Monday, December 17, 2012

အစိုးရရဲ့ ဆောင်ရွက်မှု သံဃာတွေ စောင့်ကြည့်သွားမည်

Posted by drmyochit Monday, December 17, 2012, under | No comments

မန္တလေးမြို့က ဂဠုန်နီ ဆရာတော်ရဲ့ ငွေငါး ကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပန်းတောင်း တောင် သပိတ် စခန်း အကြမ်းဖက်ဖြိုခွဲမှု အတွင်း ဒဏ်ရာရ သံဃာတော်တွေကို အစိုးရက ၀န်ချတောင်း ပန်တဲ့ ပွဲနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဦးဆောင် သံဃာတော်တွေ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး၊ သံဃာထုရဲ့ တောင်းဆိုထားချက် အားလုံးကို အာဏာပိုင်တွေဘက်က ဖြည့်ဆည်း ဆောင်ရွက်ပေး မှု ရှိ၊ မရှိ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့တောင်းဆိုချက်(၃)ချက်ထဲက ပထမဆုံး အချက် ကိုပဲလိုက်လျောမှုရသေးတာဖြစ်ကြောင်း၊ကျန်နှစ်ချက်ဖြစ်တဲ့ သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးရေးနဲ့ လက်ပန်တောင်းတောင်အရေးကြောင့် ဖမ်းဆီခံရသူတွေ ကိုခြွင်း ချက် မရှိ လွှတ်ပေးရေး စတဲ့တောင်ဆိုချက်တွေအပေါ် စုံစမ်းရေးကော်မရှင်ရဲ့လုပ်ဆောင်ချက်နဲ့ အာဏာ ပိုင်တွေ ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သံဃာတော်တွေ ဆွေးနွေး ခဲ့ကြ ပါတယ်။ 

ဒါ့အပြင် သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာ ၀န်းရံ လိုက်ပါ ခဲ့လို့ အဖမ်းခံရသူ(၄)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ ကိုလည်း သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ သတင်းစာ ရှင်းလင်းပွဲကို ဂဠုန်နီ ဆရာတော် ဦးကာဝိယ ဘ၀ အလင်း ဆရာတော်တွေဖြစ် တဲ့ ဦးသော ဘိတ၊ ဦးဥတ္တမသာရ အပါအ၀င်ဦးဆောင်ဆရာတော်(၁၂)ပါး၊ အထက် ဗမာပြည် ဗကသ များ အဖွဲ့ချုပ် အဖွဲ့ဝင်တွေတက်ရောက်ကြပါတယ်။

ဒီသတင်း စာရှင်းလင်းပွဲမှာဘဲ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်က တရားမျှတမှု မရှိတဲ့ပုဒ်မ (၁၈)ကိုပြင်ပေးရေး၊

ဖမ်းဆီးခံထားရတဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့တခြားအဖွဲ့အစည်းတွေက ရဲဘော်တွေ ကိုချက်ခြင်း လွှတ်ပေးရေး၊ တရားမဲ့ဖမ်းဆီးမှုနဲ့ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျူးလွန်ရေး၊ စီတန်းလှည် လည် မှုကြောင့် တရားစွဲ ခံရသူတွေ၊ တိမ်းရှောင်နေသူတွေအပေါ် တရားစွဲထားတာတွေကို အမှုပိတ်သိမ်းပေးရေး အချက်တွေ ပါဝင်တဲ့ သဘောထားကြေငြာချက်ကိုလည်း ဒီကနေ့ ဖြန့်ဝေခဲ့ပါတယ်။

အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်အနေနဲ့ စီတန်းလှည့်လည်မှုဥပဒေ ပုဒ်မ(၁၈)ကို လုံးဝ ဖျက်သိမ်းတဲ့ အထိ ဆက်လက် တိုက်ပွဲဝင် သွားကြမယ် လို့လည်း သိရပါတယ်။

RFA (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်