Monday, December 17, 2012

ကမ္ဘာပျက်မည်ဆိုသော မာယန်တို့၏ ပစ်မှတ် ဒီဇင်ဘာ ၂၁ က ရက်ပိုင်းသာ လိုတော့သည်

Posted by drmyochit Monday, December 17, 2012, under | No comments


December 21, 2012 ခုနေ့မှာ ကျွန်ုပ် တို့ကမ္ဘာကြီး ပျက်လိမ့် မည် လို့ဆိုတဲ့သတင်းက ၂၀၁၀ လောက်ဆီ ကတည်းက ရေပန်းစား နေခဲ့သလို မကြာခင်မှာပဲ ထိုမာယန်တို့၏ ပစ်မှတ် ဒီဇင်ဘာ၂၁ ရက်ကို ရောက်ဖို့ ရက်ပိုင်းသာ လိုတော့သည်။

ကမ္ဘာပျက် မည်ဆိုသော ဟောကိန်းက မဖြစ်နိုင်ပေမယ့် ထိုဟောကိန်းကို ရုပ်ရှင်ဖြင့် သရုပ်ဖော် ရိုက်ကူးလို့ ဒေါ်လာသန်း ရာပေါင်းများစွာကို သဲ့ယူသွား ကြသလို Website တွေကို လူစိတ်ဝင်စား လာရအောင် ဖန်တီး ယူနေကြပြီး အများစုက မာယန်ပြက္ခဒိန်ကို မှီ၍ စီးပွားတွေ ဖြစ်သွားကြသူတွေ ကလည်း ဒုနဲ့ဒေး ရှိနေကြလျက်၊ မာယာပြက္ခဒိန်ရဲ့  ဟောကိန်း မတိုင်ခင်မှာလည်း ၁၉၉၉ ဇူလိုင်လမှာ ကမ္ဘာ့ အဏုမြူ စစ်ကြီး ဖြစ်လိမ့်မယ်၊

ကမ္ဘာပျက်လိမ့်မယ်လို့ နော်ထရာဒမ်မတ်စ် Notradamus ရဲ့ ဟောကိန်းကိုမှီပြီး စာအုပ် ထုတ်သူတွေကလည်း သူတို့စာအုပ် Bestseller ရအောင် သတင်းမီဒီယာ တွေနဲ့ပေါင်းပြီး လုပ်ဇာတ်များ ဖြည့်စွက် ဖန်တီးခဲ့ကြသူ များကလည်း ရှိနေခဲ့ကြသလို အထူးသဖြင့် ဂျပန်မှာ အဏုမြူ ရောင်ခြည်ဒဏ်မှ လွတ်ရန် မြေအောက်ခန်း တွေ ကို ဆောက်ကြလို့ Gas Mask များကလည်း ၁၉၉၈ ကတည်းက ရောင်းပန်းတွေ လှနေခဲ့ဖူးသည်။

ဘယ်လောက်တောင်လည်း ဆိုတော့ ရုရှား မော်စကိုမှ အကြား အမြင် ဆရာမ တစ်ယောက်က ရုရှားအစိုးရ၏ အစီအစဉ်ဖြင့် ကမ္ဘာလှည့် ၍ ၁၉၉၉ မှာ ကမ္ဘာပျက်မည့် အကြောင်းကို ရုရှားသံရုံးမှ တစ်ဆင့် သံအမတ် ကတော်များကို ဖိတ်ကြား၍ ဟောပြောပွဲများ လုပ်ခဲ့ဖူးသည်။ ၁၉၉၉ ခုနှစ်ဦးမှာ ထိုအကြားအမြင် ဆရာမလေးက မြန်မာပြည် ရုရှား သံရုံးကို ရောက်လာ ခဲ့ဖူးသည်။

ဒီတုန်းက ရုရှားသံရုံး၏ ဖိတ်ကြား ချက်ကြောင့် ဆရာဒဂုန်နဲ့ စာရေးသူက ရုရှားသံရုံး၌ ကျင်းပသော ထိုဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။ အကြားအမြင် ဆရာမလေးက လည်း နော်ထရာဒမ်မတ်စ် Notradamus ၏ဟောကိန်းကို သရုပ်ဖော် ဟောပြောခဲ့ပြန်သည်။

