Sunday, February 10, 2013

နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် လယ်ယာမြေဆိုင်ရာ ပြဿနာများနှင့် နိုင်ငံအတွင်း စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်းများကို လက်ဝါးကြီးအုပ်သူများ လက်အတွင်း မကျရောက်ရန် နိုင်ငံတော် သမ္မတထံ တင်ပြမည်

Posted by drmyochit Sunday, February 10, 2013, under | No comments

နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသည့် လယ်ယာမြေ ပြဿနာများအား နိုင်ငံတော်သမ္မတထံ တင်ပြရေး ဆွေးနွေး ပွဲကို တွေ့မြင်ရစဉ်

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေသည့် လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများနှင့် ဆင်းရဲမွဲတေမှု လျော့ချရေး အကောင်အထည် ဖော်ရာတွင် ပြည်သူအားလုံး၏ ၇၀ ရာခိုင်နှုန်း ၀န်းကျင်အထိ ရှိနေသည့် လယ်ယာလုပ်ငန်း ပြဿနာများကို နိုင်ငံတော် သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်က ပြော သည်။

''တောင်သူလယ်သမား အဖွဲ့အစည်းတွေ တင်ပြတာ အသေးစိတ်ဆိုရင် ၁၂ ချက်နီးပါး ရှိတယ်။ သမ္မတကြီးဆီ အမြန်ဆုံးရောက်အောင် တင်ပြပေးပါမယ်'' ဟု ဦးကျော်စိုးလှိုင်က ပြောသည်။

ထိုသို့ နိုင်ငံတော်သမ္မတထံ လယ်ယာမြေ ပြဿနာများကို စနစ်တကျ တင်ပြနိုင်ရန် မြန်မာနိုင်ငံ တစ်ဝန်းရှိ တောင်သူလယ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ တောင်သူလယ်သမားများ လက်တွေ့ရင်ဆိုင်နေရသည့် အခက်အခဲများအား ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။''သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကနေတစ်ဆင့် နိုင်ငံတော် သမ္မတကြီးဆီကို တိုက်ရိုက် တင်ပြပေးမှာပါ'' ဟု ဦးကျော်စိုးလှိုင်က ပြောသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ တောင်သူလယ်သမားများ အဓိက ကြုံတွေ့နေရသော အခက်အခဲများဖြစ်သည့် တပ်မတော် မှ လယ်သိမ်းခြင်း၊ နိုင်ငံတော် စီမံကိန်းအရ လယ်မြေသိမ်းခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ လယ်မြေ သိမ်းခြင်း စသည့်ပြဿနာများတွင် အမှန်တကယ် သိမ်းဆည်းရမည့် ဧကထက် အဆပေါင်း များစွာ သိမ်းဆည်းခြင်း၊ သိမ်းဆည်းလိုက်သည့် မြေအတွက် ပြန်လည်အစားပေးသည့်မြေမှာ စိုက်ပျိုး၍ မရခြင်း၊ လျော်ကြေးငွေ မရခြင်း စသည့်ပြဿနာများအား အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် မန္တလေးတိုင်း ဒေသကြီးမှ လယ်သမား တာဝန်ခံ ဦးဝင်းနိုင်က ပြောသည်။ 


တောင်သူလယ်သမားများ အနေဖြင့် စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းခြင်း၊ ခေတ်မီ နည်းပညာများ မရှိသဖြင့် စပါးများ စိုထိုင်းဆများ၍ ပျက်စီးခြင်း၊ ဈေးကွက်အတွင်း အမြန်ဆုံး ရောက်ရှိရေး တင်ပို့ရာတွင် လမ်းကောင်းမွန်မှု မရှိသဖြင့် အမှန်တကယ် ရသင့်ငွေထက် ၂၀ ရာခိုင်နှုန်းခန့် နစ်နာနေခြင်း၊ အရန်ဆန်အား နိုင်ငံတော်မှ ဈေးကွက်ပြဿနာ ဖြေရှင်းနိုင်သည်အထိ ၀ယ်ယူရန်၊ ပြည်ပဈေးကွက် တိုးမြှင့်ရှာဖွေပေးရန်၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အမှန်တကယ် နစ်နာမှုများအား မှန်ကန်စွာ ဖြေရှင်းနိုင်ရေး တောင်သူလယ်သမားများ ပါဝင်ခွင့်ပေးရန်၊ တောင်သူလယ်သမားများအတွက် နှစ်ရှည်ချေးငွေ ဖန်တီးပေးနိုင်ရန် စသည့်အချက်များအား . . .

