Monday, December 17, 2012

နယ်စပ်ဒေသများတွင်မူးယစ်ဆေးဝါးများအလွယ် တကူဝယ်ယူရရှိနေ

Posted by drmyochit Monday, December 17, 2012, under | No comments


မြန်မာနိုင်ငံနယ်စပ်ဒေသ များတွင်မူး ယစ်ဆေးဝါးများအလွယ်တကူဝယ်ယူရရှိနေခြင်းကြောင့် လူငယ်များ 
ပျက်စီးနေကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ကိုမင်းမင်းလတ်မှ တမူးမြို့တွင် မူးယစ်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိနေခြင်းအား၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၂ရက်က ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင် ပြုလုပ်ခဲ့သော မြန်မာယုတ်ဒ်ဖိုရမ်၌ပြောကြားရာတွင် ““ကျွန်တော် တို့တ မူးမြို့လေးဟာ အိန်္ဒိယနဲ့မြန်မာနယ်စပ်မြို့ကလေး တစ်ခုဖြစ်ပါတယ်။

အဲမှာ နယ်စပ် ဒေသနဲ့ပတ်သက်လို့ တော်တော် များများ သတင်းတွေ၊ဂျာနယ်တွေ မှာ ဖတ်ရတာ နယ်စပ်ခြံ စည်းရိုး မလုံခြုံဘူး ဘာညာပြောကြတယ်။ ခြံစည်းရိုးမလုံခြုံဘူးဆိုတာထက် ဘာခြံစည်း ရိုးမှ လည်း မရှိဘူး။ ဘာခြုံတောမှလည်းမရှိဘူး။

ဟို ဘက်နဲ့ဒီဘက် ၂၄ နာရီဝင်ထွက် သွားလာလို့ရတယ်။အဲမှာဘာတွေဲဖြစ်နေလဲဆိုတော့ အိန်္ဒိယရဲ့နယ် စွန်နယ်ဖျား အဲမှာ မနီပိုမြို့ဆိုရင် ကချင်ပြည်နယ်လိုပဲ ကသဲသူပုန် တွေသောင်း ကျန်းနေတယ်။

အဲ အခါမှာ သူပုန်တွေသောင်းကျန်း ရင်ဖြစ်တတ်တဲ့အတိုင်း မူးယစ် ဆေးဝါးဆိုတာ လူတွေရဲ့စား သောက် ကုန် လိုပဲပေါ့။မူးယစ်ဆေး ၀ါးသုံးစွဲတဲ့အခန်းတွေဆိုတာလည်း အများကြီးရှိတယ်။

နှစ်ထပ်အိမ် တွေဆိုတာလည်း အများကြီးရှိ တယ်။ အဲဒီလိုဖြစ်တဲ့အတွက် လူ ငယ်တွေက ဒီလိုနေရာမျိုးမှာ သွားရောက်သုံးစွဲတယ်။

ပြန်လာတယ်။ဘယ်သူမှလည်း ဖမ်းလို့မရ ဘူး။ မြန်မာပြည်ထဲမှာ သုံးစွဲတာ မဟုတ်တာ””ဟု အထက်ပါ ပုဂ်္ဂိုလ် မှ ဆက်လက်ပြောကြားသည်။

““မြန်မာနိုင်ငံမှာ တစ်ခါမှမ ကြုံဖူးတဲ့ကိစ္စတစ်ခုကိုပြောပြချင် ပါတယ်။အဲဒီမှာ နံပတ်ဖိုးကို ၅၀၀ ဖိုးဝယ်လို့ရ ပါတယ်။ မြန်မာကျပ် ငွေငါးရာပါ။ဒါဟာ ဘယ်နိုင်ငံမှာ မှမရှိပါဘူး။

ကျွန်တော်တို့မြို့မှာ အခြေခံလူတန်းစားသာမန်ကလေး တစ်ယောက်ကမုန့်ဖိုး ၅၀၀ရတယ်။ အိန်္ဒိယနယ် စပ်ကိုသွားတယ်တဲ့ အဲ ၅၀၀ဖိုး အားလုံးကို နံပတ်ဖိုးထိုးပါတယ်။

ဘယ်လောက်ထိ အောင်လုံခြုံစိတ်ချရမှုရှိလဲဆို တော့ နှစ်ထပ်အိမ်တွေအများကြီး ရှိတယ်။အေးအေးဆေးဆေးထိုး လို့ရတယ် ဖမ်းမယ် လူမရှိဘူး။ ဘာနယ်စပ်စစ်ဆေးမှုမှလည်းမရှိ ဘူး။ သွား လိုက်ပြန် လိုက် လုပ်ရုံပဲ။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ မူးယစ်ဆေးဝါးဆိုတာ သာမန်ပဲကြီးလှော် စားနေ သလိုပဲ လိုအပ် တဲ့ အချိန်သွားသွားပြီးလုပ်နေကျ တယ်။

လူငယ် ၁၀၀ရာခိုင်နှုန်း မှာ ၈၀ရာခိုင်နှုန်းက မူးယစ်ဆေး ၀ါးဆိုတာကို ချစ်စရာလိုသုံးစွဲနေ ကြတယ်။ဒီလို သုံးစွဲနေ တဲ့အတွက် လူငယ်တွေဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ နယ်စပ်ဒေသ တစ်ခုဖြစ် သည့်အ တွက် တရားမ၀င် မှောင်ခိုမှုတွေကလည်း အများကြီး ပဲ။

ဒါကိုဘယ်ပြောရမလဲဆိုတော့ တရားဥပဒေစိုးမိုးမှုမဏ္ဍိုင်က ချိန် ခွင်လျှယမညီမျှတဲ့အတွက် ဒီမှောင် ခိုမှုတွေကို ပပျောက်အောင် မလုပ် နိုင်ဘူး။ဒီလို မူးယစ်ဆေးဝါးကို လွယ်လွယ်ရတဲ့အတွက် မိမိသုံးစွဲ ပြီးရင် အခြားလူကို ဆွယ်မယ် ““သူ ငယ်ချင်းရေ မင်းလာခဲ့””သူ့မှာ ၂၀၀၀ရှိရင် မသုံးစွဲချင်တဲ့လူကို ခေါ်သွားမယ်။သူ၁၅၀၀ဖိုးသုံးစွဲ ရင် ကိုယ်၅၀၀ဖိုးသုံးစွဲလို့ရသွား ပြီ။ဒီလိုနည်းနဲ့လူငယ်တွေအများ ကြီးပျက်စီးနေတယ်””ဟု ပြော ကြားခဲ့သည်။


Hot News Weekly 


ဖြိုးအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်