ဟောပြောပြီးလို့ ဧည့်ခံ ကျွေးမွေး တာကို စားသုံး နေကြစဉ် မှာတော့ စာရေးသူနဲ့ သတင်းထောက် ဆရာ ဦးအောင်ရွှေ ဦး တို့က မယောင် မလည်နှင့် ဆရာ မလေးဆီ ချဉ်းကပ်ပြီး ဘာကိုမှ မယုံတဲ့ ကွန်မြူနစ် ရုရှား က ဘာလို့ ဒီလိုဗေ ဒင်ဆရာ မကို ကမ္ဘာပတ်ပြီး နိုင်ငံတော် စရိတ်နဲ့ ဒီလိုဟောပြော ပွဲတွေ လုပ်ခိုင်း ရတာ လဲ လို့ ဆရာ ဦးအောင်ရွှေ ဦးက မေးလိုက်တော့ ဒီလို ရှင်းပြခဲ့ဖူးသည်။

ဒီဆရာမ လေးက “ဘောရစ်ယဲလ်ဆင်”ကို လူတွေ ပခုံးပေါ် မြှောက်တင်ထားကြ တာကို ကျွန်မမျက်စိ မြင်ကွင်းထဲ ကွင်းကွင်း ကွက်ကွက် မြင်လိုက်ရ တော့ ကျွန်မက ရဲရဲတင်းတင်း “ယဲလ်ဆင်”သမ္မတ ဖြစ်လာ လိမ့်မယ်လို့ ကြိုဟောကိန်း ထုတ်ခဲ့တာပါပဲ။ အဲဒီအတိုင်း ဖြစ်လာတော့ ကျွန်မကို နိုင်ငံတော်က လူသား အားလုံးကို အသိအလင်းပေးဖို့ အခုလို စေလွှတ် ခဲ့တာပါပဲလို့ ပြောခဲ့သည်။ 

ဒီတော့ ကျွန်တော့်ဆရာ ဦးအောင်ရွှေဦးက ဖြစ်နိုင်ရင် ကျွန်တော်တို့နိုင်ငံ အခြေအနေလေးကို တစ်ခုခု ပြောပေးနိုင် မလားလို့ မေးလိုက်ပါသည်။ ဒီတော့ ရုရှားဆရာမလေးက အတန်ငယ်စဉ်းစား ပြီး ကျွန်မ မြင်တာလေး ကိုတော့ ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမရောက်ခင် ကတည်းက မြန်မာပြည်မှာ နိုင်ငံရေးတွေ နဲ့ ပတ်သက် လို့ ဘာမှမပြော မဟောဖို့ ကျွန်မတို့ဆီက သတိပေး ထားတာလေး ရှိနေတာမို့ ပြောရမှာတော့ ခက်ပါတယ်။

ဒါကလည်း ကျွန်မအတွက် ထက် ရှင်တို့မှာ အန္တရာယ် ရှိသွားနိုင်တာမို့ပါ။ ဒါပေမဲ့ မြင်တဲ့မြင် ကွင်းလေး တစ်ခုကိုတော့ ပြောပြခဲ့ပါ့မယ်။ ဟောကိန်းတော့ မထုတ် ပါရစေနဲ့။ ရှင်တို့ဘာသာ အဖြေ ရှာယူကြ ပါလို့ပြောပြီး သူမက "ကျွန်မ လေယာဉ်ပျံပေါ်က ဆင်းလာတော့ ရုတ်တရက် ကျွန်မ မျက်စိမြင်ကွင်း မှာ ပန်းပန် ထားတဲ့ မိန်းမတစ်ယောက် ရှေ့မှာ စစ်သားတွေ လက်နက် ချနေတာကို ကွင်းကွင်း ကွက်ကွက် မြင်လိုက် ပါတယ်" လို့ ပြောပြီး သတင်းတော့ မဖြစ်ပါစေနဲ့လို့ ပြောခဲ့ဖူးသည်။ သည်တုန်းကတော့ အမှတ် တမဲ့ပါပဲ။

