Tuesday, December 04, 2012

ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force

Posted by drmyochit Tuesday, December 04, 2012, under | No comments


ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော် ယာဉ် ပြပွဲ မှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။ တကယ် ထူး ထူးခြားခြား ပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင် ချက်က ဘယ်လို လည်းလို့ အများက စိတ်ဝင် စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကား ကို မောင်းပေး မှာ ဖြစ်ပါ တယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက် မဟုတ် ပဲ ရေငွေ့ များ ဖြစ်မှာ ဖြစ်ပါတယ်။
ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေး ငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင် ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေး မှာ ဖြစ်ပါတယ်။ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝ ပတ်ဝန်း ကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေ ကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေး ထားတာ ဖြစ်ပါတယ်။Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာ မီ နှစ်များအတွင်း ထုတ်လုပ်ရောင်း ချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်