၃၀-၁၁-၂၀၁၂
ရက်နေ့ ၂၂၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၃)ရပ် ကွက်၊ တော်ဝင်
လမ်းရှိ ““ဇူလိုင်မိုး”” တည်းခိုခန်း အနီး လမ်းမပေါ်၌ လူတစ်ဦး ဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သတင်း ရရှိ သဖြင့် ရွှေပြည်သာရဲစန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့
ရာ ရွှေပြည် သာမြို့နယ်၊ (၃)ရပ်ကွက်နေ ဂျပန်ကြီး (ခ)မြင့်သိန်း(၅၄ )နှစ်ဖြစ်ပြီး ဒဏ်ရာများရရှိကာ
လည်ပင်းတွင် ပုဆိုး ကွင်း စွပ်လျက် ပက်လက် လဲကျ သေဆုံးနေ သည်ကို တွေ့ရှိရသည်။

စစ်ဆေးဖော်ထုတ်ချက်
အရ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ ထိပ်နီကုန်းရွာနေ ဇင်မင်းဦး (ခ) ဇင်မောင်
(၂၇)နှစ်က အုတ်နီခဲဖြင့် ထုပြီး လည်ပင်း၌ ပုဆိုးကွင်း စွပ်ကာ ဆိုင်ကယ်ဖြင့်ဆွဲပြီး
သတ်ခဲ့ကြောင်း သိရှိရ သဖြင့် ၁-၁၂-၂၀၁၂ ရက်နေ့ ၀၀၁၅ အချိန် ဇင်မင်းဦး(ခ) ဇင်မောင်
(၂၇)နှစ် အား ရွှေပြည်သာ ရဲစခန်း(ပ)၁၄၃၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိသည်။
ကချင်နေ့စဉ်သတင်းမှ ကူးယူဖော်ပြသည်။
Time in Rangoon

0 comments:
Post a Comment