ဒါပေမဲ့ ဆယ်စုတစ်စု ကျော်သွားတော့မှ မီဒီယာဇာတ်ခုံ ပေါ်မှာ ခြိမ့်ခြိမ့်သဲဖြစ်နေတဲ့ အဲဒီပန်း ပန်ထား တဲ့မိန်းမကို တွေ့လိုက် ရသည်။ ဒီအချိန်မှာတော့ ဆရာဦးအောင်ရွှေဦး ကတော့ လောကကြီး ကို မမျှော် လင့်ဘဲ စွန့်ခွာလို့သွားပြီ ဖြစ်ပါတယ်။

ဒီတုန်းက အတိုက်အခံ ခေါင်းဆောင်က မီဒီယာ စာမျက်နှာများပေါ် မရောက်သေးသလို သူပန်းပန်တာကို ရုရှားဆရာ မလေး သိဖို့နေနေသာသာ ကျွန်တော်တို့ တောင် သတိမထား မိခဲ့ကြပေ။

ဆရာမလေး မြင်ခဲ့ သလို ပန်းပန်ထားတဲ့ မိန်းမတစ်ယောက်ရှေ့မှာ စစ်တပ်က လက်နက် ချနေကြတယ် ဆိုခဲ့သလိုပဲ အတိုက်အခံ ခေါင်းဆောင် လွတ်ပြီးတဲ့ အချိန်က စပြီး စစ်အစိုးရ ကလည်း အာဏာကို Surrender လုပ်သွားသကဲ့ သို့ပင်။ တိုင်းပြည်က စစ်အစိုးရနဲ့ ကင်းဝေးသွားခဲ့ပြီး ဖြစ်သည်။ 

ဆိုလိုချင်တာက ဟောကိန်းတစ်ခုကို လူတစ်ယောက် အတွက် ဟောမည်ဆိုပါက ဆယ်စုနှစ်နဲ့ ချီပြီး ကြိုပြီး ဟောကိန်းထုတ်သော် မှန်နိုင်ပေသည်။ သို့သော် ကမ္ဘာနဲ့ ချီပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်းခုနစ်ထောင် အတွက်ကို စုစည်းလို့ ကမ္ဘာပျက်မည် ဆိုသောဟောကိန်း မျိုး ကတော့ အထက်ပါ အတိုင်း နော်ထရာ ဒမ်မတ်စ် ပဲ ဟောဟော Mayan Calendar တို့လို ကမ္ဘာပျက်မည် ဆိုသောဟောကိန်း မျိုးတွေ ကတော့ ပါစင်အောင် လွဲမှားသွားတတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ သတ္တလောကကြီးကို သဘာဝ တရား တို့ ဖြင့်ဖန်ဆင်းထားပြီး လူသတ္တဝါ အပေါင်းတို့ကိုတော့ အကြောင်း တရားတို့ဖြင့် ဖွဲ့စည်းထား ပါသည်။

ဒီတော့ လူသားတို့၌ တစ်ဦးနဲ့ တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းတရားချင်းက မတူနိုင် သလို အကြောင်းတရားက ပေးထားသော သေခြင်းတရား၏ Timeline သက်တမ်းတွေကလည်း လုံးဝမတူနိုင်ပေ။ သို့ဖြစ်၍ သန်းပေါင်း ခုနစ်ထောင်လုံး၏ သေခြင်းတရား တို့ကလည်း တစ်ချိန် တည်း တစ်ရက်တည်း၌ စုံ၍ မကျရောက်နိုင်ပေ။ 

