Sunday, February 10, 2013

Facebook က သူငယ်ချင်းတွေကို နောက်ရအောင်

Posted by drmyochit Sunday, February 10, 2013, under | No comments


အပျင်းပြေပေါ့ ..
Facebook က သူငယ်ချင်းတွေကို အံ့သြသွားအောင်လုပ်နိုင်မယ့် နည်းလေးပါ
ကျွန်တော်တို့ဟာ Facebook မှာ Status တွေရေးကြတယ် ..
ဓာတ်ပုံတွေ Upload တင်ကြတယ် .. 
အဲဒီအခါ .. ကိုယ်အသုံးပြုတဲ့ Device ပေါ်မူတည်ပြီး ကိုယ်တင်လိုက်တဲ့
Status လေး ဒါမှမဟုတ် ဓာတ်ပုံလေးတွေရဲ့ အောက်နားလေးမှာ
Via mobile တို့ mobile upload တို့ .. အဲဒီလိုလေးတွေ ဖော်ပြပေးလေ့ရှိတယ်
ဆိုတာကို Facebook သုံးနေတဲ့သူတွေအနေနဲ့ သိပြီးသားပါ ..

အခုကျွန်တော် မျှဝေပေးမယ့် နည်းကတော့ ..
အဲဒီလို Facebook က Trace လုပ်ပြီး ..ကိုယ့်ရဲ့ Status တွေ ရဲ့အောက်မှ ဖော်ပြပေးတဲ့ စာသားလေးကို
ပြောင်းလဲပစ်မယ့် .. နည်းပါ ..
ဥပမာ .. အောက်က ပုံကို ကြည့်ပါ ...



ဒီပုံထဲမှာတော့ ကျွန်တော်က ကျွန်တော့်ရဲ့ Status ကို ပုလင်းထဲကနေ ( in the bottle ) 
လှမ်းတင်လိုက်တာဖြစ်ကြောင်း Facebook က Trace လုပ်ပေးထားပါတယ် ..
ကဲ .. ဘယ်လိုလုပ်မလဲ ..
လွယ်ပါတယ် .. 


ဒီကို သွားလိုက်ပါ .. 

အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် .. ( Facebook ကို Log In ၀င်မထားရင်တော့
Log In Page တက်လာပါဦးမယ် )


အဲဒီထဲက Select a delivery method ကို နှိပ်လိုက်ရင် .. 
ကိုယ့် Status ကို ဘယ်ကနေပို့တယ်ဆိုတာကို ရွေးစရာတွေ ကျလာပါမယ် ..
ကိုယ်ကြိုက်တဲ့တစ်ခု .. ( အာကာသယာဉ်တို့ .. iphone 5 တို့ .. အများကြီးပါ )
ရွေးပြီး .. ဘေးနားလေးက Update status ဆိုတဲ့ အစိမ်းရောင်လေးကို နှိပ်လိုက်ရင် 
အောက်ကပုံအတိုင်း Status ရေးစရာလေး ပွင့်လာပါမယ် ..


အဲဒီထဲမှာ ကိုယ်ရေးချင်တဲ့ Status ကိုရေးပြီး .. ကို နှိပ်လိုက်ရုံပါပဲ ..
တစ်ကယ်လို့ သူငယ်ချင်းတစ်ယောက်ရဲ့ Timeline ကို ပို့ချင်တယ်ဆိုရင်တော့
Update status ရဲ့ ဘေးက မြှားလေးကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..



အဲဒီထဲက Post to friend's wall ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..




အဲဒီထဲက အကွက်ထဲမှာ ကိုယ်နောက်ချင်တဲ့ သူငယ်ချင်းရဲ့ URL ကို ကော်ပီကူးယူလာခဲ့ပြီး
ထည့်ပေးလိုက်ပါ .. ပြီးရင် Post to friend's wall ကိုနှိပ်ပေးလိုက်ရုံပဲ ..
ကဲ .. Facebook မှာ Pro တစ်ယောက်လို အပျင်းဖြေနိုင်ကြပါစေဗျာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်