Sunday, February 10, 2013

အမေရိကန်တွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နိုင်ငံ အရှေ့မြောက် ပိုင်းတွင် ခရီးသွားလာမှုများ

Posted by drmyochit Sunday, February 10, 2013, under | No comments


နယူးယောက် ဖေဖော်ဝါရီ ၉

အမေရိကန် နိုင်ငံ နယူးယောက် မြို့မှ ဘော့စတွန် မြို့သို့ ဦးတည် တိုက်ခတ်လျက် ရှိသော နှင်းမုန်တိုင်း ကြောင့် ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံ၏ အရှေ့မြောက်ပိုင်း လူနေ ထူထပ်ရာ ဒေသ တစ်ဝန်း၌ လေယာဉ် ပျံ၊ မော်တော်ယာဉ်၊ ရထားများ၏ ခရီးစဉ် များကို ရပ်ဆိုင်း ထားရဆဲ ဖြစ်ကြောင်း သိရသည်။


အဆိုပါ မုန်တိုင်းကြောင့် နယူး အင်္ဂလန် ကမ်းရိုးတန်း တစ်လျှောက်တွင် ယခုအချိန် အထိ နှင်းများ ထူထပ် စွာ ကျရောက် နေဆဲဖြဏ်ရာ လူသန်းပေါင်း များစွာသည် လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် ပို့ဆောင် သွားလာ ရေး ခက်ခဲမှု အန္တရာယ် များနှင့် ရင်ဆိုင် ရလျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ ခရီး သွားလာမှု အများဆုံး လေကြောင်းဇုန် တစ်ခု ဖြစ်သည့် နယူးယောက် မြို့တွင် ဖေဖော်ဝါရီ ၈ ရက် ညနေ ပိုင်းက ကောင်းကင်ယံတွင် နှင်းများ ပိတ်ဆို့ နေပြီး တိုက်ခတ်မှုသည် လေကြောင်း ပြေးဆွဲမှု ခရီးစဉ် လမ်းကြောင်းများ ဘက် ဦးတည်လျက် ရှိခြင်းကြောင့် လာဂွာဒီရာ၊ နယူးဝက်စ် လစ်ဘာတီနှင့် ဂျွန် အက်ဖ် ကနေဒီ အပြည်ပြည် ဆိုင်ရာ လေဆိပ် များ၌ လေယာဉ် ခရီးစဉ် ပြေးဆွဲမှု အားလုံးကို ရပ်ဆိုင်း ထားခဲ့ ရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်