သို့ဖြစ်၍ ၁၉၉၉ ခုနှစ်တွင် အဏုမြူစစ်ကြီး ဖြစ်မည်၊ ကမ္ဘာကြီး ပျက်မည် ဆိုသော နော်ထရာဒမ်မတ်စ်၏ ဟောကိန်းကြီး ကလည်း ပါစင်အောင် လွဲမှားသွားခဲ့ရခြင်းပင် ဖြစ်သလို မာယန် ပြက္ခဒိန်၏ ဒီဇင်ဘာ ၂၁ ရက် ၂ဝ၁၂ ခုနေ့ ကမ္ဘာပျက်မည် ဆိုသောဟောကိန်းကြီး ကလည်း ပါစင်အောင် လွဲမှား သွားရတော့ မည်သာ။ 

သို့သော် မာယန်တို့၏ ဟောကိန်းက ဗေဒင်ဟောကိန်းတွေ မဟုတ်ဘဲ Astronomy အရ အာကာသဖြစ်စဉ် အာကာသ တွက်ရိုးတို့ ဖြင့် တွက်ချက် ဟောထားသော ဟောကိန်းများ ဖြစ်နေတာမို့ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမ္ဘာ မပျက်နိုင်ပေမယ့် ကျွန်ုပ်တို့ ကမ္ဘာမြေသို့ အသွင်မတူ သော သဘာဝ ဘေးရန်ကြီးနှင့် ရာသီဥတု ဖောက်ပြန် မှုကြီးများတော့ တစ်နှစ်ထက်တစ်နှစ် တစ်မူ ထူးခြားလို့ ကျရောက် လာနိုင်ဖွယ်တော့ ရှိမည် ဆိုတာ ကိုတော့ မာယန်ပြက္ခဒိန်က မီးမောင်းထိုး ပြထားခဲ့ ပါသည်။ 

ဒီတော့ မာယန်ပြက္ခဒိန်Mayan Calendar ဆိုတာဘာလဲ။ 

BC 2000 မှ AD 250 အထိ Mayan Civilization မာယန် ယဉ်ကျေးမှု ခေတ်ကြီးတစ်ခု ထွန်းကား ခဲ့ပါသည်။

မာယန် နှောင်းခေတ် တစ်ခုကတော့ 250 AD မှ 900 AD အတွင်းအထိ ရှိနေ ခဲ့သေးတယ်လို့ ယူဆကြရ ပါတယ်။

အဲဒီ မာယန် ယဉ်ကျေးမှုရဲ့ အင်ပါယာ ကြီးက မက္ကဆီကို အလယ်ပိုင်းမှသည် Honduras-Guatemala North El Salvador စတဲ့ မြောက်အမေရိကနဲ့ တောင်အမေရိကကို ဆက် သွယ်ထားတဲ့ ကျွန်းဆွယ် တစ်ခုလုံး က ၄င်း မာယန်ယဉ်ကျေးမှု ခေတ်ရဲ့သြဇာ လွှမ်းမိုးခဲ့ဖူးပါသည်။

မာယန် ယဉ်ကျေးမှုခေတ်မှာ တခြား ခေတ်ကြီးများနှင့် တစ်မူ ထူးခြားနေခဲ့တာကတော့ သူတို့ခေတ် မှာ သင်္ချာ ဘာသာ ရပ်များနှင့် Astronomy အာကာသ သိပ္ပံပညာရပ် များ ထွန်းကား နေခဲ့ခြင်းပင်ဖြစ်ပေ သည်။ 

သူတို့မှာ မူပိုင်းအာကာသ ဝေါဟာရ (Astronomy Terms) များ နှင့် သင်္ချာ ကိန်းဂဏန်းတွေ ရှိနေခဲ့ကြ သလို မာယန်တို့ နှစ်ပေါင်း ၄၀၀၀ လောက်ဆီက ပြက္ခဒိန် စနစ်က တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက် သတ်မှတ် ထားသော မျက်မှောက်ခေတ် ပြက္ခဒိန်နှင့် ထပ်တူထပ်မျှ ရှိနေတာကို ဘယ်လိုမှ ငြင်းမရနိုင်အောင် မာယန်ပြက္ခဒိန်က သက်သေ ပြထားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။

