Tuesday, December 04, 2012

လက်ပန်းတောင်းတောင် အကြမ်းမှုနှင့်ပတ်သက်ပြီးမိုးကုတ်မြို့ရှိ သံဃာတော်များ ဆန္ဒဖော်ထုတ်

Posted by drmyochit Tuesday, December 04, 2012, under | No comments


ယနေ့ 3.12.2012ရက်နေ့ မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရား ရင်ပြင်တော်တွင် သံဃာအပါး (၂၇)ပါး တို့မှ နိုဝင်ဘာ၂၉-ရက်ညက ဖြစ်ပွားခဲ့သည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် ငြိမ်းချမ်း စွာ ဆန္ဒဖော် ထုတ်ခဲ့ကြသော သံဃာတော်များ အပေါ် အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ငြိမ်းချမ်း စွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။


မိုးကုတ်မြို့ရှိ သံဃာတော်များ လက်ပန်းတောင်းတောင် အကြမ်းမှုနှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်

ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင် သံဃာတော်များမှ တစ်ပါးဖြစ်သော ရေပူကျောင်း ဆရာတော်က ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာမှ လက်မခံသည့် အကြမ်းဖက်မှုကို ကျူးလွန် ခဲ့ခြင်းအပေါ် ရှုတ်ချ ကန့်ကွက်ကြောင်း ဒီမိုကရေစီ ခရီးလမ်းမှာ အဟန့်အတား ဖြစ်စေမည့် အကြမ်းဖက်မှုကို မပြုလုပ် သင့်ကြောင်း ပြည်သူ့ဆန္ဒကို အလေး ထား သင့်ကြောင်း ပြောကြာသွားသည်။





 

သတင်း-ဓါတ်ပုံ။    ။ ရန်နိုင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်