Tuesday, December 04, 2012

KIO/KIA ဗဟို ဌာနချုပ် မှာပြုလုပ်နေတဲ့ KIA အင်အားဖြည့် တင်းရေး အစည်း အဝေးမှ လျှို့ဝှက်ဆွေးနွေး ချက်များ

Posted by drmyochit Tuesday, December 04, 2012, under | No comments


KIO/KIA ဗဟိုဌာနချုပ်မှာပြုလုပ်နေတဲ့ KIA အင်အား ဖြည့်တင်းရေး အစည်း အဝေးက ပြီးဆုံး သွား ပါပြီ။ အဲဒီမှာ ဆုံးဖြတ်ချက် ကိုအသေးစိတ် မသိရ သေးပေမဲ့ ဆုံးဖြတ်ချက် အချို့ကို တော့သိ လိုက်ရ ပါတယ်။


အဲဒါကတော့ -
ကချင် ပြည်နယ် အတွင်းမှာ နေထိုင်သော လူမျိုး ဘာသာ မရွေး အရွယ် မရွေး တပ်သားသစ် အဖြစ် နည်း မျိုးစုံဖြင့် စုဆောင်းရန်၊ 

ကချင်နိုင်ငံတော်သစ်ဖြစ်ပေါ်လာပါက KIA စစ်မှု ထမ်းများကို အခွင့်အရေးပိုပေးရန်၊

ကချင်မှလွဲသော အခြားလူမျိုးများကို စစ်ပညာသင်ကြားပြီး သည်နှင့် ရှေ့တန်း အကျဆုံးသော နေရာ များတွင်တာ ၀န်ပေးရန်၊

ရခိုင်နှင့် ကုလားများ ကိုသီးခြား တပ်များစုဖွဲ့တာဝန်ပေးရန်၊

 မိန်းမများကိုပါ အရံအင်အားအဖြစ် စစ်ပညာသင် ပြီးလုပ်ရည် ကိုင်ရည် ရှိသူများကို တိုက်ခိုက်ရေးတွင် တာဝန်ပေးရန်၊

ပညာတတ်သော အမျိုးသမီးငယ်များကို သီးခြား ထောက်လှမ်းရေးတပ်ဖွဲ့ပြီး ကချင်ပြည်နယ် မြို့ကြီးများ သာမက မြန်မာပြည်မြို့ကြီးများသို့ပါ စေ လွှတ်ပြီး သတင်းထောက် လှမ်းခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊
လူမှုရေး အသင်းအဖွဲ့များဖြင့် ဆက်သွယ်လှုပ်ရှားရေးတာဝန်ပေးရန်၊ အခြားဒေသတွင်တာဝန်ထမ်းဆောင်သူများကို လစာငွေ ၁၀၀၀၀ိ မဖြစ်မနေပေးရန်၊ ဖားကန့်ဒေသအတွင်းတာဝန်ထမ်းဆောင်သူများကို လစာငွေ ၇၀၀၀၀ အထိချီးမြှင့်ရန်နှင့် ထိုဒေသတွင်တာဝန်ထမ်းဆောင်သူများကို အလှဲ့ကျ လဲလှယ်တာဝန်ပေးရန်၊

 KIA တွင်တပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးသော ကချင်ပြည်သူ့စစ်အဖြစ်တာဝန် ထမ်း ဆောင်ဖူးသော သက်ကြီးရွယ်အိုများကို မြို့ပေါ်ရပ်ကွက်ကျေးရွာများတွင် လူသစ်စုဆောင်းခြင်း နှင့် သတင်းထောက်လှမ်းခြင်း တာဝန်များပေးအပ်နိုင်ရန် ရပ်ကွက် ကျေးရွာမှရပ်မိရပ်ဖ တာဝန်ရှိ သူများ ဖြစ်လာစေရေးပံပပိုးဆောင်ရွက်ရန်၊ 

ထိုသို့ တာဝန်ပေး ရာတွင် မူလတာဝန်ထမ်းဆောင် ဖူးသောနယ်မြေများတွင် မူလတာဝန် ထမ်းဆောင် ဖူးသောရာ ထူးအဆင့် အတိုင်း ပြန်လည်တာဝန် ပေးအပ်ရန်၊

 အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရာတွင်ပင်လုံစာချုပ်ကိုလက်ကိုင်ထားပြီး UNFC နှင့်ချိတ်ဆက်ရွေ့ သီးခြား ကိုယ်ပိုင် လွတ်လပ် ခွင့်တောင်းဆိုရေး အချက်အလက်များပြုစုထားရန်၊ 

ဆွေးနွေးပွဲမအောင်မြင်ပါက ၂၀၁၃ ခုနှစ်အတွင်းကချင်ပြည်နယ်အ၀န်း စစ်ရေးအရှိန်မြှင့်ပြီး နိုင်ငံရေးနှင့် စစ်ရေးတစ်ပြိုင်နက်တည်းဖိအားပေးရန်၊

  အချက်များပါဝင်နေကြောင်းသိရပါတယ်။
 

 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်