Sunday, February 10, 2013

အိန္ဒိယနိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား

Posted by drmyochit Sunday, February 10, 2013, under | No comments



အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ရက်သတ္တ ငါးပတ်ကျော်ကတည်းက ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၉၄ ဦး သေဆုံးပြီးဖြစ်ကြောင်း ဖော်ဖော်ဝါရီ ၈ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ ရောဂါဖြစ် ပွားသူ ဦးရေ ၄၅၀ ထက်မနည်း ရှိနေပြီး ရာဂျက်စသန် ပြည်နယ် မြောက်ပိုင်းဒေသ များတွင် အများ ဆုံး တွေ့ရသည်ဟု အိန္ဒိယနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ ရောဂါဖြစ် ပွားခြင်း အကြောင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိသည်။ ရောဂါ ဖြစ်ပွားရ မှုမှာ ဆောင်းရာသီ၏ အပူချိန်လျော့ကျ မှုကြောင့်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်သော H1N1 ဗိုင်းရပ်စ်သည် ၂၀၀၉ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံ၌ စတင်တွေ့ရှိခဲ့ရပြီးနောက် တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ အဆိုပါ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၀၉ ခုနှစ်တွင် ၉၈၁ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၇၆၃ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၇၅ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၄၀၅ ဦး သေဆုံးခဲ့သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၄င်းရောဂါဖြင့် သေဆုံးသူဦးရေ ၂၀၀၀၀၀ ရှိသည်ဟု ဖော်ပြထားသည်။ 

ရာဂျက်စသန်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၂၄၆ ဦးရှိခဲ့ရာ သေဆုံးသူ ၅၄ ဦး ရှိသည်။ မြို့တော် ဒေလီတွင်မူ သုံးဦးထက်မနည်း ရှိသည်ဟု ဆိုသည်။ အဆိုပါ ရောဂါကြောင့် ထိတ်လန့်တုန်လှုပ်ရန် မလိုဘဲ ရောဂါတားဆီးရေး အစီအစဉ်များအတွက် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားကြပါဟု ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်။

 (ဘီဘီစီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်