Tuesday, December 04, 2012

ဂျပန်ဥမင်လှိုဏ်ခေါင်းပြိုကျမှု လူ ၉ ဦးသေဆုံး

Posted by drmyochit Tuesday, December 04, 2012, under | No comments


ဂျပန်နိုင်ငံတွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက အဝေးပြေးလမ်းမပေါ်ရှိ ဥမင်လှိုဏ်ခေါင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးကြောင်း သိရသည်။ ဂျပန်နိုင်ငံအနောက်ပိုင်း အဝေးပြေးလမ်းမပေါ်ရှိ ဥမင်လှိုဏ်ခေါင်း တစ်ခု၏ မျက်နှာကြက်မှ ကွန်ကရစ်များ ကားလမ်းပေါ်သို့ ပြိုကျမှုဖြစ်ပွား ရာ  ဖြတ်သန်းသွားလာနေသည့် ကားသုံးစီးကို ထိခိုက်ခဲ့ပြီး အဆိုပါကားများ အတွင်းရှိ လူ ၉ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ ယာမာနာရှီဒေသရှိ ဆာဆာဂို ဥမင်လှိုဏ်ခေါင်းတွင် အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ကွန်ကရစ် တုံးများ ပြုတ်ကျပြီး ထိမှန်ခံခဲ့ရသည့် ကားသုံးစီးအတွင်းမှ သေဆုံးသူ ၉ ဦး၏ ရုပ်အလောင်း များကို တွေ့ ရှိရကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

ဥမင်လှိုဏ်ခေါင်း မတော်တဆမှုဖြစ်ပွားပြီးနောက် မီးလောင်မှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်