Sunday, February 10, 2013

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၁၃)

Posted by drmyochit Sunday, February 10, 2013, under | No comments

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စုံစမ်းစစ်ဆေးရေးကော်မရှင်

သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်

(၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်)

၁။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပဉ္စမအကြိမ်မြောက် စုံညီ အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ ၁၃:၃၀ ချိန်တွင် လွှတ်တော်ဝင်း (အိုင် ၁၂) အဆောင်တွင်ကျင်းပခဲ့ပါသည်။ အစည်း အဝေး တွင် အပြီးသတ်အစီရင်ခံစာ ပြုစုရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ကော် မရှင် ဥက္ကက အပြီးသတ် အစီရင်ခံစာ ရေးဆွဲရာတွင် ကျင့်သုံးရမည့် အခြေခံမူများနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောကြားခဲ့ရာ ထိုအခြေခံမူများပေါ်တွင် အစည်းအဝေး တက်ရောက်လာကြသော ကော်မရှင် အဖွဲ့ဝင် များက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

၂။ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဌမှ ကွင်းဆင်းရန်တာဝန်ပေးချက်အရ ကွင်းဆင်းခဲ့ကြသော ကော်မရှင်အဖွဲ့ဝင်တို့က ဇန်နဝါရီလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ သီတဂူအာယုဒါန ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော သံဃာ (၆) ပါး၏ ကျန်းမာရေးအခြေအနေနှင့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ နာမကျန်းဖြစ်သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သော ကလေးသူငယ် (၄) ဦး တို့၏ ကျန်းမာရေး အခြေအနေတို့နှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များကို ကော်မရှင်သို့ တင်ပြခဲ့ပါသည်။

၃။ ထို့ပြင် ကော်မရှင် အဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၇) ရက်နေ့အထိ ထပ်မံကွင်းဆင်းလေ့လာပြီး သီတဂူအာယုဒါန ဆေးရုံတွင် ဆေးဝါးကုသနေကြသော သံဃာတော်များ၏ ကျန်းမရေး အခြေအနေကိုလည်းကောင်း မုံရွာခရိုင်၊ မံရွာဆေးရုံတွင် အုတ်ကန်ပြိုကျပြီး ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ဆေးကုသခံနေသူ အမျိုးသမီးကြီး၏ ကျန်းမာရေး အခြေအနေကိုလည်းကောင်း ကော်မရှင်သို့ တင်ပြခဲ့ပါသည်။ သီတဂူအာယုဒါနဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသော သံဃာ (၆) ပါးအနက် (၃) ပါးသည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဆေးရုံဆင်းသွားပြီးဖြစ်ကြောင်း လည်း သိရှိရပါသည်။

၎။ ကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၂) ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ရာတွင် ကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် တင်သွင်းရန် သတ်မှတ်ပေးခဲ့ပါသည်။ ထိုတာဝန်ပေးချက်အရ ကော်မရှင်အနေဖြင့် ကြားဖြတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ပြီးဖြစ်ပါသည်။ နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြခဲ့သော ကော်မရှင်၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက် နေ့တွင် ထုန်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၃) တွင်လည်း အဆိုပါ အစီရင်ခံစာသည် ကြားဖြတ်အစီရင်ခံစာသာ ဖြစ်ကြောင်း၊ ထုတ်ပြန်ကြေညာရန် မဟုတ်ကြောင်းဖြင့် ရှင်းလင်းဖော်ပြခဲ့ပါသည်။ ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့်အခါမှသာ အသေးစိတ် အချက်အလက်တို့ကို ထုတ်ပြန် ကြေညာမည်ဖြစ်ပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်