Tuesday, December 04, 2012

NLD ပါတီ လွှတ်တော်အမတ်တစ်ဦးမှ ဒေသခံပြည်သူပိုင် ဥယျာဉ်ခြံအတွင်း ကျူးကျော်ဝင်ရောက် ပြီးခြိမ်းခြောက်အနိုင်ကျင့်ခဲ့သည့်သတင်း

Posted by drmyochit Tuesday, December 04, 2012, under | No comments


၁။       တနင်္သာရီ တိုင်းဒေသကြီး ၊လောင်းလုံမြို့နယ် ၊ကျောက် ဆင်ကျေးရွာ အုပ်စု၊ သဘော့ ဆိပ်ပြင် ကြီး ကျေး ရွာရှိ ကျောက် ဆင်ကျေးရွာအပိုင် ကွင်းအမှတ်(၁၇၁ A )ရှိ ဥယျာဉ်ခြံမြေများသည် ထားဝယ်ရေ နက်စီမံ ကိန်းကြောင့် ခြံ အရောင်း အ ၀ယ်ဖြစ်မှု များပြား လာကာ ဈေးနှုန်းမြင့်မားလာမှုနှင့်အတူ ခြံမြေပိုင် ဆိုင်မှု အငြင်း ပွားခြင်း များ လည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ၄င်းဥ ယျာဉ်ခြံ မြေများ သည် လွန်ခဲ့သော ၂၀၀၅/၂၀၀၆ ခုနှစ်ခန့် က တည်းက သက်ဆိုင် ရာဌာနများမှ တရားဝင် လခုက် ကိုင် ခွင့်ရရှိခဲ့ပြီး အမှန်တ ကယ်လုပ် ကိုင်ခဲ့သောခြံမြေ များဖြစ်သော်လည်း ကျေးရွာအတွင်းရှိ လူတစ် စူမှ ကျေးရွာ ပိုင်မြေအဖြစ် သတ်မှတ်ပြီး ချဉ်ပေါင် ပင်စိုက် ပျိုးခြင်းမှအစပြု၍ ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိပါသည်။ အငြင်း ပွားမှုအား သက်ဆိုင်ရာဌာနများသို့ ဥပဒေနှင့် အညီ ဆောင် ရွက်ပေးရန်တင်ပြခဲ့သဖြင့် လာရောက် စစ်ဆေးဆောင် ရွက်ဆဲ ဖြစ်ပါသည်။


၂။       သို့သော် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ပြင်ကြီးကျေးရွာ NLD ပါတီရုံးခွဲဖွင့်ပွဲ အခမ်း အနားသို့ လာရောက်သည့် လွှတ်တော်အမတ်တစ်ဦး ခေါင်းဆောင်သော NLD ပါတီဝင်အင် အား ၅၀ ဦးခန့်သည် ၁၁၃၀ နာရီ ခန့်တွင် လောင်းလုံ မြို့နယ်၊ ကျောက်ဆင်ကျေး ရွာအုပ်စု၊ သဘော့ ဆိပ်ပြင် ကြီးကျေး ရွာရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ဥယျာဉ်ခြံမြေအတွင်း ကျူးကျော်ဝင် ရောက်လာပြီး ခြံအတွင်း နေထိုင် သူများအား ``(၂) ရက်အ တွင်း ခြံမှဖယ် ရှားပေး ရမည်၊ မဖယ်ရှား လျှင် ရိုက်ချိုး ဖျက်ဆီး ပစ်မည်´´ဟု အင်အားသုံး ခြိမ်းခြောက်ခြင်း၊ ခြံစည်းရိုး များတွင် NLD ပါတီအလံငယ် များ စိုက်ထူခြင်း တို့အား မင်းမဲ့စရိုက် ဆန်ဆန် ပြုလုပ် ခဲ့ကြပါ သည်။
၃။       ၎င်းလုပ်ရပ်သည် ပြည်သူလူထုမှ ယုံကြည်ကိုးစားခြင်းခံရသော လွှတ်တော် အမတ်တစ်ဦးအ နေဖြင့် ပြည် သူလူထု အပေါ် အင်အားဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခြင်းသာ ဖြစ်သည် ဟု ဒေသခံ ပြည်သူ လူထု အတွင်း ပြော ကြား လျက်ရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်