Monday, December 17, 2012

ဇန်န၀ါရီလ ၁ ရက်နေ့ မှစပြီးယခင်အတိုင်း မိနစ်အလိုက်ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက်ကောက် ခံမည်

Posted by drmyochit Monday, December 17, 2012, under | No comments

ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို Data စနစ်ဖြင့် ပြောင်း လဲကောက် ခံတော့မည် မဟုတ်ဘဲ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့် စနစ်ဖြင့်သာ ဆက် လက်ကောက် ခံသွားမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး၊ အင်ဂျင်နီ ယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ၁၅ ရက် နေ့တွင် ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများအား အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက် ခံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလကုန်ပိုင်းတွင် ကြေညာခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Data စနစ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ် ခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ပင်၎င်းအစီအစဉ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့ သို့ ရွှေဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခုနောက် ဆုံးထုတ်ပြန်ချက်များအရ ၎င်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်ရန် မရှိတော့ကြောင်း၊ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာ ဆက်လက်ကောက် ခံသွား မည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အရင်ကြေညာထားတဲ့ အစီအစဉ်က Cancel ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက် နေ့မှာလည်း အရင် အတိုင်းမိနစ်အလိုက် ဆက်လက်ကောက်ခံသွားမှာပါ။ တစ်မိနစ်ကို ၂ ကျပ်၊၄ ကျပ်နှုန်းနဲ့ပဲ ဆက်ကောက် သွားမှာပါ။ သုံးစွဲသူတွေ အဆင်ပြေစေမယ့် အကောင်းဆုံးနည်းကို ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု ဦးဌေးဝင်းကဆိုသည်။

မိုဘိုင်း ဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံလျက်ရှိသည့် ယခုနှုန်းထားအတိုင်း ဆက်လက်ကောက် ခံမည်ဆိုပါကEDGE စနစ်တွင် တစ် မိနစ်နှစ်ကျပ်၊ 3G စနစ်တွင် တစ်မိနစ်လေး ကျပ်ဖြင့်ပင် နဂိုအတိုင်း ရှိနေမည်ဖြစ်သည်။

Eleven Media Group

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်