မြန်မာနိုင်ငံအတွင်း တောင်သူလယ်သမား အစည်းအရုံး ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းနေသော်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အရဟု ဆိုကာ ထောက်ခံချက် မပေးသဖြင့် ယခင်စစ်အုပ်ချုပ်ရေး လက်ထက်မှ ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အား အမှီပြု တားဆီးနေမှုအပေါ် ဖြေရှင်းပေးနိုင်ရန် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ အနေဖြင့် စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းခြင်း၊ ခေတ်မီ နည်းပညာများ မရှိသဖြင့် စပါးများ စိုထိုင်းဆများ၍ ပျက်စီးခြင်း၊ ဈေးကွက်အတွင်း အမြန်ဆုံး ရောက်ရှိရေး တင်ပို့ ရာတွင် လမ်းကောင်းမွန်မှု မရှိသဖြင့် အမှန်တကယ် ရသင့်ငွေထက် ၂၀ ရာခိုင်နှုန်းခန့် နစ်နာ နေခြင်း၊ အရန်ဆန်အား နိုင်ငံတော်မှ ဈေးကွက်ပြဿနာ ဖြေရှင်းနိုင်သည်အထိ ၀ယ်ယူရန်၊ ပြည်ပ ဈေးကွက် တိုးမြှင့်ရှာဖွေပေးရန်၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အမှန်တကယ် နစ်နာ မှုများအား မှန်ကန်စွာ ဖြေရှင်းနိုင်ရေး တောင်သူလယ်သမားများ ပါဝင်ခွင့်ပေးရန်၊ တောင်သူ လယ်သမား များအတွက် နှစ်ရှည်ချေးငွေ ဖန်တီးပေးနိုင်ရန် စသည့်အချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြပေးရေး ဆွေးနွေး ခဲ့သည်။ 

''နိုင်ငံတော်သမ္မတ ခွင့်ပြုချက်နဲ့ ဖွဲ့ထားတဲ့ တောင်သူလယ်သမား အသင်းကို လယ်ဆည်ဝန်ကြီးက ခွင့်မပြု ဘူး။ ဒါကို ပြန်တင်ပြမယ်။ နောက်ပြီး လယ်သမားတွေကို အတိုးနဲ့ ငွေချေးတဲ့ ပြဿနာကလည်း နိုင်ငံတ ကာက သိရင် အင်မတန် ရှက်စရာ ကောင်းတယ်။ နားထောင်လို့ကောင်းတဲ့ မူဝါဒတွေချပြီး ဖော်ရှိုး လုပ်နေ တာမျိုး ပြည်တွင်းလည်း မစား၊ ပြည်ပလည်း ဈေးကွက်မသေချာတဲ့ ပုလဲသွယ်ဆန်မျိုးကို စိုက်ခိုင်းတဲ့ မူဝါဒက လည်း ဖြစ်သင့်ရဲ့လား'' ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ မြှင့်တင်ရေးအတွက် စိုက်ပျိုးမြေအဖြစ် ပြောင်းလဲနိုင်သည့် မြေလွတ် မြေရိုင်းဧက ၁၃ ဒသမ ၂၈ သန်းနှင့် တောရိုင်းဧက ၃၇ ဒသမ ၉၂ သန်းအထိ ကျန်ရှိနေကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုချုပ် မြေအသုံးချမှု စာရင်းအရ သိရသည်။

ပြည်ထောင်စုချုပ် မြေအသုံးချမှု စာရင်းအရ လက်ရှိလယ်ယာမြေ စိုက်ပျိုးမြေဧက ၃၀ ဒသမ ၂၅ သန်း၊ ကြိုးဝိုင်းသစ်တော ၄၅ ဒသမ ၀၆ သန်း၊ မြေလွတ်မြေရိုင်းဧက ၁၃ ဒသမ ၂၈ သန်း ၊ တောရိုင်းဧက ၃၇ ဒသမ ၉၂ သန်းနှင့် အခြားမြေများမှာ ၄၀ ဒသမ ၆၇ ဧကသန်းအထိ ရှိနေသည်။ 


Eleven


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်