တကယ်တော့ မာယန်တို့မှာ သူတို့ဘုရားဟာ အာကာသ တစ်နေရာမှာ ရှိနေတယ်လို့ ဆိုတဲ့ယုံကြည်မှု တစ်ခုတည်းဖြင့် အာကာသ ကောင်းကင်မှာ ဘုရားသခင်ကို ရှာဖွေ ခဲ့ကြရာမှ မာယန်တို့ဟာ Astronomy အာကာသ စူးစမ်းလေ့ လာရေး နှင့် အာကာသ တွက်ရိုး ပညာရှင်များ ဖြစ်လာ ခဲ့ကြရခြင်းသာ ဖြစ်သလို အချို့မှာ ယနေ့ NASA ၏တွက်ကိန်းနှင့်ပင် ကွာဟမှု သိပ်မရှိတာ ကိုလည်း တွေ့ နေရပေသည်။ 

မာယန်တို့က နေ-လ နဲ့ သောကြာဂြိုဟ် တို့ကို အနီးကပ် လေ့ကြရာဝယ် သောကြာဂြိုဟ်ကို ပိုမို စိတ်ဝင်စား ခဲ့ကြသည်။ သောကြာ ဂြိုဟ်က ကမ္ဘာနဲ့ အနီးကပ်ဆုံး အချိန် နေနှင့် ပူးယှဉ်ခြင်း Inferior Conjunction နှင့် သောကြာ-ကမ္ဘာနှင့် အဝေးဆုံး အချိန် superior conjunction နေနှင့် သောကြာတို့၏

အပူးအယှဉ် များကို လေ့လာ မှတ်သား ထားနိုင်ခဲ့ကြသလို သောကြာဂြိုဟ်က-ကမ္ဘာနှင့် အနီးဆုံး Inferior Conjunction ကမ္ဘာနှင့် နေအကြား ပူးယှဉ်ပြီး နောက်နေ့ နေအထွက် နံနက်ခင်းနှင့် ထိုနေ့ တစ်နေ့လုံးကို ပိုပြီးကြောက်တတ် ကြပြီး ဒီလိုနေ့မှာ လူတွေ ဒုက္ခ ပိုရောက်တတ်တယ်။ သဘာဝဘေး အန္တရာယ်များ၊ စစ်မက် အင်္ဂါရပ်များလည်း ဖြစ်ပွား တတ်တယ်လို့ ယုံကြည် ထားခဲ့ကြပါသည်။ 

နောက် မာယန်တို့ဟာ လကို လေ့လာကြရာ မှာလည်း လဟာ ကမ္ဘာကို တစ်ပတ် ပတ်မိဖို့ နွေရာသီမှာ ရက်ပေါင်း ၂၉ ရက်ကြာတတ်ပြီး ကျန်ရာသီ တွေမှာတော့ ရက်ပေါင်း ၃၀ ကြာတတ်တာကို သူတို့ တွက် ချက် ထားကြရာမှာ ယနေ့ NASA ၏ တွက်ရိုး ၂၉.၅ ရက်နှင့် ဆိုပါက ထပ်တူထပ်မျှ ရှိနေသည်ဟု ဆိုနိုင်ပေ သည်။ 

သည် မာယန် တို့ခေတ်၌ အာကာ သကြည့် မှန်ပြောင်းပင် မပေါ် သေးမီ ကတည်းက ခေတ်နှင့် မတန် မယုံကြည်နိုင်လောက်အောင် အာကာသနှင့် ပတ်သက်သော တွက်ရိုးများနှင့် စူးစမ်းလေ့ လာသမှု များက ရှိနေခဲ့ပြီး နေကြတ်-လကြတ်ခြင်း များကိုပင် နှစ် ရာနှင့်ချီလို့ ကြိုတွက် ထားနိုင်ခဲ့ကြသလို ဤနေစကြဝဠာ အပြင် Milky Way နဂါး ငွေ့တန်းကဲ့သို့သော

