Monday, December 17, 2012

မြိတ်၊ ကံမော်ကျေးရွာ အသေးစားပေါက်ကွဲမှု စစ်ဆေးရာ ခဲနှင့် သတ္ထုစများတွေ့

Posted by drmyochit Monday, December 17, 2012, under | No comments


ကံမော်ကျေး ရွာတွင်ဖြစ် ပွားခဲ့သော အသေးစားပေါက်ကွဲမှုကို ကျွန်းစုမြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှပြည် သူ့ လွတ်တော် အမတ်ဒေါ်တင်တင်ရီနှင့် ပါတီဝင်များမှ ယနေ့နံနက်က သွားရောက် စစ်ဆေးခဲ့ တယ် လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အမျိုးသမီး 4 ဦးဒဏ်ရာ ရရှိခဲ့သလိုပေါက် ကွဲမှုဖြစ်ပွားသည့်နေ ရာနှင့်ဒေါ်အောင် ဆန်း စုကြည် မိန့် ခွန်းပြောကြားမည့်စင်မြင့်မှာ မနီးမဝေးတွင် တည်ရှိနေကြောင်း သိရတယ် ကံမော်ရွာမှာရှိနေ တဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနှင့်တာဝန်ရှိသူတွေ ကတော့ပေါက်ကွဲမှုကို ဘာမှမှတ်ချက် မပေးပေမယ့် သူနာပြုမျာ၊ ဆရာဝန်များနှင့်ပါတီဝင်များကတော့လူတွေကို ထိတ်လန့် အောင်ပေါက် ကွဲစေသော အရာတစ် ခုကိုလာရောက်ထားခဲ့သလား ဆိုတာကိုသံသယ ရှိနေကြပါတယ်။

ဒါပေမယ့် အမေစုရဲ့ခရီးစဉ် အပေါ် အဲဒီပေါက် ကွဲမှု သတင်းက ဘာမှ သက်ရောက်မှု မရှိနိုင်ဘူး လို့သိရ တယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးအုန်းကြိုင် ကတော့ခရီးစဉ်မပျက်နိုင်ကြောင်း နဂိုစီစဉ် ထားတဲ့ အတိုင်း ခရီးစဉ်များကိုသွားမည်ဖြစ်ေ ကြာင်းကော့သောင်း၊ ကျွန်းစု၊မ်ာကျေးရွာ တွေကိုခရီးစဉ် ဖျက်သိမ်းဖို့ မရှိကြောင်းပြောကြား ထားတာတွေ့ ရှိရပါတယ်။

ကံမော်ကျေးရွာကို သွားရောက် စစ်ဆေးရာ မှာပေါက်ကွဲမှုဖြစ် ပွားစဉ်အနီးနားမှ ခဲစများ၊သတ္တုစ များတွေ့ ရှိ ရ သည့်အတွက် ဆက်လက်စစ်ဆေးမှုတွေ လုပ်ဖို့စီ စဉ်နေကြောင်း သိရပါတယ်။

ကံမော်ကျေး ရွာသူ/သားများ ကတော့ အမေစုခရီးစဉ် ဖျက်သိမ်းမည်ကိုစိုးရိမ်နေကြပြီး ဟောပြောမည့် စင်မြင့်ဆောက် လုပ်ခြင်း နှင့် ကွင်းသန့်ရှင်းရေး များကိုမူ ဆက်လက် လုပ်ဆောင်နေကြောင်းသိရတယ်။


မိုးမြက်သူ 


Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်