Monday, December 17, 2012

ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ်တစ်သိန်းခွဲဖြင့်ရာင်းချမှုများရှိ

Posted by drmyochit Monday, December 17, 2012, under | No comments



ကျပ်နှစ်သိန်းတန်ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ် တစ်သိန်း ခွဲဖြင့်ရောင်း ချခြင်းများ ရှိကြောင်း ဈေး ကွက် အတွင်းမှ စုံစမ်းသိ ရှိရသည်။ယင်းသို့ရောင်းချရာတွင် မိမိအမည်ပေါက်မဖြစ်ဘဲ ဖုန်းစာချုပ် တွင်အခြား သူအ မည်ဖြင့် ရှိနေမည်ဖြစ်သော်လည်း ၎င်း၏ မှတ်ပုံတင် မိတ္တူပါ ပူးတွဲ ပါဝင်ပြီး လိုအပ်သော ကိစ္စ များ ကို ဆောင် ရွက် နိုင်မည်ဟု သိရသည်။

''လှည်းတန်းကဆိုင်တစ်ဆိုင်မှာဂျီအက်စ်အမ်ဆင်းကတ်တွေကိုကျပ်တစ်သိန်းခွဲနဲ့ရောင်းတယ်။ အဲဒီ ဆိုင်က ဟန်းဆက် ကိုဝယ်မှကျပ်တစ်သိန်းခွဲနဲ့ဝယ်နိုင်ပြီး ဟန်းဆက်မဝယ်ရင်တော့ ကျပ် ၁၆ဝဝဝဝ ပါ။ WCDMA ဆင်းကတ်တွေကိုတော့ကျပ်နှစ်သိန်းခွဲနဲ့ပဲ ရောင်းတယ်။ ကိုယ့်အမည်ပေါက်မဖြစ်တာကလွဲရင် မှတ်ပုံတင် မိတ္တူပါလာလို့ အင်တာနက်လျှောက်ချင်တာပဲဖြစ်ဖြစ်လုပ်ဆောင်လို့ရနိုင်တယ်လို့ပြောပါ တယ်။ နံပါတ်ကတော့ ၄၂ဝ နဲ့စပြီး ရန်ကုန် နံပါတ်လို့ ဆိုပါတယ်''ဟု ဂျီအက်စ်အမ် ဆင်းကတ် စုံစမ်း ဝယ်ယူ ခဲ့သူ တစ်ဦး ကပြောပြသည်။

''ဒီရက်ပိုင်းမှာ ဆင်းကတ်ဝယ်လိုအားကခပ်ပါးပါးပဲ။ ပုံမှန်ရောင်းဈေးကတော့ ကျပ် ၂ဝ၅ဝဝဝ၊ ကျပ် ၂၁ဝဝဝဝ နဲ့ရောင်း ကြပါတယ်။ လုံးဝမရောင်းရတာမျိုးတော့မဟုတ်ဘူး။ အရင်က ထက်စာရင်တော့ သိသိသာသာ ပါးတယ်။ အရင်တစ်ရက်ကိုသုံးကတ်လောက်ရောင်းရတယ်ဆိုရင် အခုက တစ်ပတ်ကိုမှ သုံးကတ်လောက် ရောင်းရ တာမျိုးပါ''ဟု ဝ၉ Mobile မှတာဝန် ရှိသူက လက်ရှိဈေး ကွက် အခြေအနေ ကိုပြောပြ ခဲ့သည်။

မိုဘိုင်းဟန်းဆက်ဈေးရောင်းပွဲတစ်ခုမြင်ကွင်း

၂ဝ၁၃ နှစ် ဆန်းပိုင်းတွင် ယခု ဈေးနှုန်းထက် လျော့နည်းသော ဆင်းကတ် များကို ရောင်းချ ပေးနိုင်ရန် စီစဉ်မှုများ ရှိနေပြီး ကျပ် တစ်သိန်းခွဲ အောက်ထိ လျော့နည်း နိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှတာဝန်ရှိ သူများက ပြောကြားထားခဲ့သည်။ 

နေမျိုးထွန်း

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်