အလင်းနှစ် ထောင်ပေါင်းများစွာ ဝေးကွာလှ သော စကြဝဠာတိုင်း လေ့လာတွက်ချက် ထားတာ များကိုလည်း အံ့မခန်းနိုင် လောက်အောင် တွေ့ရှိနေရပြီး သူတို့ခေတ်မှာ ဆောက် လုပ်ထားခဲ့တဲ့ နန်းတော် ရာများ၊ ဘုရားကျောင်း ပိရမစ်ကြီးများနှင့် ထင်ရှားသော အဆောက်အအုံများကို အာကာသ သင်္ချာဗေဒ များနှင့် အသေအချာ တွက်ချက်ပြီးမှသာ တည်ဆောက် ထားခဲ့ကြတာကို တွေ့နေရသလို များသော အားဖြင့် နန်းတော်ရာနှင့် ပိရမစ်များကို တောင်လတ္တီတွဒ် တွင် တည်ဆောက်လေ့ရှိကြသည်။

ဤသို့ တည်ဆောက်ရခြင်းကလည်း နေသည်တစ်နှစ်မှာ နှစ်ကြိမ် သူတို့၏ မွန်းတည့်မျဉ်းများအပေါ် ဖြတ်သန်း တာကို သိရှိထား၍ နန်းတော်ရာ များအပေါ် နေမင်းကိုဖြတ်သန်း စေခြင်းဖြင့် နေမင်း၏ စွမ်းပ ကား ကြောင့် မင်း၏ ဘုန်းကံတန်ခိုး ကြီးမြင့်စေရန် ရည်ရွယ်ခဲ့ကြခြင်း၊ နေထွက်ရောင်ခြည်ကို နန်းတော် ရာနှင့် ပိရမစ်များပေါ်သို့ အား ကောင်းစွာ ရရှိရေးကို လိုလားခဲ့ကြခြင်း ကြောင့်ပင် ဖြစ်ပေသည်။ 

သည်သို့ ဆိုလျှင် မာယန်တို့က နှစ်ထောင်နဲ့ချီ ကာလကတည်း က လတ္တီတွဒ်မျဉ်းများက ရှိနေတာမို့ သူတို့ သူတို့ခေတ်၏ အာကာသ သိပ္ပံ၏အဆင့်ကို ဘယ်လိုမှ လျှော့တွက်၍ မရနိုင်တော့သလို မာယန် တို့က သာမန် အာကာသ သိပ္ပံမျိုးမဟုတ်ဘဲ ဖြစ်ခြင်းပျက်ခြင်း၏ အချိန်အကူးအပြောင်း (Timeline Transition) များကို ရှာဖွေ ထားခဲ့တာမို့ သူရိယ နေမင်းတို့၏ သက်တမ်းနှင့် နေကြတ် လကြတ် ခြင်းများ တင်မကဘဲ Milkey Way နဂါးငွေ့တန်း၏ အလယ်ဗဟို အီကွေတာနှင့် သူရိယနေမင်း တစ်တန်းတည်း ကျရောက်မည့် နေ့ ရက် လ-ခုနှစ်ကိုပင် အတိအကျ တွက်ချက် ထားနိုင်ခဲ့ကြပေသည်။

သို့ဖြစ်၍ မာယန်တို့က ကမ္ဘာပျက်ကိန်းကို အဟောထုတ်ကြရာဝယ် သာမန် ဗေဒင်တွက်ရိုး ဗေဒင်နှင့် တွက်ချက် အဟောထုတ်ခဲ့ကြတာ မဟုတ်ဘဲ Astronomy အာကာသ တွက်ရိုးတို့ဖြင့် ဖြစ်ခြင်းပျက်ခြင်းတို့ ၏ Timeline များကို တွက်ချက် ရှာဖွေခဲ့ကြရာဝယ် မာယန်တို့ ကျွန်ုပ်တို့ နေ၏ သက်တမ်းကို ရှာဖွေခဲ့ကြ ရာမှာ ဒီအရင် နေမင်း လေးလုံး ပျက်သုဉ်း သွားခဲ့ကြပြီးဖြစ်သလို လက်ရှိနေမင်းမှာ ပဉ္စမ မြောက် နေမင်းဖြစ်ကြောင်းနှင့် ဤနေမင်း၏ သက်တမ်းမှာ လာမည့် December 21, 2012 သောကြာနေ့တွင် ကုန်ဆုံး သွားရတော့ မည်။ နေမင်းသည် တစ်စစီပေါက်ကွဲ ပျက်စီးသွားမည် ဖြစ်ကြောင်းကို တွက်ချက်၍ ဤမည်သော ကမ္ဘာပျက်ဟောကိန်း ကို ထုတ်ထားခဲ့ကြ ခြင်းပင်ဖြစ်ပေသည်။ 

