Monday, December 17, 2012

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ချောင်းရေကြောင့်သေဆုံး

Posted by drmyochit Monday, December 17, 2012, under | No comments




လက်ပံတောင်းတောင် ကြေး နီစီမံကိန်း ဧရိယာ အတွင်း တွင်ရှိ နေသော ရွာများရှိ ချောင်းရေ များတွင်
အဆိပ် သင့်နေသော ကြောင့်ထိုရေများကို သောက်မိ သည့်နွားများမှာ သေဆုံးသွား  ကြောင်း၊ မိုးကြိုးပြင် ကျေး ရွာမှ နွား ပိုင်ရှင်များက ပြောဆိုနေကြသည်။


““နွားတွေသောက်မိလို့ သေ သွားတာတော်သေးတယ်။ လူတွေ များသောက်မိရင်မလွယ်၊အရင် တုန်းက တော့ အဲဒီချောင်းရေ တွေကို ရွာသူ/ရွာသားတွေ သောက်သုံးကြသေးတယ်။

အဲဒီ နွားတွေသေပြီးနောက်ပိုင်း လူ တွေလည်း မသောက်ရဲကြတော့ ဘူး။အဲဒီချောင်းရေကို သောက်မိ လို့ မသေ ပဲကျန်နေတဲ့နွားတွေ တောင် အခုဆေးကုနေရတယ်””ဟု မိုးကြိုးပြင်ကျေးရွာမှ နွားပိုင်ရှင် များက ဆို သည်။

ထိုကဲ့သို့ ချောင်း ရေသောက်မိရင်သေဆုံးသွားသည်  နွားကောင်ရေမှာ(၇)ကောင်ခန့်   ရှိပြီဖြစ်ကြောင်း ရွာသူ/ရွာသား   များက ထပ်မံပြောဆိုသည်။

ကြေးနီစီမံကိန်းဧရိယာ အ တွင်းတွင်ရှိနေသည့် ဆည်တဲကျေး ရွာက ရွာသူ/ရွာသားများကလည်း   ယင်း ချောင်း ရေများ ကိုသောက်မိ သည့်ခွေး၊ဆိတ်စသည့် အိမ်မွေး တိရိစ္ဆာန်များလည်း မကြာခဏ  သေဆုံး နေကြောင်း ယခင်က ထို ကဲ့သို့ဖြစ်ရပ်များမရှိခဲ့သော်လည်း   ဦးပိုင်/၀မ်ပေါင်လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း လုပ်ကိုင်နေ   သည်မှစ၍ ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ကြောင်း ရွာသူ/ ရွာသားများက ပြောဆို နေကြ သည်။

အဆိုပါ ကြေးနီစီမံကိန်းဧရိ ယာအတွင်းရှိ ဆည်တဲ၊မိုးကြိုးပြင်  တုံရွာမှရွာသူ/ရွာသားများပြောဆို  ချက်များ အရ မြန်မာ၊၀မ်ပေါင် ကော်ပါးလီမိတက် လုပ်ငန်းခွင် အတွင်းသို့ ၀င်ရောက်လေ့လာ ကြည့်ရာတွင် ရွာသူ/ရွာသားများ ပြောဆိုနေသည့် ချောင်းများမှာ ကြေးနီစီမံကိန်းရှိ စွန့်ပစ်ရေများ  စီးဝင်နေသည်ဟု ယူဆပြီး(ဓာတ် ခွဲစမ်းသပ်လျှင် အဖြေထွက်နိုင်  သည်)

စီမံကိန်းမှစွန့်ပစ်ပစ္စည်းနှင့် ရေများထည့်သွင်းရန်အတွက် မြေကြီးများကို တွင်းနက်ကြီးများ  တူးဖော်ထား သည် ကို တွေ့ရှိခဲ့ရ ပါသည်။

Hot News Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်