Tuesday, December 04, 2012

မဲခေါင်မြစ် တစ်လျှောက်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ကင်းလှည့်ခြင်း

Posted by drmyochit Tuesday, December 04, 2012, under | No comments


၂ဝ၁၁ ခု နှစ်အတွင်း မဲခေါင်မြစ်တွင် တရုတ် သင်္ဘောသား ၁၃ ဦး အသတ် ခံခဲ့ရသည့် တိုက်ခိုက်မှု အပြီး ကုန်သွယ်မှုနှင့် သယ်ယူ ပို့ဆောင်ရေး ပုံမှန်အတိုင်း ပြန်လည် အသက်ဝင်လာ ပြီးနောက် ရွှေတြိဂံ ဒေသ အတွင်းရှိ မဲခေါင်မြစ် တစ်လျှောက်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ကင်းလှည့်ခြင်း အား ဒီဇင်ဘာလ ၂ ရက် နေ့တွင် စတင် ခဲ့ကြောင်း သိရှိရ ပါသည်။ 


အဆိုပါ ကင်းလှည့် ရေယာဉ် ၄ စီးသည် တရုတ်နိုင်ငံ အနောက်တောင်ရှိ ယူရန် စီရင်စု၊ ဂေါင်လီ ဆိပ်ကမ်းမြို့မှ နံနက် ၇ နာရီ ၃ဝ မိနစ် အချိန်တွင် စတင် ခုတ်မောင်း ခဲ့ကြောင်း သိရှိရ ပါသည်။ အဆိုပါ ကင်းလှည့် ယာဉ်သည် ၅ ရက်ကြာ ကင်းလှည့်မည် ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ လမှစ၍ (၇) ကြိမ်မြောက် ကင်းလှည့်ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ အဆိုပါ ကင်းလှည့် အဖွဲ့သည် လာအို နိုင်ငံ၏ အာဏာ အောက်တွင် ရှိသည့် မြစ်၏ အစိတ် အပိုင်းအား ၂ ရက်ကြာ စစ်ဆေးမည် ဖြစ်ပြီး နောက် ၂ ရက်တွင် သင်္ဘောများ၊ ခရီးသည် များ၊ မူးယစ် ဆေးဝါးများ၊ လက်နက်များနှင့် မှောင်ခို ခရီးသည် များအား စစ်ဆေး သွားမည် ဖြစ်ကြောင်း ယူနန် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦး ဖြစ်သည့် Wang Bing ၏ ပြောကြားချက် အရ သိရှိရ ပါသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်