နေမင်း သက်တမ်း ကုန်ဆုံးသွားမည့် အချိန်ကိုတော့ Milkey Way နဂါးငွေ့တန်း၏ အီကွေတာ အလယ် ဗဟိုအ မှတ်နှင့် ကျွန်ုပ်တို့၏ သူရိယနေမင်းတို့ တစ်တန်းတည်း ကျရောက်သွားမည့်ွှTransit နေ့ရက် အချိန် ကို တွက်ချက် စံထားခဲ့ကြဟန် ရှိနေပါသည်။

မာယန်တို့ ၏ ဟောကိန်းအတိုင်း ကမ္ဘာ မပျက်နိုင်ဟု ယူဆနိုင်ပါသော်လည်း မာယန်ပြက္ခဒိန် ကြောင့်ပင် ယနေ့ NASA နှင့် အာကာသ သိပ္ပံပညာ ရှင်တို့က ကမ္ဘာကြီးသို့ ကျရောက်လာနေသော ရာသီဥတု ဖောက်ပြန်မှု များနှင့် သဘာဝ ဘေးရန်များကို ပိုမို စိတ်ဝင်စားလာခဲ့ကြရပြီး မာယန် တို့တွက်ချက် ထားသော Galactic Transit က နှစ်သန်းပေါင်း ၆၄ သန်း မှာမှ တစ်ကြိမ်ကြုံတွေ့ ရနိုင်ပြီး

၂၀၁၂- ၂၀၁၃ မှာတော့ ကမ္ဘာပေါ်ရှိ (Satellite) ဂြိုဟ်တုဆက်သွယ်ရေး ယန္တရားများနှင့် အင်တာနက်များ၊ ဆဲလ်ဖုံးများ စသည့် ကမ္ဘာ့ဆက်သွယ်ရေး ယန္တရားကြီး တစ်ခုလုံးသို့ အနှောင့်အယှက် များစွာ ဖြစ်လာနိုင် သည် ဟု ဆိုလာကြပြန် ပါသည်။ 

သို့ဖြစ်၍ အထက်ဖော်ပြခဲ့ပါ အတိုင်း သတ္တဝါတို့၏ အကြောင်း တရားတို့က သန်းပေါင်း ခုနစ်ထောင်တို့ အတွက် တစ်သားတည်း မကျနိုင်သလို ဘုရား သာသနာ ၅၀၀၀ ပင် မကုန်ဆုံး သေးတာမို့ ဘုရားသာသနာ တည်နေသရွေ့ ကမ္ဘာကြီး လုံးဝ ပျက်သွားနိုင်စရာ အကြောင်းမရှိနိုင်သေးပေ။ သို့သော် မာယန် တို့က သူရိယ နေမင်းကြီး သက်တမ်းက ပေါက် ကွဲလို့ ပျက်သုဉ်းသွားမည် ဆိုသလို NASA က နေ၏ပေါက် ကွဲမှု တွေက ၁၁နှစ်တစ်ကြိမ် ပိုမို အားကြီးလာမည်။

