်းမဲ့၊ အထိန်းအကွပ်မဲ့၊ ဥပဒေမဲ့၊ အနှောင့်အယှက် မဲ့၊ ဖောသီစွာ ရရှိနေခြင်းကို မြန်မာလူမျိုးများ အားလုံး ကြည့်တတ်လျှင်မြင်ရမည် ဖြစ်သည်။

OIC ကို မြန်မာနိုင်ငံတွင် ထားရှိခဲ့ပါက အထက်ပါအချက်များအပြင် နောက်ထပ် အချက်တစ်ချက် ထပ်မံတိုးလာဦးမည် ဖြစ်သည်။ ထိုအချက်မှာ ““ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအား ထစ်ကနဲရှိ ပြဿနာ လုပ်၊ မဟုတ်သော သတင်းများအား နိုင်ငံတကာတွင် ၀ါဒဖြန့်၊ သူတို့အားစော်ကားသည်ဟု အကြောင်း ရှာကာ၊ တာလီဘန်၊ အယ်လ်ကေးဒါးတို့ဖြင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်၊ ဘာသာလူမျိုးကို အမြစ်ဖြုတ် အပျောက်ရိုက်လာမည်””ဆိုသော အချက်ပင် ဖြစ်သည်။

ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟုဆိုကာ OIC ကို မြန်မာနိုင်ငံတွင် တရားဝင် ထားရှိ လိုက်ပါက မြွေပွေးခါးပိုက်ပိုက် သည်ထက် ဆယ်ပြန်မက ဆိုးဝါးမည်ဖြစ်ကြောင်း သမ္မတနှင့်တကွ စစ်ဗိုလ် ချုပ်ကြီးများ အားလုံး နားလည် သဘောပေါက်ထားရန် အထူးလိုအပ်ကြောင်း။

မြန်မာတို့က ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ် သူဟု၊ သတင်းနှင့် သတင်း စာများတွင် ထည်လဲ သုံးနေသော်လည်း ရိုဟင်ဂျာထိလျှင် ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ ဟုဆိုသော မြန်မာ မွတ်ဆလင် အမည်ခံ ထစ်ကနဲရှိ အခွင့်အရေးတောင်း ဖို့တစ်ခုသာ ချောင်းနေသော လူ့တိရစ္ဆာန်များနှင့် တစ်ကမ္ဘာလုံးရှိ မွတ်ဆလင်များအားလုံး ရိုဟင်ဂျာဘက်က နာတတ်ကြောင်း သိဖို့အချိန်တန်ပြီ ဖြစ်ပါသည်။


မာဃသစ္စာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်