Monday, December 17, 2012

ဒီမိုကရေစီအမေရိကန်မှ လူ ၂၈ ဦး သေဆုံးသည့် ပစ်ခတ်မှု

Posted by drmyochit Monday, December 17, 2012, under | No comments


အမေရိကန်ပြည်ထောင်စု ကွန်နက်တီကပ်ပြည်နယ် နယူတောင်းရှိ Sandy Hook မူလတန်းကျောင်းတွင် ဒီဇင်ဘာ ၁၄ ရက် (သောကြာနေ့)က အကြမ်းဖက် ရမ်းကားပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မူလတန်းအရွယ် ကလေးငယ် ၂၀ ဦးနှင့် လူကြီး ၆ ဦးသေဆုံးခဲ့ရသည်။

သေနတ်ဖြင့် ရမ်းကား ပစ်ခတ်သူမှာ အသက် ၂၀ နှစ်အရွယ်ရှိ အဒမ်လင်ဇာ အမည်ရှိ လူငယ်တစ် ဦးဖြစ် သည်။ အဒမ်လင်ဇာသည် မူလတန်းကျောင်းတွင် ပစ်ခတ်မှုမကျူးလွန်မီ မိခင်ဖြစ်သူ အသက် ၅၂ နှစ် အရွယ် နန်စီလင်ဇာကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ 

ဒီဇင်ဘာ ၁၄ Sandy Hook အကြမ်းဖက်ပစ်ခတ်မှုတွင် ကျူးလွန်သူ အဒမ်လင်ဇာ၊ ၎င်း၏မိခင် နန်စီလင် ဇာနှင့် မူလတန်းကျောင်းတွင် သေဆုံးသူများ အပါအဝင် စုစုပေါင်း ၂၈ ဦးဖြစ်သည်။

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်