နေမှာ အားကောင်း သော ပေါက်ကွဲမှုကြောင့် နေမှာ သံလိုက် မုန်တိုင်းတို့က ကမ္ဘာကြီး ၏ သံလိုက်ဝင် ရိုးစွန်း ဒေသများသို့ ကျရောက် လာခြင်းဖြင့် ကမ္ဘာ မြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန် မှုတို့ ကို ပိုမိုဖြစ် ပေါ်လာစေနိုင်သည် ဟု ဆိုထား ကြရာဝယ် ယနေ့ Solar Cycle 24 သို့ရောက်ရှိနေပြီး ဖြစ်တာ မို့ ၂၀၁၂-၂၀၁၃ တွင် သဘာဝ ဘေးရန်နှင့် ရာသီဥတု ဖောက်ပြန်မှုတို့က ပိုမိုအားကောင်း လာဖွယ် ရှိနေလိမ့်မည် ဟု မှတ်ချက် ပေးထားကြသလို တစ်ခါ နက္ခတ်ဗေဒင် Astrological Science Throry အရကတော့ Sidereal System နိယနစနစ်၏ အာယန ဒီဂရီ မြင့်လာလေလေ ကမ္ဘာမြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှု အားကြီးလေ ဖြစ်မည်ဟု ဆိုထားရာ ယနေ့ ၂၀၁၂ တွင် နိယန စနစ်၏ အာယန အံသာ ဒီဂရီမှာ ၂၄ ဒီဂရီ ရှိနေပြီးဖြစ်သည်။


သို့ဖြစ်၍ ကမ္ဘာ မပျက်နိုင်ပေမယ့် ကမ္ဘာမြေကြီး ပေါ်ဝယ် ရှေ့လျှောက် တစ်မူ ထူးခြားသော သဘာဝ ဘေးရန် များနှင့် ရာသီဥတု ဖောက်ပြန်မှုတွေကတော့ ဧကန်ရှိလာ နေမှာဖြစ်သည်။ 

အာယန ဒီဂရီ တစ်ဒီဂရီကို ၇၂ နှစ် ကြာတတ်တာမို့ လာမည့် ၃၅ နှစ်အတွင်း အာယန ဒီဂရီ ၂၅ ဒီဂရီ မပြည့်ခင် မှာပင် ကမ္ဘာကြီး ၏ External – Internal Element တွေ ပြောင်းလဲလာမှာ ဖြစ်သလို ရေကြောမြေကြော များ စတင်ရွေ့လျား ပြောင်းလဲ လာနိုင်ပါသည်။

သို့ဖြစ်၍ ဤကမ္ဘာမြေ ပေါ်သို့ တစ်မူထူးခြားလို့ ကျရောက် လာနိုင်သော သဘာဝ ဘေးရန်များနှင့် ရာသီ ဥတု ဖောက်ပြန်မှု များကိုကြိုတင် ကာကွယ်နိုင် သော နည်းလမ်းများ ကိုရှာ၍ ကြိုတင်ပြင်ဆင်မှု စီမံကိန်း များ ကိုတော့ ရေးဆွဲ ထားသင့်ပေသည်။ 

မာယန်တို့ ဟောကိန်းအတိုင်း နေကြီးပဲ ပေါက်ကွဲလို့ဖြစ်စေ Magnetic Pole Reverse သံလိုက်ဝင်ရိုးမှ သံလိုက် လှိုင်းများ လာရာ ဗြောင်းပြန်သွားလို့ ကမ္ဘာကြီး ဗြောင်းဆန်လို့ ပျက်သုဉ်း သွားတာမျိုးက လူသား တို့၏ ဘဝကို တစ်ကြိမ်ပဲ သေကျေပျက်စီး သွားစေနိုင်ပါ သည်။

သို့သော် တိုင်းပြည်၌ အမျိုးသားချင်း အာဃာတမီးတွေ လောင်ကျွမ်း နေခြင်းက တစ်မျိုးသားလုံးကို အရှင်လတ် လတ်သေ သွား စေနိုင်ပြီး နောက်ဆုံး ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်ကိန်းသို့ပင် ဧကန်ဆိုက်ရောက် သွားစေနိုင်ပါသည်။



From: The Voice Weekly

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်